ယခုတလော နယ်ခရီးစဉ်များ အသွားနည်း၍ ရန်ကုန်မြို့တွင်း၌ပင် အချိန် ကုန်ခဲ့သည်။ နယ်ထွက်ရမည့် ကိစ္စလေးများ ပေါ်လာလျှင် စိတ်လက်ပေါ့ပါး သွားရန် ခရီးထွက်လိုက်ရလျှင် ကောင်းမည်ဟု စိတ်ထဲတွင် တွေးနေမိစဉ် လက်ကိုင်ဖုန်း မည်သံ ပေါ်ထွက်လာသဖြင့် နားထောင်ကြည့်လိုက်သည်။
ဟဲလို မင်္ဂလာပါဆရာ။ ကျွန်တော် "ကိုဇော်နိုင်" ပါ
ဟုတ်ကဲ့ ကိုဇော်နိုင်ရေ ခင်ဗျားရဲ့ ဖုန်းခေါ်သံ မျှော်နေတာကြာပြီ။ အတော်ပဲ ဗျာ။ ဟို ရွှေပြည်သာ စက်မှုဇုန်က စက်ရုံဝယ်ထားတဲ့ ကိစ္စ။ ရောင်းသူဘက် က အရောင်းအဝယ် စာချုပ်ချုပ်ဖို့ စည်ပင်က မြေပုံ/ မြေရာဇဝင် ရလာပြီ လို့ ပြောမလို့လား
"အထင်နဲ့အမြင်က တစ်ခြားမှားသည့်အခါလည်း မှား"
ကျွန်ုပ်လည်း ကိုဇော်နိုင်အသံကြားသည်နှင့် ရွှေပြည်သာ စက်မှုဇုန်တွင် ၎င်း၏ အကိုဖြစ်သူက ဆန်စပါး၊ ပဲ အမျိုးမျိုး သိုလှောင်ရောင်းဝယ်ရန်အ တွက် စက်ရုံ၊ ဂိုဒေါင်များ အပြီးအပိုင် ဝယ်ယူရန် စရန်ငွေများ ပေးထားသည် မှာ (၃)လခန့် ရှိနေပြီ ဖြစ်သည်။ ယခုအခါ ရောင်းသူမှ အပြီးအပိုင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် ဖုန်းဆက်ခြင်း ဖြစ်သည်ဟု စိတ်ထဲ ထင်နေသဖြင့် ယခုကဲ့သို့ မေးလိုက်ခြင်း ဖြစ်သည်။
"သွားချင်နေတာကြာ အတော်ပဲ၊ ခေါင်းညိမ့်လိုက်တော့မယ်"
မဟုတ်ဘူး ဆရာရေ...အဲ့ဒီ စာချုပ်ဖို့ ကိစ္စက ပိုင်ရှင်က မြေပုံရဖို့ နီးပြီလို့ သာ ပြောတာ နောက်ထပ် အကြောင်းမထူးသေးဘူး
ဒါဆို အခု ထူးတာက ထပ်ပေါ်လာပြန်ပြီလား
မှန်တာပေါ့ ဆရာ၊ နေ့ချင်းပြန် သွားရမယ့် ခရီးပေါ်လာလို့ ဆရာရေ
အလို၊ တိုက်ဆိုင်လိုက်လေ၊ နေ့ချင်းပြန်ဆိုတော့ အရင်တစ်ခါသွားသလို မ အူပင်၊ ဖျာပုံ၊ ဘိုကလေးဘက်ကိုလား
အခု တစ်ခါ သွားရမှာက မြန်မာပြည်အောက်ပိုင်း မဟုတ်ပြန်ဘူး။ မြန်မြာ ပည်အလယ်ပိုင်း ရန်ကုန်-ပြည် ခရီးစဉ်ပါ
ဟေ...ဟုတ်လား၊ ပြည်မြို့ နေ့ချင်းပြန်ဆိုရင်တော့ ခရီးပမ်းသွားမယ် ထင် တယ်
မပမ်းပါဘူး၊ ပြည်ဆိုလို့ ပြည်မြို့ပေါ်ကို သွားရမှာ မဟုတ်ပါဘူး။ ရန်ကုန်-ြ ပည်လမ်းဘေးက ကြို့ပင်ကောက်မြို့ကို သွားရမှာပါ။ အသွား-အပြန် (၈)နာ ရီလောက်ပဲ ကြာမှာပါ။ လိုက်ပေးနိုင်တယ် မဟုတ်လား။ ရန်ကုန်မှာ မဖြစ် မနေ အရောင်းအဝယ် စာချုပ်တွေ ချုပ်ပေးစရာ မရှိဘူးဆိုရင်တော့ ကူညီေ ပးပါ ဆရာ
ကိုဇော်နိုင် ပြောသည့်အတိုင်း နောက်တစ်နေ့တွင် ရန်ကုန်တွင် မဖြစ်မနေ ချိန်းဆိုထားသည့်ကိစ္စ မရှိသည့်အတွက် ကြို့ပင်ကောက်မြို့ ခရီးစဉ်ကို လိုက် ပါဆောင်ရွက်ပေးရန် ကတိပေးလိုက်သည်။ ထို့နောက် သွားရမည့် အလုပ် ကိစ္စအကြောင်း မေးကြည့်လိုက်သည့်အခါ ကြို့ပင်ကောက်မြို့အတွက် လမ်း မကြီးဘေးတွင် ၎င်းတို့ ကုမ္ပဏီမှ ဓါတ်ဆီဆိုင်ဖွင့်လှစ်ထားကြောင်း သိရ သည်။
"သူလည်း ဝမ်းသာ၊ ကိုယ်လည်း ဝမ်းမြောက် ဓါတ်ဆီဆိုင် ဆောက်"
