မြို့သစ်တည်ခြင်းနှင့် မြို့မြေ စီမံခန့်ခွဲခြင်းသည် စွယ်တော်ရွက်ပမာ နှစ် လွှာပေါင်းမှ တစ်ရွက်ဖြစ်ပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေက ၎င်းစွယ်တော်ရွက်ကို ထက်ဝက်ခြမ်းပြီး တစ်လွှာစီ ခွဲခြားလိုက် ၏။ ပထမတစ်လွှာကို ဇယား (၁)သို့ပို့ပြီး ဒုတိယတစ်လွှာကို ဇယား (၂)သို့ ပို့ပစ်လိုက်လေ၏။ မြို့မြေစီမံခန့် ခွဲမှုကို ပြည်ထောင်စုအစိုးရ၏ ဥပဒေပြု ဇယားဖြစ်သော ဇယား (၁)တွင် ထည့်သွင်းထားပြီး မြို့ရွာ နှင့် အိုးအိမ်ဖွံ့ ဖြိုးရေး လုပ်ငန်းများကိုမူ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ ဥပဒေပြု ဇယားဖြစ်သော ဇယား (၂)တွင် ထည့်သွင်းထားကြောင်း တွေ့ရှိရလေသ ည်။ ထို့ ကြောင့် အခြေခံဥပဒေအရ ပြောရ လျှင် မြို့ပြမြေစီမံခန့်ခွဲမှု လုပ် ငန်းများသည် ပြည်ထောင်စုအစိုးရ ၏ လုပ်ပိုင်ခွင့် နယ်ပယ်အတွင်း ရောက် ရှိသွားပြီး မြို့တည်ဆောက် ခြင်းနှင့် အိမ်ရာစီမံကိန်း အကောင်အထည်ေ ဖ်ာခြင်း စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းဒေသကြီး အစိုးရ၏ လုပ် ပိုင်ခွင့်နယ်ပယ်အတွင်း၌ တည်ရှိနေပေသည်။
အမှန်စင်စစ် မြို့တည်ဆောက်ခြင်းဟူသည် မြေအသုံးပြုမှု စီမံကိန်းကိုပါေ ဆာင်ရွက်ရခြင်းဖြစ်၍ မြေစီမံခန့်ခွဲမှုလုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်၍ မရနိုင်ေ ပ။ တစ်နည်းအားဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားပြီး မြို့တည်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ခြင်းဟူသည်ြေ မ စီမံခန့်ခွဲမှုလုပ်ပိုင်ခွင့်ရှိမှသာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြစ်ပေ သည်။ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရသည် မြို့မြေစီမံပိုင်ခွင့် ရှိေ သ်ာလည်း မြို့တည်ခွင့်မရှိ။ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသည် မြို့ တည်ခွင့်ရှိသော်လည်း မြေစီမံခန့်ခွဲပိုင်ခွင့်မရှိ။ တစ်ဖွဲ့လျှင် စွယ်တော်ရွက် တစ်လွှာစီကိုင်ပြီး ငိုင်နေရမည့်ကိန်းဖြစ်၏။ ထို့ကြောင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရန်လိုအပ်၏။ ပြင်ဆင်ခြင်းမရှိဘဲ မြို့ တည်လျှင် အခြေခံဥပဒေနှင့်မညီဟု ဆိုဖွယ်ရာရှိ၏။ ထိုကဲ့သို့ အပြစ်ဆိုခြင်း မှ လွတ်ကင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ မြို့တည်သည့် စီမံ ကိန်း ကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ရယူခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းပင်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေ သည်။
ဤနေရာ၌ ရန်ကုန်မြို့သစ်ဟု ခေါ်တွင်နေကြသော မြို့သစ်တည်ဆောက်မှု လုပ်ငန်းကို ကုမ္ပဏီဖွဲ့စည်းပြီး အကောင်အထည်ဖော်ရာ၌ လယ်ယာမြေ များကို လျော်ကြေးပေး၍ အခြားနည်း သုံးစွဲခွင့် လျှောက်ထားသောအခါ ကုမ္ပဏီအမည်ပေါက်မြေများ ဖြစ်လာမည်လောဟု မေးစရာရှိလာပေသည်။ ထို့အပြင် ၎င်းကုမ္ပဏီ သည် မြေစည်ပင်စရိတ်သတ်မှတ် ကောက်ခံခြင်း ၊ မြေကွက်ခွဲစိတ်ခြင်း၊ မြေပုံမြေရာဇဝင်ထုတ်ပေး ခြင်း၊ မြေငှားချထားခြင်း၊ မြေငှား ဂရန်ထုတ်ပေးခြင်း အစရှိသော မြေစီမံခန့်ခွဲမှုလုပ်ငန်း လုပ်ကိုင် ခွင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိသော အဖွဲ့အစည်းဟုတ်၊ မ ဟုတ် မေးခွန်းတစ်ရပ် ပေါ်ပေါက်လာပြန်၏။ ၎င်းလုပ်ပိုင်ခွင့်များ မရှိပါက အခြားနည်းသုံးစွဲခွင့် ရရှိပြီးသော မြေကို လက်ရှိတည် ဆဲဥပဒေများအရ စီမံခန့်ခွဲပိုင်ခွင့် ရှိသော အဖွဲ့အစည်းသို့ လွှဲအပ်ပေးပြီး ဆက်လက် ဆောင် ရွက်စေမှသာ လုပ်ငန်းသဘောအရ သဘာဝကျမည်ဖြစ်၏။ ဥပမာအားဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဗီလာအိမ်ရာ စီမံကိန်းမြေသည် မူလက စစ်ထောက် ချုပ်ရုံး အမည် ပေါက်မြေဖြစ်၏။ ကာကွယ်ရေးဝန်ကြီးဌာနသည် အရပ်ဘက်
မြေငှားဂရန်ထုတ်ပေးနိုင်သော လုပ် ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် ကမ္ဘာအေး ဗီလာအိမ်ရာစီမံကိန်းဆောင် ရွက်သောအခါ မြေကို ရန်ကုန်မြို့ တော် စည် ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီးမှ ဆောင် ရွက်စေခဲ့ရခြင်ြး ဖစ်ကြောင်း တွေ့ရှိရပေသည်။ ၎င်းတို့၏ အစုထည့် ဝင်မတည်ငွေဖြင့် လ ယ်မြေလျော်ကြေးများ ပေးအပ်ပြီးနောက် အခြားနည်း သုံးစွဲခွင့်ရယူခဲ့ေ သာ မြေ ကို စည်ပင်မြေအဖြစ် လွှဲပြောင်းသတ်မှတ်လျှင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက သဘောတူညီနိုင်ပါမည်လော၊ ကန့်ကွက်လျှင် မခက်ပါလောဟူ သော အချက်ကိုလည်း ကြိုတင် စဉ်းစားရန် လိုအပ်မည်ြ ဖစ်၏။ တစ်ပြိုင်တည်းမှာပင် ကုမ္ပဏီနှင့် စည်ပင်အကြား ကြိုတင်သဘော တူညီမှုများ မည်ကဲ့သို့ အခိုင်အမာထားရှိဆောင်ရွက်မည်ဟူသော အချက် များကိုပါ အသေးစိတ်စဉ်း စားရန်လိုအပ်၏။ ဤကိစ္စမှာ မြန်မာနိုင်ငံ၌ ပထမ ဦးဆုံးသော လုပ်ငန်းအတွေ့အကြုံဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ဥပဒေအရ ခိုင် မာမှု ရှိအောင် ဆောင်ရွက်ထား ခြင်းဖြင့် ‘မြို့ကုန်မရှုံးစေရန်’ ကြို တင် အ သင့် စီမံပြီးဖြစ်မည်ဟု ယုံကြည်ပေသည်။
နောက်တစ်ချက် ထပ်လောင်းစဉ်းစားမိသည်မှာ ဒလတံတားနှင့် လက်ရှိ မြို့ သစ်၏ ဆက်စပ်မှုဖြစ်၏။ ဒလတံတားကို ကိုရီးယားနှင့် ပူးပေါင်းဆောက် လုပ်ဖြစ်လျှင် ဒလမြို့သည် စည်ပင်ဖွံ့ဖြိုး မှု အရှိန်အဟုန်လျင်မြန်စွာ မြင့် တက်လာမည်ဖြစ်၏။ ထိုအခါ ဤ မြို့သစ်အပေါ် ပြည်သူတို့၏ စိတ်ပါဝင် စားမှုများစွာ လျော့နည်းသွားမည်မှာ အလွန်သေချာ၏။ ကြည့်မြင်တိုင် တစ် ဖက်ကမ်းမှ မြို့သစ်ကို တံတားမည်မျှထိုးစေကာ မူ ရန်ကုန်မြို့၏ C.B.D နှင့် တစ် ဆက်တည်းရှိလာမည့် ဒလသည် တည်နေရာအရ သရဖူဆောင်း ထား မည်သာ ဖြစ်ပေသည်။ ထို့ ကြောင့် ဒလတံတားမဆောက်ဖြစ် ပါမှ စည် ကားမည့် အနေအထား ဖြစ်နေ၏။ လက်ရှိ တိုင်းဒေသကြီး အစိုးရက ဒလ တံတားတည် ဆောက်မှုကို ကန့်ကွက်ထားကြောင်း သိရှိရ၏။ ဒလမြို့သူမြို့ သားတို့က အမျှော်ကြီးမျှော်၍ အပျော်ကြီးပျော်နေ၏။ ပြည်ထောင်စုအစိုးရက ကိုရီးယားနှင့် စာချုပ် ချုပ်ပြီး၍ အိမ်ရာများ ဖျက်သိမ်း ပြောင်းရွှေ့မှု လျော်ေ ကြးများပေး အပ်ပြီးသော အနေအထားရောက်ခါမှ ကန့်ကွက်ခြင်းမှာ များစွာ အချိန်နှောင်းသွားပြီဖြစ်၏။ ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေး ဝန်ကြီး ဌာနအနေဖြင့်လည်း နောက်ဆုတ်၍ရနိုင်မည်မထင်ပေ။ ဘာပဲဖြစ်ဖြစ် ဒလ တံတားသစ်နှင့် ဒလ မြို့၏ ဖွံ့ဖြိုးမှုအလားအလာများကြောင့် မြို့သစ်အတွက် ‘မြို့ကုန် ရှုံးလျှင် တစ်သက်လုံးမှောက်’ လေမည်လောဟူသော စိုးရိမ်ရေမှတ် သည် မြင့်တက်နေဦးမည်သာဖြစ်၏။
