ဗြိတိန်ရဲ့ လန်ဒန်မြို့ကတော့ နိုင်ငံရပ်ခြား အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံ
သူတွေရဲ့ အထူးအလေးထားရာ ဦးစားပေးဈေးကွက်တစ်ခုအဖြစ်
ရှိနေချိန်မှာ ယခုအခါ ဂျပန်ရဲ့တိုကျိုဟာလည်း နိုင်ငံတကာက
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အဓိကဈေး
ကွက်တစ်ခုအဖြစ် ရှိနေကြောင်း နိုင်ငံတကာ အိမ်ခြံမြေအတိုင်
ပင်ခံလုပ်ငန်း JLL ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
“ Brexit မဲခွဲမှု နောက်ပိုင်း ဗြိတိန်ရဲ့ စတာလင်ပေါင်တန်ဖိုး
ကျဆင်းခဲ့တာက လန်ဒန်ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေကို
အထူးဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်၊ တစ်ချိန်
တည်းမှာလဲပဲ တိုကျိုလိုမျိုး တစ်ခြားအဓိက ကျတဲ့ဈေးကွက်တွေ
ဟာလည်း ရင်းနှီးမြှုပ်နှံသူတွေကို ကောင်းကောင်း ဆွဲဆောင်နိုင်တဲ့
ဈေးကွက်တွေ ဖြစ်လာနေလျက်ရှိပါတယ်” လို့ JLL ရဲ့ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ၀န်ဆောင်မှုဌာန အကြီးအကဲ Maarten Prins
က ဆိုပါတယ်။
အလားတူ ဂျပန် အိမ်ခြံမြေဆိုင်ရာ အဖွဲ့အစည်း JREI က မကြာ
သေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတစ်ရပ်ကလည်း
Mr Prins ရဲ့ ပြောဆိုချက်ကို ထောက်ကူနေလျက်ရှိပါတယ်။
JREI ရဲ့ ထုတ်ပြန်ချက်မှာတော့ ဂျပန်ရဲ့ တိုကျိုမြို့မှာ နိုင်ငံတကာ
ကအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ (အထူးသဖြင့် အာရှဒေသက
ရင်းနှီးမြှုပ်နှံသူတွေ)ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပမာဏ သိသိသာသာ
တိုးတက်လာတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
“ တိုကျိုကို နိုင်ငံတကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေအကြိုက်
ဈေးကွက်တစ်ခုဖြစ်လာစေတဲ့ အကြောင်းရင်းတွေတော့
အများကြီး ရှိပါတယ်၊ အဖိုးနှုန်းသက်သာမှု၊ ကျန်းမာရေးနဲ့
ကိုက်ညီတဲ့အခြေအနေရှိမှု၊ စွန့်စားရနိုင်ခြေ အလားအလာ
နည်းပါးမှုတို့ အဓိက ကျနေပါတယ်” လို့ Mr Prins က
ပြောသွားပါတယ်။
Credit: SFJ Strategy First