လက်ရှိဘဏ္ဍာ နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဈေးကွက်ချဲ့ထွင်မှု၊ သယ်ယူစရိတ်လျှော့ချ နိုင်ရေးနဲ့ ငွေရေးကြေးရေးအခက် အခဲဖြေရှင်းတာတွေ အစိုးရအနေ နဲ့ ဖြည့်ဆည်းဆောင်ရွက်ထားပါတယ်။
ပြီးခဲ့တဲ့ အစိုးရတစ်နှစ်တာ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ စိန်ခေါ်မှုများစွာနဲ့ ထင်သလောက်ခရီးမရောက်ခဲ့သလို အစိုးရအနေနဲ့ကလည်း ဆောင်ရွက်နိုင်မှု အားနည်းခဲ့ပါတယ်။ အ စိုးရသက်တမ်း တစ်နှစ်ကုန်ဆုံး ချိန်မှာ နိုင်ငံရဲ့စီးပွားရေးဟာ ပိုမို ကျပ်တည်းလာသလို ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ပြည်သူတွေ ခံစားခဲ့ကြရပါတယ်။
ကုန်သွယ်မှုကဏ္ဍမှာဆိုရင် ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်တွေ ဖြစ်တဲ့ လယ်ယာထွက်ကုန်တွေဟာ အိမ်နီးချင်း နိုင်ငံများရဲ့ ကျဉ်းမြောင်းတဲ့ဈေးကွက်ကိုသာ မှီခိုနေရတဲ့အတွက် ဈေးရရှိမှု နည်းသလို သည်နိုင်ငံ တွေရဲ့ လို အပ်ချက်အရသာ တင်ပို့ နိုင်ခဲ့ပါတယ်။
ဒါ့အပြင် သယ်ယူပို့ဆောင် ရေးအပိုင်းနဲ့ ဖြန့်ဖြူးရောင်းဝယ်မှု အပိုင်းမှာလည်း လက်ဆင့်ကမ်း ရောင်းဝယ်မှု အဆင့်များခြင်း၊ သိုလှောင်ရုံတွေရဲ့ အရည်အသွေး နိမ့်ကျခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ ကုန်တွင်းဆိပ်ကမ်း များ မပြည့်စုံခြင်းစတဲ့ လို အပ်ချက်တွေကြောင့် ကုန်သွယ်မှုပြုလုပ် ရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ အပိုကုန်ကျစရိတ်တွေများပြားလျက် ရှိပါတယ်။
လက်ရှိ ဘဏ္ဍာနှစ်မှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ မတ်လကုန်လောက်က မြန်မာနိုင် ငံရဲ့ ကုန်သွယ်မှုကဏ္ဍမှာ လိုအပ်ချက်တွေကို လေ့လာဆန်းစစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်အတွက် စီးပွား ရေးမူဝါဒနဲ့ အညီ သုံးနှစ်၊ ငါးနှစ်နှစ်လတ်ကုန်သွယ်မှုဖွံ့ဖြိုးရေးအစီအစဉ် (Medium Term Programm – MTP) ကို ထုတ်ပြန်ပြီး ဆောင်ရွက်ပါတယ်။
ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအပိုင်းမှာဆိုရင် လည်း အမျိုး သားပို့ကုန် မဟာဗျူဟာအပိုင်းမှာ ဆိုရင် အရင်က ကဏ္ဍ ခုနစ်ခုသာ ပါဝင်ပြီး လက်ရှိမှာ ၁၀ ခု အထိ တိုးမြှင့်ထားတယ်လို့လည်း သိရပါ တယ်။
အဓိကအားဖြင့် လယ်ယာထွက်ကုန်ဖြစ်တဲ့ သစ်သီးဝလံ တင်ပို့မှုပိုင်းကို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် က ‘ကျွန်တော်တို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ လယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာမှာ ခိုင်မာတဲ့ ဈေးကွက်ရရှိရေးအတွက် နိုင်ငံ တကာအကူအညီအထောက်အပံ့ များရယူပြီး အမျိုးသားအဆင့် ပို့ ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်ကို ရေးဆွဲအကောင် အထည်ဖော်ပြီး လယ်ယာထွက်ကုန်များနဲ့ ရေထွက်ပစ္စည်းတွေကို ထည့်သွင်းဆောင်ရွက်လျက်ရှိပါ တယ်˘ လို့ အစိုးရသက်တမ်းတစ် နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ပို့ကုန်ကဏ္ဍ