ထို့အပြင် နောင်ပေါ်ပေါက်လာမည်ဟု ပြောဆိုသံများ ကြားနေရသော ရန် ကုန်ဆိပ်ကမ်းသစ်ကြီးနှင့် အထူးစီးပွားရေးဇုန်အသစ်ကြီးကို မျှော်၍ အကြို တည်ဆောက်သည်ဟုဆိုလျှင်လည်း ၎င်းလုပ် ငန်းများ အမှန်တကယ်ဖြစ်နိုင်၊ မနိုင်၊ မည်သည့် ကာလမှ ဖြစ်နိုင်မည် ဆိုသည်ကို ပြည်သူတို့က စောင့် ကြည့်နေကြဦးမှာ သေချာ၏။ နေရေးထက် မြေဦးအိမ်လှောင်လိုသူတို့အတွက် နောင်အလားအလာကို ဗန်းပြဆွဲဆောင်ထားသည့် ပမာလည်း မဖြစ် သင့်ပေ။ လော လောဆယ် လုပ်ငန်းစတင်ချိန်မှ မည်မျှအထိကြာမည်ဟု မ သိနိုင်သေးသော အနာဂတ်ကာလ တစ် စုံတစ်ရာအထိ ကုမ္ပဏီက ကြိုတင် ရင်းနှီးမြှုပ်နှံထားရဦးမှာ သေချာ၏။ တည်နေရာအရ အခြားဒေသ များကို ဆွဲဆောင်နိုင်သော ကိုယ်ပိုင်စွမ်းအား လွန်စွာချို့တဲ့ပြီး ကာလကြာရှည် အခြား အနီးဝန်းကျင် မြို့ပြများ၏ ဒေသစွမ်းအား (Re-gional Functions) ကိုသာ မှီခိုနေရမည်မှာ အလွန်သေချာ၏။
မြို့သစ်တစ်မြို့၏ တည်နေရာဟူသည် ခေတ်မီမြို့ပြဖွံ့ဖြိုးရေးအမြင်အရ သယ်ယူပို့ဆောင်ရေး နှင့် လမ်းပန်းဆက်သွယ်ရေးစနစ်များကို အခြေခံ၍ ဖွံ့ဖြိုးမှု (Tran-sport Oriented Development- TOD) အလားအလာ ရှိေ သာ နေရာဖြစ်ရန် လိုအပ်ပါသည်။ ရန်ကုန်မြို့သစ်ဟုခေါ်ဆိုသော မြို့သစ် တည်နေရာသည် နေပြည်တော်၊ မန္တလေး စသည့်ဒေသများ သို့ လမ်းပန်း ဆက်သွယ်မှုအရ ရန်ကုန်မြို့ကို ဖြတ်သန်းပြီးမှ သွားလာရမည်ဖြစ်၏။ တစ်နိုင်ငံလုံးသို့ ရထားဖြင့် ခရီးသွားလိုလျှင်လည်း ရန်ကုန်မြို့သို့ပင် ဝင်ေ ရာက် ခိုလှုံဖြတ်သန်းရမည်ဖြစ်၏။ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်း ခရီးများအတွက်လည်း အလားတူပင်ဖြစ်၏။ အနာဂတ်တွင် ကွမ်းခြံ ကုန်းေ ဒသ၌ နိုင်ငံတကာလေ ယာဉ်ကွင်းကြီး တည်နိုင်သည်ဟူ သော မက်လုံး ရှိသော်လည်း ၎င်း အချက်မှာ ဒေသအတွင်းရှိ အခြား မြို့အားလုံးထက် ပိုမို ရရှိမည့် အခွင့်ထူးတစ်ရပ်မဟုတ်ပေ။ ထို့အပြင် လက်ရှိ ဟံသာဝတီလေ ယာဉ် ကွင်းကြီး တည်ဆောက်မှုကို ရပ်ဆိုင်းထားရမည်လော၊ မိုင် ၅၀ ကျော် အတွင်း နိုင်ငံတကာလေယာဉ်ကွင်း နှစ်ခုတိုးချဲ့ဆောက်မည်လော၊ တည်ေ ဆာက်နိုင်လောက်အောင် ချမ်းသာကြွယ်ဝနေပြီလောဟု စဉ်းစားရင်း အေ တွးများ ချာချာလည်လည်သွားမှာ သေချာ၏။
၁၈၉၈ ခုနှစ် အောက်မြန်မာ နိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ၌ မြို့ တည်ခြင်းဟူသည် မြေယာများသိမ်းပြီး အစိုးရအတွက် ဘဏ္ဍာငွေ အမြတ် အစွန်းရရေးကို မျှော်ကိုးဆောင်ရွက်ရန်မဟုတ်၊ တိုင်းကျိုးပြည်ကျိုး ဖြစ် ထွန်းစေရ မည်ဟု ဖော်ပြထားရုံမျှမက တိုင်းကျိုးပြည်ကျိုး ဆိုသည်မှာ လည်း ပြည်သူများ၏ ကျန်းမာရေးမှအစ အရပ်ရပ်သော အခွင့်ကောင်းများ ရရှိစေရန် မြို့တည်ခြင်းကို ဆိုလိုကြောင်း လေ့လာတွေ့ရှိရပေသည်။
