ဒေသတွင်း အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက် သော ဆောက်လုပ်ရေး လုပ်ငန်း များကို သေချာစွာစစ်ဆေးနိုင်ရန် ရပ်ရွာစစ်ဆေးရေးအဖွဲ့များအား သင်တန်းပို့ချပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြံပြုစာ တစ်စောင်ေ ပးပို့မည် ဖြစ်ကြောင်း မကွေးတိုင်းလွှတ်တော်ဆောက် လုပ်ရေးကော်မတီ ဥက္ကဋ္ဌက ပြော သည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးကော်မတီ သည် မေလဆန်းက စတင်၍ မြို့နယ်များရှိ အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်နေသော လုပ်ငန်းစီမံကိန်းများကို အချိန်မီပြီး စီးခြင်းရှိ၊ မရှိနှင့် သတ်မှတ်ထားသော အရည်အသွေးများအတိုင်း အသုံးပြု ခင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်သည်။
‘‘အခုတိုင်းအတွင်းကို ကော် မတီအနေနဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကွင်း ဆင်းနေ တယ်။ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်က အစိုးရအဖွဲ့ရန်ပုံငွေ နဲ့ တည်ဆောက်နေ ကြတဲ့ လုပ် ငန်းတွေကို လေ့လာတာ ဖြစ် တယ်။ လေ့လာတွေ့ရှိမှုအရ စီမံ ကိန်းလုပ်ငန်းတွေရှိတဲ့ ကျေးရွာ တွေမှာ ဒေသခံလုပ်ငန်းစစ်ဆေး ရေးအဖွဲ့လေးတွေ ဖွဲ့ဖို့၊ ဖွဲ့ထား ပြီးသားရှိရင် သူတို့ကို စီမံကိန်း လုပ်ငန်းတွေကို ဘယ် လိုစစ်ဆေး ရမယ်ဆိုတာ သင်တန်းပေါ့။ အဲဒီ လိုမဟုတ်တောင် တစ်ရက်ေ လာက်အလုပ်ရုံဆွေးနွေးပွဲပုံစံလေးခေါ် ပြီး လုပ်ပေးရင် သူတို့စစ်ေ ဆး စောင့်ကြည့်တဲ့အခါ ပိုမို စနစ်တကျနဲ့ စောင့်ကြည့်စစ်ဆေးနိုင် မယ်’’ဟု မကွေးတိုင်းလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးေ က်ာမတီဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။
ရပ်ရွာစောင့်ကြည့်စစ်ဆေး ရေးအဖွဲ့များအား သင်တန်းပို့ချ နိုင်ရန် တိုင်းေ ဒသကြီးလွှတ်တော်သို့ တင်ပြမည့် ကော်မတီ အစီရင်ခံစာတွင် ထည့်သွင်းေ ရးသားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြံပြုစာပေးပို့မည်ြ ဖစ်ကြောင်း ၎င်းက ပြောကြားသည်။
ဒေသစောင့်ကြည့်စစ်ဆေး ရေးအဖွဲ့များ အနေဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီ၏ ကုန် ကျစရိတ်တွက်ချက်မှုစာရင်းများ၊ တည်ဆောက်မည့် ပုံစံ များနှင့် အသုံးပြုမည့် ပစ္စည်း အရေအ တွက်၊ အရည်အသွေးနှင့် အမျိုး အ စားတို့ တိကျစွာသိရှိခြင်းမရှိ သောကြောင့် စစ်ဆေးမှုများပြု လုပ်ရာတွင် များ စွာ ခက်ခဲမှုများရှိ နေကြောင်း အောင်လံမြို့နယ် သမ္ဘူလကျေးရွာမှ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
‘‘ကျေးရွာဒေသခံတွေကို စစ်ဆေးရမယ့် ပုံစံလေးတွေ ပြောပြသင်ကြားပေး တာ ကောင်းပါတယ်။ ဒါမှ တည်ဆောက်ရေးလုပ် ငန်းတွေ အဆင်ပြေပြေ လုပ်ကိုင် နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုရင် ကျောင်းဆောက်တာေ ကျာင်းပုံစံက တင်ဒါဆွဲကတည်းက ဒီပုံစံ ဆောက်ရမယ်ဆိုတာ သတ်မှတ် ပြီးသားပါ။ ဒါကို လက်တွေ့ ဆောက်တော့ ကျောင်းပုံစံက နိမ့် တယ်။ ကေ လးတွေ ပူမယ်ဆိုပြီး စာရေး တိုင်တာမျိုး ကြုံရတယ်’’ဟု မကွေးတိုင်းအ တွင်း ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီမန်နေဂျာ တစ်ဦးက ဆိုသည်။
Credit: 7DayDaily