လက်ရှိအနေအထားမှာ မြန် မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍ တိုးတက် လာဖို့ တခြားပို့ကုန်တွေ ဖြစ်တဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု၊ ကျောက်စိမ်းနဲ့ သတ္တုတင်ပို့မှုတွေကို အားကိုးလို့မရတော့ဘူးလို့ လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတည်း က သဘာဝ ဓာတ်ငွေ့၊ ကျောက်စိမ်းနဲ့ သတ္တု တင်ပို့မှုပိုင်းဟာ လျော့ကျခဲ့ပြီး လယ်ယာထွက်ကုန်၊ တိရ စ္ဆာန်ထွက်ပစ္စည်းနဲ့ ရေထွက်ပစ္စည်း တင်ပို့မှုပိုင်းက တိုးတက်ခဲ့ပါ တယ်။
ဈေးကွက်ချဲ့ထွင်မှုအပိုင်းမှာ ဆိုရင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် က ပြည်တွင်းထွက် နှစ်မျိုးစုံကို တရုတ်နိုင်ငံတစ်ခုတည်းသာ တင်ပို့နေရပြီး လက်ရှိမှာ တရုတ်နိုင်ငံအပြင် ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဈေး ကွက်ချဲ့ထွင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းတင်ပို့မှုအပိုင်းမှာလည်း အရင်က နယ်စပ်က နေ တစ်ဆင့် တရုတ်နိုင်ငံတစ်ခု တည်းကိုသာ တင်ပို့နိုင်ပြီး ယခုအ ခါမှာ ပင်လယ်ရေကြောင်းဘက် ကနေ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ စင်ကာပူနဲ့ အိန္ဒိယနိုင်ငံတို့ ဘက်ကို ဈေးကွက်ချဲ့ ထွင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဆန်ဈေးကွက် ရရှိရေးအတွက်လည်း ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှစ်ကြိမ်မြောက် ကမ္ဘာ့ဆန်စပါးညီလာခံတက် ရောက်ခဲ့ပြီး အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံ အထိ ဈေးကွက်များရရှိထားတယ် လို့ သိရပါတယ်။ လက်ရှိ နွေစပါး ပေါ်ချိန်မှာတော့ ပြည်ပဝယ်လို အားကြောင့် စပါးဈေးအနည်း ငယ် တက်လာပြီ လို့ သိရပါတယ်။
အခုလို ဈေးကွက်တွေ ချဲ့ထွင်ပေမဲ့လည်း ပို့ကုန်ဈေးကွက်မှာ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းသက်သာမှုအရ ယှဉ်ပြိုင်နိုင်စွမ်း၊ပို့ကုန်ပစ္စည်းအရ ယှဉ်ပြိုင်နိုင်စွမ်းလိုအပ်သလို တင်ပို့နိုင်တဲ့ အချိန်အတာအရ
ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။
‘တိုင်းပြည်အနေနဲ့ အထူးသဖြင့် ပို့ကုန်ပိုင်းမှာ တစ်ဖက်က ဈေးကွက်တိုးချဲ့နိုင်ဖို့ အခွင့်အလမ်းကောင်းများရှိနေခဲ့ပေမဲ့ တစ် ပြိုင်နက်ထဲမှာပဲ စိန်ခေါ်မှုများ၊ အခက်အခဲများရှိနေခဲ့ပါတယ်” လို့ ဒေါက်တာသန်းမြင့်က ပြောပါ တယ်။
လက်ရှိ ဘဏ္ဍာနှစ်မှာတော့ ပို့ ကုန်တိုးချဲ့နိုင်ရေးအတွက် လယ် ယာထွက်ကုန်များနဲ့ အသေးစား အလတ်စားစက်မှုလုပ်ငန်းတွေကိုပဲ အားကိုးနေရပြီး ဒီကဏ္ဍတွေအတွက် လိုအပ်တဲ့ တန်ဖိုးမြင့်ထုတ် ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုတ် လုပ်မှု ကုန်ကျစရိတ်များလျှော့ချ နိုင်ရေးတွေကို ဦးစားပေးလုပ် ဆောင်မယ် လို့ သိရပါတယ်။
