မြေကွက်နှစ်သောင်း ကျော်ကို တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ကျေးရွာမြေ အငှားဂရန် ချထားပေးပြီးဖြစ်ကြောင်း အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံး ချုပ်)မှ သတင်းရရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သည် ကျေးရွာ များရှိ မြေကွက် များကို မြို့ပေါ်က မြေများကဲ့သို့ ဂရန်ရရှိစေရန် ၂၀၁၆ နှစ် ဆန်း ကတည်းက ဆောင်ရွက်ပေးခဲ့ သည်။
ကျေးရွာမြေ အငှားဂရန် ထုတ်ပေးခြင်းသည် ပိုင်ဆိုင်မှု အထောက်အထား မရှိခြင်းကို ဂရန် ထုတ်ပေးခြင်းဖြင့် ပိုင်ဆိုင်မှု အာမခံချက် ရှိလာစေရန်ဖြစ် သည်ဟု ကျေးရွာမြေများ မြေငှား ဂရန် ထုတ်ပေးရေးအထူးလုပ်ငန်း အဖွဲ့က ၂၀၁၅ နှစ်ကုန်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်အထိ မြေငှား ထုတ်ပေးရန် စာရင်းရှိ အရေအတွက် ၂၈,၀၇၀ ကွက်ရှိရာ ၂၀,၆၉၁ ကွက်အတွက် ဂရန် ထုတ်ပေးထားပြီးဖြစ်ကြောင်း အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေယာဌာန ညွှန်ကြားရေးမှူး ဦးခင်ေ မာင်ကျော်က ပြောသည်။
‘‘ဂရန်လျှောက်ထားမှုက တိုင်းဒေသကြီးတွေက အလျှောက်များတယ်။ေ ကျးရွာမြေ ဆိုတော့ သွားရေးလာရေးနဲ့စစ် ဆေးမှုအပိုင်းမှာ အချိန်ယူရတဲ့ အတွက် မြို့ပေါ် ဂရန်ထုတ်ပေး ရေးလုပ်ငန်းတွေနဲ့တော့ မတူဘူး’’ ဟု ၎င်း က ပြောကြားသည်။
ဂရန် လျှောက်ထားမှုတွင် တိုင်းဒေသကြီးများ၌ ပဲခူး၊ စစ် ကိုင်း၊ မကွေး စသည့် တိုင်းဒေသကြီးများက အရေအတွက် ပိုများပြီး ပြည်နယ်များထဲတွင် ရှမ်းပြည်နယ်က အများဆုံး ရှိသည်ဟု ဦး ခင်မောင်ကျော်က ဆိုသည်။
‘‘ရန်ကုန်တို့၊ မန္တလေးတို့ကျ တော့ သက်ဆိုင်ရာစည်ပင်သာ ယာရေးကော် မ တီတွေက သူ့ နယ်နိမိတ်အတွင်းမှာ ဂရန်ချထား ပေးတဲ့လုပ်ငန်းတွေ ပုံမှန် ရှိနေ တော့ ကျေးရွာမြေဂရန်လျှောက် ထားမှုက တခြားတိုင်းတွေထက် နည်းတယ်’’ ဟု ဦးခင်မောင်ကျော် က ပြောသည်။
အစိုးရသည် ကျေးရွာမြေ ငှားဂရန်ချပေးမှုလုပ်ငန်းမစတင် မီ၂၀၁၅ နှစ် လယ်က ရှေ့ပြေးစီမံချက်အဖြစ် ၂၈၃ မြို့နယ်ရှိကျေးရွာ ၂၈၃ ရွာ၌ စုစုပေါင်း
မြေ ငှားဂရန် ၃၂,၀၅၇ ခုကို ထုတ်ပေး သေးကြောင်း သတင်းထုတ်ပြန်ချက် များအရ သိရသည်။
ကျေးရွာမြေအငှားဂရန်ကို ကျေးလက်နေ ပြည်သူတစ်ဦးတစ်ယောက်ချင်း အနေဖြင့်သော် လည်းကောင်း၊ အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစုတစည်းတည်း အနေဖြင့် သော်လည်းကောင်း လျှောက် ထားနိုင် သည်။
Credit: 7DayDaily