တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယခုနှစ် ဧပြီလက ကြိုပွိုင့်
အိမ်ရောင်းအား ပုံမှန်ထက် အားပျော့ခဲ့ပြီး ပျမ်းမျှဈေးနှုန်းမြင့်တက်
သည့် နေရာအရေအတွက်သည်လည်း လျော့နည်းခဲ့ကြောင်း
သိရသည်။
ဧပြီလက ကြိုပွိုင့်အိမ်ပျမ်းမျှဈေးနှုန်းသည် ၆၄ နေရာတွင် မြင့်တက်ခဲ့သည်ဖြစ်ရာ မတ်လက မြင့်တက်မှုနေရာ ၉၂ နေရာအောက် ကျဆင်းခဲ့သည်။ ဧပြီလက ကြိုပွိုင့်အိမ်ပျမ်းမျှဈေးနှုန်းသည်
၃၄ နေရာတွင် ကျဆင်းခဲ့ပြီး ကျန် ၃၂ နေရာတွင် မပြောင်းလဲခဲ့ပေ။
"ကြိုပွိုင့်အိမ်ရောင်းအားဟာလည်း ၁၉,၄၀၀ ခန်း ရောင်းချခဲ့ရတဲ့ မတ်လကအောက်
၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၅,၄၀၀ ခန်း ရောင်းချခဲ့ရပါတယ်။
နောက်ထပ်ဈေးလျှော့ရောင်းမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေများနေလို့ အိမ်ဝယ်လက်တွေက စောင့်ကြည့်မူဝါဒကို ကိုင်စွဲထားကြပါတယ်" ဟု ယခုသတင်းပါအချက်အလက်များကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော Shanghai Existing House Index Office ရှန်ဟိုင်းအိမ်ညွှန်းကိန်းရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရောင်းလိုအားတွင်လည်း ဧပြီ၌ ကြိုပွိုင့်အိမ်ခန်း ၁၆၆,၉၄၀ ခန်း ရှိခဲ့ပြီး မတ်လအောက် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယွမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၄၃၅,၀၀၀) အောက် တန်ဖိုးရှိသော အိမ်များကိုသာ ၀ယ်လက်များက အရှာဖွေဆုံးဖြစ်ကြောင်း၊ ယင်းကြိုပွိုင့်အိမ်များ၏အရောင်းအ၀ယ်သည် ကြိုပွိုင့်အိမ်စုစုပေါင်းအရောင်းအ၀ယ်၏ ၆၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com