ထိုဆီဆိုင်တွင် ဆီဖြည့်လာသည့် ယဉ်ပိုင်ရှင်များ ခရီးသည်များ သက်ေ တာင့်သက်သာ အနားယူ အပန်းဖြေနိုင်ရန်နှင့် လိုအပ်သည့်အစားအစာများ သုံးဆောင်နိုင်ရန်အတွက် "စားဖွယ်အစုံ" စားသောက်ဆိုင်တစ်ခုပါ ပူးတွဲ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းသို့ ဖွင့်လှစ်သည့်အခါ ယခု လက်ရှိ လည်ပတ်နေသည့် (၂)ဧက ခန့် ကျယ်ဝန်းသည့် မြေနေရာနှင့် မလုံလောက်သဖြင့် နောက်ထပ် တိုးချဲ့၍ မြေ(၅)ဧက ထပ်မံ ဝယ်ထားေ ကြာင်း သိရသည်။
ယင်းမြေ (၅)ဧက အတွက် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးရန် ကျွန်ုပ် အား ကမ်းလှမ်းခြင်း ဖြစ်သည်။ "ရေငတ်တုန်း ရေတွင်းထဲ လိမ့်ကျ" ဆိုသလို ခရီးထွက်ချင်နေသည့် အချိန်နှင့် ချိန်ကိုက် ဖြစ်သွားသည်။ ကျွန်ုပ်က လွယ် လွယ်ကူကူနှင့် ကတိပေးလိုက်သည်နှင့် ကိုဇော်နိုင်မှာလည်း ကျွန်ုပ်နှင့်အတူ လိုက်ပါသွားရန် ၎င်း၏ တူတော်သူနှင့်အတူ သွားရန် ကားစီစဉ်ပေးလိုက်ေ တာ့သည်။
"ဝယ်ယူမည့် မြေနေရာ၊ ပုံကြမ်းဆွဲလိုက်မှ ကွင်းကွင်းကွက်ကွက်သိ"
နံနက် (၇)နာရီခွဲတွင် ရန်ကုန်မှ ခရီးထွက်ခဲ့ရာ ကြို့ပင်ကောက်မြို့သို့ နံနက် (၁၁း၀၀)တွင် ရောက်သွားသည်။ ရောက်သည်နှင့် ဓါတ်ဆီဆိုင်သို့ ဝင်ခဲ့ သည်။ ပိုင်ရှင်နှင့်အတူ စရန်ပေး ဝယ်ယူထားသည့် မြေ(၅)ဧက အကျယ်ကို လိုက်လံကြည့်ရှုပြီး မြေပုံကြမ်း တစ်ခု ဆွဲလိုက်သည်။ ထို့နောက် ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ကြည့်ရှုရန် မြို့တွင်းရှိ ရောင်းမည့် ပိုင်ရှင်အိမ်သို့ သွား ကြသည်။ ပိုင်ရှင်ကလည်း ဖော်ဖော်ရွေရွေဖြင့် ကြိုဆိုဧည့်ခံပါသည်။
"နယ်မြို့များမှာ ထူးထူးခြားခြား မြေဝယ်လျှင် ဂရန်လည်း ရှိ၊ ပြေစာလည်း ရှိ သတိ"
ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရာတွင် မြေအနေအထားမှာ မြို့အဝင်ဖြစ်နေ၍ ဂရန်မြေက တစ်ဝက်၊ လယ်မြေက တစ်ဝက် ဖြစ်နေ သည်။ ထို့ကြောင့် ဂရန်မြေကွက် နှင့် လယ်မြေကွက်ကို သီးခြား၍ စာချုပ် တစ်ခုစီ ချုပ်ပေးလိုက်ပါသည်။ ယင်းမြေကွက် (၂)မျိုးစလုံးအတွက် ရောင်းသူ ကိုယ်စား၊ ဝယ်သူ အမည်ပြောင်းပြီးသည်အထိ ဆောင်ရွက်နိုင်ရန် ရောင်း သူနှင့် ဝယ်သူတို့ကို ကြို့ပင်ကောက်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး တွင် ခေါ်ယူ၍ မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးလိုက်ပါသည်။
"ဝယ်သူ အမည်ပြောင်းဖို့ရာ ကိုယ်စားလှယ်လွှဲစာ ပေးလိုက်ပါ"
ရောင်းသူလည်း စိတ်ချမ်းသာ၊ ဝယ်သူလည်း မိမိအမည်ပေါက်ကိစ္စများေ အးအေးဆေးဆေး လုပ်နိုင်သည့် နည်းလမ်းဖြစ်၍ နှစ်ဦး နှစ်ဖက်စလုံး စိတ် ချမ်းသာကြပါသည်။ ကျွန်ုပ်ကိုလည်း စာချုပ်စာတမ်းကိစ္စ ပြည့်ပြည့်စုံစုံေ ဆာင်ရွက်ပေးပြီး ဖြစ်၍ ည (၇) နာရီခန့်တွင် ရန်ကုန်သို့ ပြန်ခဲ့ကြပါတော့ သည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com