ရွှေဝယ်ခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရာတွင် လက်ရှိအချိန်အ ထိ အခွန်တံဆိပ်ခေါင်း မရသေးသဖြင့် ရွှေအခွန် ကောက်ခံရာတွင် အခက် ကြုံနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
“ဆိုင်အများစုက အခွန် မကောက်ဘူး။ တချို့ဆိုင်တွေက ကောက်တယ်။ အဲ ဒီမှာ အခွန်ပေးတဲ့သူက တံဆိပ်ခေါင်း မပြဘဲနဲ့ ဘာလို့ကောက်လဲ၊ အေ ထာက်အထား မရှိရင် မပေးနိုင်ဘူး။ အဲလိုမျိုးတွေ ဖြစ်တယ်။ အခြားဆိုင်တွေ က နားလည်မှုနဲ့ အခွန်ကို အိတ်စိုက် ဆောင်ကြတယ်”ဟု တိတ်စိန် ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။
ရွှေအခွန် တံဆိပ်ခေါင်းများသည် ထုတ်လုပ်ပြီးသည့် အနေအထားတွင် ရှိ ပြီး ဖြန့်ချိရန်သာ ရှိတော့သဖြင့် မကြာမီရက်ပိုင်း အတွင်း ရွှေဆိုင်များ ကို ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်က ပြောဆိုသည်။
အခွန် တံဆိပ်ခေါင်းများကို ကျပ် ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်များ ထုတ်ထားပြီး ယင်းတံဆိပ်ခေါင်းများဖြင့် ရွှေထည် လက်ဝတ်ရတနာများနှ င့် ရွှေတုံးများအပေါ်တွင် အခွန်ကောက်မည်ဖြစ်သည်။
ရွှေအခွန်မှာ ယခင်ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ထွက်ရှိပြီးတည်းက ဝယ် ယူသူများက မဆောင်သော်လည်း လုပ်ငန်းရှင်များက ပေးဆောင်ရကြောင်း၊ ၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေတွင် ရွှေနှင့် လက်ဝတ် ရတနာများမှာ အခွန်ဆောင်ရမည်ဟူသည့် အပိုဒ်တစ်ပိုဒ် သီးသန့်ထည့် လိုက်သောကြောင့် ဝယ်ယူသူများက တိုက်ရိုက် ပေးဆောင်ရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် များထံမှ သိရသည်။
ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေထည် လက်ဝတ်ရတနာများ အပေါ်တွင် အခွန် တစ်ရာခိုင်နှုန်း ကောက်ခံပြီး အခေါက်ရွှေတုံးများ အပေါ်တွင် အခွန် ငါးရာ ခိုင်နှုန်း ကောက်မည်ဖြစ်ကြောင်း အခွန်အကောက် ဥပဒေတွင် ဖော်ပြထား သည်။
Credit: The Voice