ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအညွှန်းကိန်း အနည်းငယ် မြင့်တက်လာေ သာကြောင့် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၈ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် အမေရိကန်ရွေးကောက်ပွဲ ပြုလုပ် သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းအနိမ့်ဆုံးနှုန်းထားအဖြစ် မေ ၅ ရက်တွင် ၉၈ ဒသ မ ၄၂ ပွိုင့်အထိ ကျဆင်းခဲ့ပြီးနောက် မေ ၉ ရက်မှ စ တင်ကာ ၉၉ ပွိုင့်အထက်သို့ ပြန်လည်ရောက်ခဲ့ခြင်းဖြစ်ကာ မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ၉၉ ဒသမ ၃၁ ပွိုင့် ၀န်းကျင် ရှိခဲ့သည်။
ပြီးခဲ့သော လများနှင့် နှိုင်းယှဉ်ပါက ဧပြီလအတွင်း အမေရိကန်ဒေါ်လာေ ဈးနှုန်း အညွှန်းကိန်းကျဆင်းမှု များပြားခဲ့ပြီး ဧပြီလအတွင်း အမြင့်ဆုံး နှုန်း ထားအဖြစ် ၁၀၁ ဒသ မ ၂၂ ပွိုင့်သာရှိခဲ့ကာ ဧပြီ ၁၀ ရက်နောက်ပိုင်းမှ လက်ရှိအချိန်အထိ အကျပိုင်းတွင် ဆက်ရှိနေခြင်း ဖြစ်သည်။
မတ်လဆန်းအထိ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အညွှန်းကိန်း မြင့်တက် ခဲ့သော်လည်း မတ် ၁၅ ရက် နောက်ပိုင်းတွင် ဈေးနှုန်း သိသိသာသာ ကျ ဆင်းခဲ့သည်။ မတ်လ အတွင်း ပြည်တွင်းဈေးကွက်၌ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ေ သာ ဒေါ်လာဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သော ဒေါ် လာဈေးသည် ၁၃၅၇ ကျပ် ဖြစ်သည်။ ဧပြီလ အတွင်းတွင်လည်း ကမ္ဘာ့ဒေါ် လာဈေး အညွှန်းကိန်း ဆက်လက် ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းဈေး ကွက်တွင် ယခင်လများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး အားပျော့ခဲ့သည်။
ဧပြီလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် ၁၃၆၁ ကျပ်ဖြ စ်ပြီး အနိမ့်ဆုံး ဈေးနှုန်းမှာ ၁၃၄၇ ကျပ်ဖြစ်သည်။
ဧပြီ ၃၀ ရက်တွင် ကျပ် ၁၃၅၀ ၀န်းကျင်ရှိသော နိုင်ငံခြားငွေလဲနှုန်းသည် မေ ၁ ရက် တွင် ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီးနောက် မေ ၃ ရက်တွင် ၁၃၅၁ ကျပ်၊ မေ ၄ ရက်တွင် ၁၃၅၄ ကျပ်၊ မေ ၇ ရက်တွင် ၁၃၅၆ ကျပ်၊ မေ ၉ ရက် တွင် ၁၃၅၇ ကျပ်၊ မေ ၁၀ ရက်တွင် ၁၃၅၈ ကျပ်အထိ ပြန်လည် မြင့်တက် ခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာဈေး မြင့်တက်လာသောကြောင့် ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို မေ ၉ ရက်၌ တစ်ဒေါ်လာ ၁၃၆၂ ကျပ်အြ ဖစ် တိုးမြှင့် သတ်မှတ်ခဲ့သည်။
Credit: Eleven Media Group