ဗီယက်နမ်တွင်၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်ကာ အိမ်ခြံမြေဥပဒေအသက်ဝင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသားများအား အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ် ၅၄၉ ခု ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်
ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယခင်က ဗီယက်နမ်တွင် နိုင်ငံခြားသားများ နေအိမ်ပိုင်ဆိုင်ခွင့် ပိတ်ပင်ထားခဲ့ရာ ယခုနောက်ပိုင်း ပြဌာန်းလိုက်သော အိမ်ခြံမြေ ဥပဒေသစ်အရ ဒေသတွင်း အိမ်ခြံမြေဈေးကွက် တိုးတက်လာစေရန် လှုံ့ဆော်ပေးနိုင်ဖွယ်ရာရှိကြောင်း ခန့်မှန်းထားကြသည်။
အိမ်ခြံမြေဥပဒေအသက်ဝင်ခဲ့သည်မှာ ၂ နှစ်နီးပါးရှိခဲ့ပြီဖြစ်ပြီး အဆိုပါကာလအတွင်း နိုင်ငံခြားသားများအတွက် အိမ်ခြံမြေပိုင်ဆိုင်မှု လက်မှတ်ထုတ်ပေးမှုမှာ အလွန်နည်းပါးလှပြီး မျှော်လင့်ချက်များ ကျဆင်းလာလျက်ရှိကြောင်း ဒေသတွင်း အိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်တို့
က သုံးသပ်ကြသည်။
ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ၂ ခု၏ တားမြစ်ထားသော နယ်မြေပြင်ပရှိ ကူးသန်းရောင်းဝယ်ရေးနှင့် လူနေစီမံကိန်းများတွင် နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းသည် နေအိမ်များ
ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။
ဗီယက်နမ်တွင် နိုင်ငံခြားသားများ အိမ်ခြံမြေဝယ်ယူခွင့် ဖြေလျှော့မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဗီယက်နမ်အမျိုးသားညီလာခံက အိမ်ခြံမြေဥပဒေအမှတ် ၆၅/၂၀၁၄/ QH13 (၂၀၁၄ အိုးအိမ်ဥပဒေ) နှင့် အိမ်ခြံမြေလုပ်ငန်းဥပဒေ အမှတ် ၆၆/ ၂၀၁၄/ QH13 (၂၀၁၄ အိမ်ခြံမြေဥပဒေ) တို့ကို အတည်ပြု ပြဌာန်းခဲ့ကာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)