ကျေက်ဖြူရေနက်ဆိပ် ကမ်း အကောင်အထည်ဖော် တည်ဆောက်ခြင်းနှင့် ပတ်သက် ၍ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို မဆွေး နွေးရသေးကြောင်း ရခိုင်ြ ပည်နယ် အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးေ ကျာ်အေးသိန်းက ပြောသည်။
အမေရိကန်ဒေါ်လာ သန်း ၇,၃၀၀ တန် ရေနက်ဆိပ်ကမ်း တည်ဆောက်ေ ရး လုပ်ငန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော CITIC Group က ရင်းနှီြး မှုပ်နှံမှု ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ရန် ကြိုးစားနေသည်ဟူသော သတင်း များ ယခုရက်ပိုင်းတွင် နိုင်ငံတကာမီဒီယာအချို့၌ ဖော်ပြသည်။
‘‘လောလောဆယ် မူဘောင် တွေ ပြန်ပြင်တာ ဖြည့်စွက်တာ တွေပဲ လုပ်နေ ပါတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ် ဆွေးနွေးတာ မရှိသေးပါ ဘူး’’ဟု ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဦးကျော်အေးသိန်းက ပြောသည်။
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ အကြား ပူးတွဲ စီမံကိန်းတစ်ခုဖြစ်သောေ ကျာက်ဖြူ မြို့ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြော က် စီမံကိန်းတစ်ခုဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက် ထက်က ကျောက်ဖြူရေနက်ဆိပ် ကမ်းအပြင် အထူး စီးပွားရေးဇုန် တစ်ခု အကောင်အထည်ဖော်ရန် CITIC Group အား၂၀၁၅ က ရင်း နှီးမြှုပ်နှံခွင့်ပြုခဲ့သည်။
ဦးသိန်းစိန်အစိုးရလက် ထက်တွင် တရုတ်ကုမ္ပဏီ CNPC က ရေနံပိုက်လိုင်း တည် ဆောက် ခဲ့ပြီး ယခုလလယ်တွင် ကျောက် ဖြူမှ ကူမင်းသို့ အရှေ့ အ လယ်ပိုင်း မှ တင်သွင်းလာသော ရေနံစိမ်း များ စတင်ပို့လွှတ်မည်ဖြစ်သည်။
ထို့အပြင် ကျောက်ဖြူရေ နက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန် စီမံကိန်း သည် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် တရုတ် နိုင်ငံ၏ မြစ်ဆုံစီမံကိန်း ရပ်တန့် ရေးအစားထိုးမှုတစ်ခုဖြစလာနိုင်သည်ဟု နိုင်ငံတကာမီဒီယာအချို့၌ ဖော်ပြသည်။
ကျောက်ဖြူရေနက်ဆိပ် ကမ်းနှင့် တွဲဖက်ပါသော အထူး စီးပွားရေးဇုန် ကို မြေဧက ၄,၂၀၀ ကျော်တွင် အကောင်အထည်ဖော် ရန် စီစဉ်ထားပြီး ဒေ သခံ ငါးသိန်း ခန့် အလုပ်အကိုင်အခွင့်အလမ်း များရရှိမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဧပြီ ၂၉ ရက်တွင် စစ်တွေမြို့ခံများနှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။
Credit: 7DayDaily