အိမ်ခြံမြေရောင်းချမှုမှ အခွန်ငွေ ရရှိမှု များစွာ နည်းပါးနေဆဲဟု တာဝန်ရှိသူဆို

အိမ်ခြံမြေရောင်းချမှုမှ အခွန်ငွေ ရရှိမှု များစွာ နည်းပါးနေဆဲဟု တာဝန်ရှိသူဆို - Property News in Myanmar from iMyanmarHouse.com
8 May 2017 9:35 am တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ ရောင်းချပြီးသူများအနေဖြင့် အခြေပစ္စည်းရောင်းချမှုအပေါ် အ ခွန်ပေးဆောင်ရန် သတ်မှတ်ချက် ရှိထားသော်လည်း ၄င်းမှ အခွန်ဝင်ငွေ ရရှိ မှုမှာ အလွန်နည်းပါးနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြော သည်။

အိမ်ခြံမြေရောင်းချမှုအပေါ် အခွန်ဆောင်ရာတွင် မူလပစ္စည်းတန်ဖိုး၏ အြ မတ် အစွန်း ငွေပေါ်တွင်သာ ၁ဝ ရာခိုင်နှုန်း ပေးဆောင်ရခြင်းဖြစ်ေ ကြာင်း၊ သို့ရာတွင် ၄င်းမှ အခွန်ငွေရရှိမှုမှာ လက်ရှိကာလအထိ အရောင်း အဝယ်ြ ဖစ်မှု၏ ၁ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်း ဦးကျော်အောင်မိုးက ပြောသည်။

''ဒါက အိမ်ခြံမြေတွေကို လက်ပြောင်းလက်လွှဲရောင်းတာတွေ များပြီး အ ခွန်ဆောင်စေဖို့ မူလပိုင်ရှင်ကို ရှာရာမှာ အခက်အခဲရှိတာကြောင့်လည်း ပါပါတယ်။ ပြီးတော့ အခွန်ကို ရက်ပေါင်း ၃ဝ အတွင်း ပေးဆောင်ကြဖို့ သတ်မှတ်ချက် ရှိထားတာကြောင့်လည်း ပါပါတယ်''ဟု ဦးကျော်အောင်မိုးက ဧပြီ ၂၈ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ၌ ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စာရင်းများအရ အိမ်ခြံမြေ အရောင်းအဝယ်ြ ဖစ်မှုမှာ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အတွင်း တစ်နှစ်ထက် တစ်နှစ် တိုးနေပြီး၂ဝ၁၄-၁၅ ခုနှစ်တွင် ၃,၃ဝဝ ကျော်၊ ၂ဝ၁၅-၁၆ ခုနှစ်တွင် ၄,၇ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ် များတွင် ရောင်းချမှုမှ အခွန်ရရှိမှုမှာ ၁ဝ ရာခိုင်နှုန်းအောက်တွင်သာ ရှိနေ သည်။ အိမ်မြေရောင်းချပြီးနောက် အခြေပစ္စည်းရောင်းချမှု အပေါ်တွင် အ ခွန်ဆောင်ထားပြီး ဝင်ငွေရလမ်း ပြထားပါက ကား၊ အိမ်မြေ စသည့် ပစ္စည်း များ ပြန်ဝယ်ယူလျှင် အခွန်သက်သာခွင့် ရနိုင်သော အခွင့် အရေးရှိေ ကြာင်း
ဦးကျော်အောင်မိုးက ပြောသည်။ အခြေပစ္စည်းရောင်းချမှုအပေါ် အခွန် ကို ရောင်းချပြီး သုံးနှစ်ကျော်လွန်သွားပါက ပေးဆောင်ခွင့် မရှိတော့ပေ။

မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဝင်းက ရောင်းချသူများ အေ နဖြင့်အခွန် ဆောင်ခြင်းအားဖြင့် မည်သို့အကျိုးကျေးဇူးရှိနိုင်မည်ကို သိရှိခြင်း နည်းပါးနေပြီး မိမိဘက်မှ ဦးစွာ ငွေကုန်ကျသွားမည်ကိုသာ ဦးစားပေး တွေး တတ်ကြကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် ရနိုင်မည့် အကျိုးများကို လူထု ပိုမိုသိရှိအောင် လုပ်ဆောင်လာနိုင်ပါက အခွန်ဆောင်သူ တိုးလာနိုင် မည် ထင်ကြောင်း ပြောသည်။

''ရောင်းချသွားသူတွေအနေနဲ့ အခွန်ဆောင်ဖို့ အကြောင်းကြားရင်လည်း မူ လလိပ်စာနေရာမှာ မရှိတော့တာတွေ၊ တခြားကို ပြောင်းရွှေ့သွားတာတွေ ကလည်း အခွန်ဆောင်တာ နည်းပါးတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ တ ကယ်တော့ အိမ်မြေရောင်းသူတွေအနေနဲ့ တခြားတစ်နေရာမှာ ပြန်ဝယ်ယူ ဖို့ စိတ်ကူးရင် ဒီအခွန်ဟာ ဆောင်သင့်တဲ့အခွန်ပါ။ ကျွန်တော်တို့ အကျိုးေ ဆာင်တွေ အနေနဲ့လည်း ဒါမျိုး ရှင်းပြသင့်ပါတယ်'' ဟု ဦးအောင်ဝင်းကြေ ပာသည်။

အခွန်အကောက်ဥပဒေသစ်အရ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ဝယ်ယူသူ များက ပေးဆောင်ရမည့် အခွန်နှုန်းထားကို အိမ်မြေတန်ဖိုး ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service