လှိုင်သာယာမြို့နယ်တွင် ကျူးကျော်စာရင်း ကောက်ယူစဉ်ကာလအတွင်း ကျူးကျော်တဲ ထပ်မံဆောက်လုပ်လာမှုများ တိုးလာကြောင်း လှိုင်သာယာမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
“လက်ရှိ ကျူးကျော်စာရင်း ကောက်နေတဲ့အချိန်မှာ ထပ်ပြီး ကျူးကျော်ဆောက် တဲ့ တဲတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဖျက်သိမ်းဖို့ လုပ်ေ ဆာင်မှာပါ။ မူလ ကျူးကျော်စာရင်းထက် မြေပြင် အနေအထားအရ ကျူးကျော် စာရင်းက နှစ်ဆနီးပါး မြင့်တက်နေပါတယ်”ဟု လှိုင်သာယာမြို့နယ်၊ အေ ထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကျူးကျော်စာရင်း ကောက်ယူရာတွင် မည်သည့် သတ်မှတ်ချက်ဖြင့် ကောက် ခံရမည်ဟု ကန့်သတ်ထားခြင်း မရှိကြောင်း၊ ကျူးကျော်တဲများကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးများထံ မေးမြန်းကောက်ခံနေရကြောင်း၊ မြေပြင်တွင် အမှန် တ ကယ် နေထိုင်သူများကိုသာ စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်း ကျူးကျော် စာရင်း ကောက်ခံရေးအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဖွံ့ဖြိုးရေးသုတေသနစီမံကိန်းအရ လှိုင်သာယာ မြို့ နယ်ရှိ ကျူးကျော် စာရင်းကောက်ခံခြင်းနှင့် စမတ်ကတ် ပြုလုပ်ခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပြုလုပ် ပေးနေသော်လည်း လက်ရှိေ ကာက်ယူထားသော ကျူးကျော်စာရင်းထက် နောက်တိုး ကျူးကျော်တဲ တည်ေ ဆာက်မှုများ ထပ်မံပေါ်ထွက်လာနေကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
Credit: Tomorrow