ဈေး ကွက်စီးပွားရေးကို ပီပြင်အောင် ဖော်ဆောင်တဲ့နေရာမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကလည်း အရေးကြီးပါတယ်။ လက်ရှိ အစိုးရတာဝန်ယူ ချိန်မှစတင်လိုက်တဲ့ ဒုတိယသမ္မတ ဦးဆာင်တဲ့ ပုဂ္ဂလိက ဖွံ့ဖြိုးတိုး တက် ရေးကော်မတီဟာ လက်ရှိမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းရှင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးလျက် ရှိပါတယ်။
အခုလို ဖြေရှင်းပေးရာမှာ များသောအားဖြင့် လုပ်ထုံး လုပ်နည်းပိုင်းတွေလောက်သာ ဖြေလျှော့ပေးနိုင်သေးပြီး ဥပဒေနဲ့ ဆိုင်တဲ့ ကဏ္ဍတွေကိုတော့ ဖြေ ရှင်းပေးနိုင်မှု အားနည်းနေသေးလို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်သွယ်မှု ကဏ္ဍ မှာ ကြုံတွေ့နေရတဲ့ သယ် ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့် နေခြင်း၊ လမ်း၊ တံတားကြေး ကောက်ခံမှုများ လျှော့နိုင်ခြင်းတွေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာ နတွေနဲ့ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။
ညှိနှိုင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “ကုန်သွယ်ရေးနဲ့ စီးပွားလုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲအတားအဆီးဖြစ်နေတဲ့ လုပ်ထုံးလုပ်နည်းများကို သက် ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လွယ်ကူချော မွေ့စေမှု အဆင့်သတ်မှတ်ချက် Ease of Doing Business အဆင့်တိုးတက်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရှိပါတယ်”လို့ ပြောပါ တယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ လက်ရှိဘဏ္ဍာနှစ်မှာတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကဏ္ဍပေါင်းစုံကို ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းထားပြီး နှစ်တိုင်းလိုလို ကုန်သွယ် မှု လိုငွေပြနေတဲ့ အနေအထား ကိုလည်း လက်ရှိ ဘဏ္ဍာနှစ်မှာ လျှော့ချနိုင်မယ်လို့ ခန့်မှန်းထား ကြောင်း သိရပါတယ်။
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့နေရာမှာ အဓိကကျတဲ့ ဗဟိုဘဏ်အနေနဲ့ ကလည်း ငွေကြေးတည်ငြိမ်ရေး (Monetary Stability) မှာ အဓိက ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ထိန်းသိမ်းရေး တစ်နည်းအားဖြင့် ဈေးနှုန်းတည် ငြိမ်စွာ စီးပွားရေးတိုးတက်မှု ရရှိ စေဖို့ ငွေကြေးပမာဏကို ရည်မှန်းချက်ထားရှိတဲ့ (Reserve Money Targeting) နည်း လမ်းနည်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို ဆောင်ရွက်ရာမှာ ငွေ ဖောင်းပွမှုနှုန်းကို ပျမ်းမျှ ခုနစ် ရာခိုင်နှုန်းလျာထားပြီး လုပ်ငန်းရည် မှန်းချက်ဖြစ်တဲ့ သီးသန့်ငွေတိုးတက်မှုကို ၁၃ ရာခိုင်နှုန်းနဲ့ ကြား ခံရည်မှန်းချက်တဲ့ ငွေကြေးပမာဏ တိုးတက်မှုနှုန်းကို ၂၄ ရာခိုင် နှုန်းသာရှိစေဖို့ ကြိုးပမ်းဆောင် ရွက်နေတယ်လို့ သိရပါတယ်။
Credit: Kumudra