မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည်

မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
4 May 2017 11:45 am တွင် တင်ခဲ့သည်
3466 ကြိမ် ကြည့်ရှု့ပြီး
တစ်ခေတ်တစ်ခါက ကမ္ဘာတစ်လွှားရှိ ပုရိသတို့၏ အသည်းနှလုံးကို ကိုင်လှုပ်ခဲ့ဖူးသည့် အလှနတ်ဖုရားမ မာရီလင်မွန်ရိုး လဲကျသေဆုံးသွားခဲ့ရာ နေအိမ်ကြီးသည် ကန်ဒေါ်လာ ၆ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိသည့်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ် ဘရန့်ဝုဒ်မြို့ တွင်ဖြစ်ပြီး ဟာဆီယန်ဒါ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ တစ်ထပ်အဆောက်အအုံ ဖြစ်သည်။

ယင်းနေအိမ်သည် မာရီလင်မွန်ရိုး၏ ပထမဆုံးနှင့် နောက်ဆုံးနေအိမ်လည်း ဖြစ်သည်။အကျယ်အဝန်း စတုရန်းပေ ၂၆၂၄ ရှိပြီး ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မာရီလင်မွန်ရိုး မကွယ်လွန်မီ ၆လ နီးပါးခန့် နေထိုင်သွားခဲ့သည်။

မာရီလင်မွန်ရိုးသည် ယင်းနေအိမ်ကို အလွန်နှစ်သက်မြတ်နိုးပြီး မကွယ်လွန်မီ သီတင်းပတ် အနည်းငယ်က life မဂ္ဂဇင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူ၏ နေအိမ်ကို ဓာတ်ပုံအရိုက်ခံရန် ငြင်းဆန်ခဲ့ကာ
“ကျွန်မ ဘယ်မှာနေတယ်ဆိုတာ ဘယ်သူ့ကိုမှ အတိအကျ မသိစေချင်ဘူး။
ကျွန်မရဲ့ ဆိုဖာက ဘယ်လို ၊ မီးလင်းဖိုက ဘယ်လိုဆိုတာမျိုးပေါ့” ဟု ပြောကြားခဲ့သည်။

နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း ၊ရေချိုးခန်း ၃ ခန်း ၊ရေကူးကန် ၁ ကန် ပါဝင်ကာ ဘရန့်ဝုဒ်မြို့ ၊ ဟယ်လီနာလမ်း တွင် အကျယ်ဆုံးမြေကွက်ဖြစ်သည်။
မာရီလင်မွန်ရိုးသည် ၁၉၆၂ ခု သြဂုတ်လ ၅ ရက် မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အိမ်အလုပ်သမားဖြစ်သူ ယူနိုက်စ် မာရေးသည် မနက် ၃နာရီခန့်တွင် အိပ်ယာမှ နိုးလာချိန်၌ မွန်ရိုး၏ အိပ်ခန်း မီးလင်းနေသည်ကို တွေ့ခဲ့ရပြီး သွားရောက်ခေါ်ငင်ရာ တုန့်ပြန်မှုမရှိဘဲ တံခါးကို အတွင်းမှ ပိတ်ထားသည်ကို တွေ့ရသည်။မာရေးက မွန်ရိုး၏ ဆရာဝန် ဒေါက်တာ ဟိုင်မန်း အန်ဂျယ်ဘာ့ ကို ခေါ်ယူရာ နံနက် ၃း ၅၀ အချိန်တွင် ရောက်ရှိလာခဲ့ပြီး ဝင်ရောက်ကြည့်ရှုရာတွင် မွန်ရိုးသေဆုံးနေသည်ကို တွေ့ရှိရသည်။
နံနက် ၄း ၂၅ အချိန်တွင် လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

မွန်ရိုး၏ အမှုကို “လော့စ်အိန်ဂျလိစ် မိမိကိုယ်ကို အဆုံးစီရင်မှုကာကွယ်ရေးအသင်း” မှ ကျွမ်းကျင် ပညာရှင်များနှင့် ဆေးပညာရှင်များ စစ်ဆေးခဲ့ကြပြီး သေဆုံးရခြင်း အကြောင်းအရင်းမှာ ပြင်းထန်သည့် စိတ်ငြိမ်ဆေး အဆိပ်သင့်မှု ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
သူ၏သွေးထဲတွင် ကလိုရယ်ဟိုက်ဒရိတ် ရာခိုင်နှုန်း ၈ မီလီဂရမ်၊ ပန်တို ဘာပီတယ်ရာခိုင်နှုန်း ၄ ဒသမ ၅ မီလီဂရမ်အပြင် အသည်းအတွင်း၌ ပန်တိုဘာပီတယ်ရာခိုင်နှုန်း ၁၃ မီလီဂရမ် စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ပမာဏမှာ သေစေနိုင်သည့် အတိုင်းအတာထက် အဆပေါင်းများစွာ ကျော်လွန်နေသည်ဟု ဆိုသည်။

သူ၏ အိပ်ယာဘေးတွင်လည်း ဆေးပုလင်းအလွတ်များ တွေ့ရှိခဲ့သည်။
မွန်ရိုး ရုတ်တရက် သေဆုံးသွားမှုကို အမေရိကန်နှင့် ဥရောပရှိ သတင်းစာတိုင်းက မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

မွန်ရိုး သေဆုံးပြီးနောက်ပိုင်း လော့စ်အိန်ဂျလိစ်တွင် မိမိကိုယ်ကို အဆုံးစီရင်မှု နှစ်ဆခန့်မြင့်တက်လာခဲ့ပြီး သတင်းစာများ၏ ရောင်းအားမှာလည်း တစ်ဟုန်တိုး ထိုးတက်သွားခဲ့ကြသည်။ချီကာဂိုထရီဗြွန်း သတင်းစာသို့ မွန်ရိုးသေဆုံးမှုနှင့် စပ်လျဉ်း၍ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုပေါင်း တစ်နေ့လျှင် အကြိမ်ရာနှင့် ချီ၍ ရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းနီးပါးဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Yadanar Bon
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service