မေ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာကျော် ကျဆင်းမှုကြောင့် ပြည် တွင်းရွှေ ဈေးနှုန်းသည် ဧပြီ ၄ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်သို့ ပြန်ရောက်ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သော ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၅၀ ခန့် မြင့်တက်ခဲ့ရာ ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။
ထို့နောက် ဧပြီ ၂၁ ရက် အထိ ၁၂၈၄ ဒေါ်လာဝန်းကျင် ရှိခဲ့သော်လည်း ယင်းနောက်ပိုင်းမှ စတင်ကာ တအိအိ ပြန်ကျခဲ့ရာ ဧပြီ ၂၄ ရက်တွင် ဒေါ် လာ ၁၂၇၀၊ ဧပြီ ၂၅ ရက်တွင် ၁၂၆၅ ဒေါ်လာ၊ ဧပြီ ၂၈ ရက်တွင် ၁၂၆၆ေ ဒ်ါလာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်တာ ဈေးကွက်ပြန်စသည့် မေ ၁ ရက် တွင် ၁၂၆၁ ဒေါ်လာ၊ မေ ၂ ရက်တွင် ၁၂၅၅ ဒေါ်လာ၊ မေ ၃ ရက်တွင် ၁၂၄၆ ဒေါ်လာ၊ မေ ၄ ရက်တွင် ၁၂၃၄ ဒေါ်လာသို့ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စလျှင် ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်သို့ ပြန်လည် ရောက်ရှိခဲ့ ကာ ဖေဖော်ဝါရီ ၂၄ တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြ င်း ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေးသည် ပြန်လည်ကျဆင်းခဲ့ရာ မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက်အထိ ရောက်ရှိခဲ့ပြီး မတ် ၂၀ ရက်တွင်ေ ဒ်ါလာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက်တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြ န်ရောက်ခဲ့သည်။ မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့် အထိ မြင့်တက်ခဲ့ ပြီးနောက် မတ် ၃၁ ရက်တွင် ၁၂၄၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထက်၊ ဧပြီ ၁၄ ရက်တွင် ဒေါ်လာ ၁၂၈၀ အထက်၊ ဧပြီ ၁၈ ရက်တွင် ဒေါ်လာ ၁၂၉၀ အထက်သို့ ဆက်တိုက် မြင့် တက်ခဲ့ကာ ဧပြီ ၂၁ ရက်တွင် ၁၂၈၀ ကျော်၊ ဧပြီ ၂၄ ရက်တွင် ၁၂၇၀ေ ကျာ်၊ ဧပြီ ၂၅ ရက်တွင် ၁၂၆၀ ကျော်၊ မေ ၄ ရက်တွင် ၁၂၃၀ ကျော် အ ထိ ပြန်လည် ကျဆင်းခဲ့သည်။
ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်ကာ မတ် ၃၁ ရက်တွင် ကျပ် ၈၉၈၉၀၀ သာရှိခဲ့ခြင်း ဖြစ် သည်။ ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်တွင် ကျပ် ၉၀၉၈၀၀ အထိ ရောက်ရှိခဲ့ပြီး သင်္ကြန်ကာလပြီးနော က် ဈေးကွက်ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန်သစ် တင်ခဲ့သည်။
ဧပြီ ၄ ရက်ကစပြီး မေ ၃ ရက်အထိ ပြည်တွင်းရွှေဈေးသည် ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မေ ၄ ရက် တွင် ကျပ် ၈၉၅၈၀၀ ၀န်းကျင် သို့ ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။
Credit: Eleven Media Group