ထို့ကြောင့် မြို့တည်မည့် နေရာသည် ဆက်သွယ်ရေးလမ်း ကြောင်း
ကောင်းမွန်သော နေရာ ဖြစ်ရမည်။ မြေပြင်ညီ၍ ရေမဝပ်သော နေရာဖြစ်ရမည်။ သောက်သုံးရေရရှိနိုင်သော နေရာဖြစ်ရ မည့်အပြင် အဖိုးနှုန်းသက်သာ စွာ ဖြင့် သိမ်းယူနိုင်သော နေရာဖြစ်ရမည်ဟု အစရှိသော အချက်များကို ပါ ဖော်ပြထားကြောင်း တွေ့ရှိနိုင်ပြန်၏။ အလွန်မှတ်သားထိုက်သော အ ချက်များ ဖြစ်သည့်အပြင် မျက်မှောက်ခေတ် မြို့ပြဖွံ့ဖြိုးရေး အတွက် လက်ေ တွ့ကျကျ စံထား ရမည့် အင်္ဂါရပ်များ ဖြစ်နေပေသည်။
လက်ရှိ ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်သည် (၁) ဆက်သွယ်ရေး လမ်းကြောင်းအရ TOD မဟုတ်ပါ။ (၂) မြေပြင်ညီရေမဝပ် သော နေရာလည်း မဟုတ်ပါ။ (၃) သောက်သုံးရေရရှိနိုင်သော နေရာ လည်း မဟုတ်ပါ။ သောက်သုံးရေ အတွက် ဂျိုးဖြူ၊ ငမိုးရိပ်၊ လှော်ကား၊ ဖူးကြီး စသည်တို့ကို အားထားရန်လည်း မလွယ်သည့်အပြင် တိုးမြစ်၊ ကုက္ကိုဝစီမံကိန်းဟူသည် မည်သည့်နှစ်တွင် အကောင်အထည်ပေါ်လာမည် ဆိုသည်ကို လည်း အတိအကျ မသိရသေးေ ပ။ ရေရှားလျှင် နိုင်ငံတကာအဆင့်မမီဘဲ ‘မြို့ကုန်ရှုံးရန်’ အလားအလာ များ စွာ ရှိနေ၏။ အဝီစိတွင်းများ အမြောက်အမြားတူး၊ ရေသန့်စင်စနစ်များသုံး၍ အထပ်မြင့်တိုက်များကိုပင် ရေဖြန့်ဝေနိုင်မည် ဟုဆိုသော သူတို့၏ အတွေး ကို ရွှေ ချပြီး မြို့ပြဖွံ့ဖြိုးရေး ရှေးဟောင်းပြတိုက်ကို ပို့ရပေတော့မည်။
နောက်ဆုံးအချက်အနေဖြင့် ‘ရန်ကုန်မြို့သစ်’ဟူသော အနွတ္ထသညာ၏ သမိုင်းကြောင်းကို ဆန်းစစ်ရန် ဖြစ်၏။ တပ်မတော်အစိုးရ လက်ထက်မှစ၍ ‘ရန်ကုန်မြို့သစ်’ ဟူသော အမည်ဖြင့် လက်ရှိ ဒဂုံ (ဆိပ်ကမ်း)မြို့နယ်အ တွင်း တည် ဆောက်ရန် စီစဉ်ခဲ့ကြောင်း တွေ့ရှိရ၏။ မူလရန်ကုန်မှ ဝန်ကြီး ရုံး များအပါအဝင် အစိုးရရုံးဌာနအား လုံး ရုံးစိုက်မည့် မြို့သစ်အား သီးသန့် တည်ရန် ရည်ရွယ်၍ ‘ရန်ကုန် မြို့သစ်’ဟု ခေါ်ဆိုရန်ဖြစ်ကြောင်း သိရှိရ၏။ အစိုးရရုံးဌာနများ၊ ရွှေ့ ပြောင်းရန်မဟုတ်သော မြို့များကိုမူ ရန်ကုန်မြို့သစ် ဟု မခေါ်ဘဲ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့ သစ် စသည့် အမည်များကို သာ ပေးအပ်ခဲ့ကြောင်းလည်း တွေ့ရှိနိုင် ၏။ အိန္ဒိယနိုင်ငံတွင် အစိုးရရုံး စိုက်ရာ မြို့သစ်အဖြစ် မူလဒေလီ နှင့် တစ်ဆက်တည်း နယူးဒေလီကို တိုး ချဲ့တည်သကဲ့သို့ဖြစ်၏။ နောင် တွင် နေပြည်တော်ဟူသော အစိုး ရရုံးစိုက် ရာ မြို့ကြီးတည်ထောင် မည့် စီမံကိန်းကြောင့် ထိုစဉ်ကာ လ ရန်ကုန်မြို့ သစ်ဟူသည်လည်း လွင့်ပျောက်ခဲ့လေ၏။ ထို့ကြောင့် ရန်ကုန်မြို့သစ် အ
မည်ကို ဝိသေ သဂုဏ်ရည်မရှိဘဲ မှည့်ခေါ်နိုင်မည်ဟု မယူဆစေလိုပေ။
လက်ရှိ မူလရန်ကုန်အား မြို့ဟောင်းအသွင်ဖြစ်လာအောင် ခွဲခြားမှု (Segregation)တစ်ရပ်လည်း ပေါ်ထွန်းလာနိုင်၏။ ‘ဖိုးစိန်’ ရှိနေသည်ကို ‘ဖိုးစိန်သစ်’ ‘ဒုတိယ ဖိုးစိန်’ဟု အမည်ပေါ်ထွက်လာပြီး မူလထက် အဘက် ဘက်မှ သာလွန်မှုမရှိပါလျှင် ‘မျောက်ဖိုးစိန်’ဖြစ်သွားနိုင်ခြေရှိကြောင်း သတိပြုရမည်ဖြစ်၏။ မူလဖိုးစိန်ကို ပြန်မှီခို နေရပါမူ ‘အောက်ဖိုးစိန်’ဖြစ်လာ မည်ထင်၏။
အကယ်၍ ‘လှိုင်ယမုံမြို့’ ‘ကမ်းသာယာမြို့’ စသည်ဖြင့် လွတ်လွတ်ကင်းကင်း အမည်သစ် များ ရွေးချယ်ပေးလျှင် ကိုယ့်အ ချင်းနှင့် ကိုယ့်အဆင်း သီးခြား ရပ် တည်မှု ပိုမိုပီပြင်မည်ဖြစ်၏။ မည်သို့ဆိုစေ ယခင်ဆောင်းပါးနှင့် ယခုေ ဆာင်းပါး၌ လက်ရှိအချိန်အခါ သည် မြို့သစ်တည်ရန် အခါဟုတ်၊ မဟုတ်၊ တည်နေရာသည် မြို့သစ်တည်ရန် အခွင့်သာသော နေရာအကွက်အကွင်း ဟုတ်၊ မဟုတ်၊ မည်သူတွေအတွက် မြို့သစ်တည်မည်နည်း၊ မြေလှောင် သူ တို့၏ အန္တရာယ်ကို မည်သို့ကာ ကွယ်မည်နည်း၊ တည်ဆဲဥပဒေများကို အာြး ပုဆောင်ရွက်နိုင်မည့် အခြေအနေများ မည်သို့ရှိသနည်း စသည်တို့မှအ စ လေးသိန်းကျော်ရှိသော အိမ်ရာမဲ့ကျူးကျော်များ၏ နေရေးနှင့် မြို့သစ် တည်မှု အနေအထားများကို ဆက်စပ်ပြီး ရှုထောင့်ပေါင်းစုံမှ ဆန်းစစ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် JICA ၏ စီမံကိန်းအရ မူလဘူတ ဒုတိယ ဦးစားပေး
ဖြစ်နေသည်ကို ယခင် အစိုးရက ပထမဦးစားပေးနေရာ မရရအောင် ဇွတ် အတင်း ဖန်တီးခဲ့ သည့် သမိုင်းခြေရာနောက်သို့ လိုက်ပါရင်း မြို့ကုန်ရှုံး၍ တစ် သက်လုံးမှောက်သော အန္တရာယ် နှင့် မကြုံစေရန် စေတနာကောင်ြး ဖင့် ရေးသားရခြင်းဖြစ်ပါကြောင်း ထပ်လောင်း မြွက်ဟလိုက်ရ ပါသတည်း။။
Credit: 7DayDaily