အခွန်အကောက်နှုန်းများ ကြီးမြင့်သည့်တိုင် ဟောင်ကောင်သည်
၂၀၁၆ ခုနှစ်၏ ကမ္ဘာ့ထိပ်တန်းအဆင့်မြင့်ဇိမ်ခံအိမ်ခြံမြေဈေးကွက်
အဖြစ် ထွက်ပေါ်လာခဲ့သည်။
ယင်းမတိုင်မီ လေးနှစ်ဆက်တိုက် ထိုဘွဲ့ကို သိမ်းပိုက်လာသည့် လန်ဒန်က ဒုတိယနေရာသို့ ကျဆင်းခဲ့ကြောင်း Christie's International Real Estate နိုင်ငံတကာအိမ်ခြံမြေကုမ္ပဏီ၏ မေ ၁၀ ရက်က ထုတ်ပြန်ချက်
တစ်ရပ်အရ သိရသည်။
အိမ်တန်ဖိုး၏ ထက်ဝက်ရှိ အခွန်များ ရှိသည့်တိုင် တရုတ်ဝယ်လက်များ၏ ၀ယ်လိုအားများ ဟောင်ကောင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်ကို ညွှန်ပြလိုက်ခြင်းဖြစ်သည်။
၎င်းကမ္ဘာ့ထိပ်တန်းအဆင့်မြင့်ဇိမ်ခံအိမ်ခြံမြေဈေးကွက် ၁၀ ခုစာရင်းတွင် နယူးယောက်က တတိယနေရာနှင့် လော့စ်အိန်ဂျလိစ်နှင့် စင်္ကာပူတို့က စတုတ္ထနှင့် ပဉ္စမနေရာတို့တွင် အသီးသီး ဖော်ပြခံခဲ့ရသည်။
ဟောင်ကောင်သည်ထိုသို့ကမ္ဘာ့ထိပ်တန်းအဆင့်မြင့်ဇိမ်ခံ
အိမ်ခြံမြေဈေးကွက်ဖြစ်လာ
ခဲ့သော်လည်း ယင်း ၂၀၁၆ တွင် ၂၀၁၅ ခုနှစ်က ရောင်းအား
ရှစ်ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသာ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဈေးကွက် ၁၀ ခု စလုံးတွင် အရောင်းအ၀ယ်များအားလုံးသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၃၁ စီ ရှိခဲ့ပြီး စုစုပေါင်း
ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖိုး ရောင်းချခဲ့ရသည်။
ယင်းအနက် ဟောင်ကောင်က ဒေါ်လာ သန်း ၂၇၀ ဖိုး ရောင်းချခဲ့ရပြီး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်အိမ်ခြံမြေဈေးကွက်သည် ဈေးကွက်တည်ငြိမ်မှုနှင့် အားကောင်းသော ဘဏ္ဍာရေးစွမ်းဆောင်မှုတို့ ကာလရှည်ကြာရှိလာခဲ့ပြီးဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com