ယခုနှစ်အတွင်း မြန်မာ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပိုမြင့်တက်လာတယ် လို့ မြန်မာနိုင်ငံ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သိရပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းအရ နိုင်ငံတကာ ရင်းနှီးမြှု ပ်နှံမှုမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုက အဆင့် ငါးနေရာကို ရောက်ရှိနေပြီးေ တာ့ မြန်မာ့ အိမ်ခြံမြေကဏ္ဍကို ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်၊ တောင်ကိုရီး ယား၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေက ဝင်ရောက် ရင်းနှီးမြှုပ်နှံနေကြောင်း သိရပါတယ်။
‘မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြုလုပ်လိုက်တဲ့ အပြောင်းအလဲေ တွကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ အကျိုးသက်ရောက်မှုတွေ များစွာ ရှိလာမှာ ဖြစ်ပါတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥ ပဒေကို ပူးပေါင်းလိုက်တဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ တစ် သားတည်း ပူးပေါင်းလာနိုင်တဲ့အတွက် အကျိုးထူးတွေ ရလာမှာပါ၊ ရင်းနှီြး မှုပ်နှံမှု တိုးတက်လာရင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အိမ်ခြံြေ မ ရောင်းဝယ်ငှားလုပ်ငန်းဟာလဲ မြင့်တက်လာနိုင်ပါတယ်လို့ အိမ်ခြံမြေ ကုမ္မဏီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုက၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၄၁ သန်း ရင်းနှီးမြှုပ်နှံမှု လုပ်လာပါတယ်။ ၂၀၁၅ မှာ ဒေါ်လာသန်း ၈၀ အထိ ရှိပြီး ၂၀၁၆ မှာ ၉၄ သန်းအထိ ရင်းနှီးမြှုပ်နှံမှု ရှိလာတာကို တွေ့ရပါတယ်။ ဒါေ ကြာင့် တဖြည်းဖြည်းနဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဘက်မှာ တိုးတက်လာတာ ကို တွေ့ရပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ အိမ်ခြံမြေက တတိယနေ ရာမှာ တွေ့ရသလို မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် စင်ကာ ပူက လက်ရှိအနေအထားမှာ ပထမဆုံးလို့ ပြောလို့ ရပါတယ်။
CHDB Bank တို့နဲ့ စကားပြောကြည့်တဲ့အခါ မြန်မာပြည်မှာ တကယ်လို အပ်နေတာက အိမ်ခြံမြေဖြစ်ပါတယ်၊ အဓိကက တန်ဖိုးနည်း၊ တန်ဖိုးမျှ၊ အ ဆင့်မြင့်ကွန်ဒိုတွေ ဖြစ်ပါတယ်၊ ဒါ့ပြင် developer အများစုက အကောင် အ ထည်ဖော်တဲ့အခါ local development နဲ့ မပြီးပါဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုကိုလဲ မှီတွယ်ရပါတယ်၊ ဒါကြောင့်မို့ တဖြည်းဖြည်း ရင်းနှီးမြှုပ်နှံမှုတွေဝင် လာတဲ့အခါ အိမ်ခြံမြေဘက်ကို အဓိက ဦးစားပေးလာတာတွေ့ ရပါတယ်လို့ Golden City က Project Sale Director ကိုကျော်စည်သူက ပြောပါတယ်။
Credit: The Kumudra