ဒူဘိုင်းဦးပိုင်အဖွဲ့သည် မာဆာ အယ်လ် အာရပ် အမည်ရှိ ဇိမ်ခံ အပန်းဖြေစခန်း မဟာစီမံကိန်းကြီးတစ်ခု ကို မြေနေရာ အကျယ်အဝန်း စတုရန်းပေ ၄ သန်း ပေါ်တွင် ဆောက်လုပ်ရန် စီစဉ်လျှက်ရှိကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဒူဘိုင်းတွင် ကမ္ဘာ့အဆင့်မီ ကမ္ဘာ့လှည့်ခရီးသွား တည်းခိုလည်ပတ်
ရန်နေရာများ စံချိန်တင်ဆောက်လုပ်လျှက်ရှိသည့် နေရာဖြစ်ရာ
ယခုစီမံကိန်းမှာ တစ်ခုထပ်တိုး ပါဝင်လာမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို အာရပ်စော်ဘွားများပြည်ထောင်စု ဒုတိယသမ္မတ ၊ ဝန်ကြီးချုပ် ၊ ဒူဘိုင်းအကြီးအကဲဖြစ်သူ ရှိတ် မိုဟာမက် ဘင်ရာရှစ်
အယ်လ် မက်ခ် တိုအမ်က စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ကမ်းခြေအလျား ၂ ဒသမ ၂ ကီလိုမီတာ ပါဝင်မည့် အဆိုပါ စီမံကိန်းသည် ဒူဘိုင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်ရန်နှင့် ဒူဘိုင်း
expo 2020 ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုနှစ် ဇွန်လတွင် ဆောက်လုပ်မှုများ စတင်မည်ဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။
ဒူဘိုင်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရခြင်းကြောင့် များစွာဝမ်းမြောက်မိကြောင်း
ဒူဘိုင်းဦးပိုင်ဥက္ကဌ အဗ္ဗဒူလာ အယ်လ် ဟာဘိုင်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)