ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချနေသည့် သီလ၀ါရှယ်ယာနှင့် ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်းများ စံချိန်တင် တန်ဖိုးကျဆင်းမှု ဖြစ်ပေါ်ေ နပြီး သီလ၀ါရှယ် ရှယ်ယာတစ်စု ကျပ် ၃၉၀၀ နှင့် ပထမပုဂ္ဂ လိကဘဏ် ရှယ်ယာတစ်စု ကျပ် ၂၇၀၀၀ အထိ တန်ဖိုးကျဆင်းမှု ဖြစ်ပေါ်နေကြောင်းေ မ ၁၅ ရက်တွင် ဖြစ်ပေါ်သည့် ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအ ၀ယ် ဖြစ်ပေါ်မှုများမှ သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ စ တင်ကာ ရှယ်ယာအရောင်းအ၀ယ် ပြုလုပ်မှု ခေတ္တရပ်ဆိုင်းပြီး ရှယ်ယာ ခွဲ စိတ်မှုပြုကာ နိုဝင်ဘာ ၄ ရက်မှစတင်၍ ရှယ်ယာတစ်စုလျှင် ကျပ် ၅၁၀၀ ဖြင့် ရန်ကုန်စတော့ အိတ်ချိန်း၌ ပြန်လည်ရောင်းချခဲ့ရာ ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ မြင့်တက်ခဲ့သည်။ ထိုသို့ မြင့်တက်မှုမှ နိုဝင်ဘာ ၁၅ ရက်တွင် ကျပ် ၄၉၀၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၄၅၀၀၊ ဇန်န၀ါရီ ၁၆ ရက်တွင် ကျပ် ၄၄၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျပ် ၄၁၀၀၊ မတ် ၁၅ ရက်တွင် ကျပ် ၄၁၀၀ မှ ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဧပြီ ၃ ရက်တွင် ကျပ် ၄၀၀၀ သို့ေ ရာက်ရှိကာ ကျပ် ၄၃၀၀ နှင့် ကျပ် ၄၀၀၀ အကြား တည်ငြိမ်နေရာမှ မေ ၁၅ ရက်တွင် ကျပ် ၃၉၀၀ သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း အစုရှယ်ယာ ဈေးကွက်တွင် အချို့စီးပွားရေး သမား များက ဈေးကစား၍ အမြတ်ထုတ်နေသည်ကို တွေ့ ရှိရပြီး ပထမပုဂ္ဂလိက ဘဏ်၏ တရားမျှတသည့် ရှယ်ယာဈေးနှုန်းမှာ ကျပ် ၃၉၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ကျဆင်းခဲ့ကြောင်းနှင့် အစုရှယ်ယာရှင်များ မနစ်နာစေရန် ဘဏ်စီမံခန့်ခွဲရေးမှ ရှယ်ယာဈေးနှုန်း တည်ငြိမ်လာစေရေး စနစ်တကျေ ဆာင်ရွက်နေကြောင်း ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့က အစုရှယ် ယာရှင်များသို့ အထူးပန်ကြားလွှာကို ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန် ထားသည်။
ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာ တန်ဖိုးမှာ စတင်ရောင်းချသည့် လေး ရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ဇန်န၀ါရီ ၂၅ ရက်တွင် ရောက်ရှိခဲ့ပြီး ကျပ် ၃၃၅၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ဇန်န၀ါရီ ၂၆ ရက်တွင်လည်း အဖွင့်ဈေးတွင် ကျပ် ၃၂၅၀၀ အထိ ကျဆင်းခဲ့ ကာ အပိတ်ဈေးတွင်ကျပ် ၃၃၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုမှ ဇန် န၀ါရီ ၂၇ ရက်တွင် ကျပ် ၃၃၀၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ပြီးနောက် ဇန် န၀ါရီ ၃၀ ရက် အဖွင့်ဈေးတွင်မူ ရှယ်ယာတစ်စု ကျပ် ၃၁၀၀၀ သို့ ကျဆင်း ခဲ့ပြီး အပိတ်ဈေးတွင် ကျပ် ၃၂၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုသို့ ကျဆင်းနေရာမှ ဇန်န၀ါရီ ၃၁ ရက်တွင် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၃၀၅၀၀ သို့ ရောက်ရှိခဲ့သည်။
ထိုမှ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျပ် ၂၉၅၀၀ သို့ ထပ်မံကျဆင်းခဲ့ပြီး တရား မျှတစွာ သတ်မှတ်ထားသည့် တန်ရာဈေးနှုန်း ကျပ် ၃၉၀၀၀ အောက်သို့ ကျပ် ၉၅၀၀ ကျ ဆင်းလာခဲ့သည်။ ထိုသို့ ရှယ်ယာဈေး တည်ငြိမ်စေရန် လုပ်ေ ဆာင်နေကြောင်း ထုတ်ပြန်ပြီးနောက် ရှယ်ယာတစ်စု ကျပ် ၃၀၀၀၀ နှင့် ၃၂၀၀၀ အကြား တည်ငြိမ်နေရာမှ ဧပြီ ၄ ရက်မှစတင်ကာ ကျပ် ၂၉၅၀၀ သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၄ ရက်တွင် ၂၈၅၀၀ သို့ကျဆင်းခဲ့ ပြီး မေ ၁၁ ရက်တွင် ကျပ် ၂၈၀၀၀ သို့ ဆက်လက်ကျဆင်းရာမှ မေ ၁၅ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၂၇၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများမှာ FMI ရှယ်ယာ တစ်စု ကျပ် ၁၆၀၀၀၊ သီလ၀ါရှယ်ယာတစ်စု ကျပ် ၃၉၀၀၊ မြန်မာနိုင်ငံ သား များဘဏ် ရှယ်ယာတစ်စု ကျပ် ၉၀၀၀၊ ပထမပုဂ္ဂလိကဘဏ် ရှယ်ယာတစ်စု ကျပ် ၂၇၀၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း မေ ၁၅ ရက် စေ တာ့ဈေးကွက် အရောင်းအ၀ယ် ဖြစ်ပေါ်မှုများအရ သိရသည်။
Credit: Eleven Media Group