အစိုးရသစ်လက်ထက် ရန်ကုန် စည်ပင် ဝင်ငွေ ခုနစ်ဆ တက်ဟု မြို့တော်ဝန်ဆို

အစိုးရသစ်လက်ထက် ရန်ကုန် စည်ပင် ဝင်ငွေ ခုနစ်ဆ တက်ဟု မြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
4 May 2017 11:43 am တွင် တင်ခဲ့သည်
628 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးေ က်ာမတီက စည်ပင်ပိုင် မြေ ငှားရမ်းခနှုန်းများကို ခေတ်ကာလနှင့် လျော်ညီ စွာ ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့သည့်အတွက် စည်ပင်၏ အခွန်ကောက် ခံရရှိမှု ခုနစ်ဆခန့် မြင့်လာသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က မြန်မာတိုင်း(မ်) ကို ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း တစ်လျှောက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုး ရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့၏ မြေငှားရမ်းခနှု န်း များသည် ကာလပေါက်ဈေးများနှင့် မလျော်ညီဘဲ နည်းခဲ့သည့်အတွက် အ စိုးရဝင်ငွေရရှိမှုတွင် နစ်နာမှုများ ရှိခဲ့သည်ဟု လွှတ်တော်အမတ်များကေ ထာက်ပြကြသည်။

''၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်က အရင်အစိုးရလက်ထက် ငှားရမ်းနှုန်းတွေ ဆိုေ တာ့ ပြင်လို့မရဘူး။ ကတိကဝတ်နဲ့ လုပ်ထားတာဆိုတော့။ ၂ဝ၁၇-၁၈ ဘ ဏ္ဍာနှစ် အခုနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဆွဲထားတဲ့ ဘတ်ဂျက်နဲ့ ဆိုေ တာ့ တက်သွားပါပြီ။ စည်ပင်ရဲ့ အခွန်ရငွေတွေ ခုနစ်ဆလောက် တက်သွား ပြီ။ ဈေးကွက်ပေါက်ဈေးနဲ့ ငှားရမ်းခတွေကို ကောက်ခံတော့ နိုင်ငံတော် အ တွက် အများကြီး အကျိုးရှိတာပေါ့''ဟု ဦးမောင်မောင်စိုးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်သည် ယခင်အစိုးရက ရေးဆွဲခဲ့သည့် ဘတ် ဂျက်ကို ယခုအစိုးရက လုပ်ဆောင်ရခြင်းဖြစ်ပြီး လက်ရှိ လွှတ်တော်တွင် ပြ ည်သူ့ငွေ စာရင်းကော်မတီက တင်ပြသည့် အစီရင်ခံစာ စာချုပ်သည်လည်း ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက်ဖြစ်သည့်အတွက် ယခင်အစိုးရ ရေးဆွဲခဲ့သည့် ဘတ်ဂျက်ကြောင့် ငှားရမ်းခနှုန်းများ နည်းနေခဲ့ခြင်းဖြစ်ကြောင်း ၄င်းကြေ ပာသည်။

''အခု အစိုးရ တက်ခါစက ဧပြီ ၂ဝ၁၆ မှ ဆိုတော့ ဘတ်ဂျက်က အရင်စည် ပင် ကော်မတီအဖွဲ့က ဆွဲပြီးသား ဘတ်ဂျက်ပဲ။ သူတို့ဆွဲထားတဲ့ ဘတ်ဂျက် ဆိုတော့ ဒီအတိုင်း သွားရတာပဲ။ ၂ဝ၁၅-၁၆ က တွေ့သလို ၂ဝ၁၆-၁၇ မှာလည်း ဝင်ငွေနည်းတာ တွေ့ဦးမှာပဲ''ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ ပန်းခြံ၊ ဥယျာဉ်နှင့် အားကစားကွင်းများတွင် ပုဂ္ဂလိက ကုမ္ပဏီများကို စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုများအတွက် မြေငှားရမ်း သည့် စည်ပင်သာယာရေးကော်မတီ၏ ပန်းဥယျာဉ်နှင့် အားကစား ဌာနမှာ လည်း ယခု ဘဏ္ဍာနှစ်အတွက် ငှားရမ်းခများကို ကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်သတ်မှတ် ငှားရမ်းနေပြီဖြစ်ကြောင်း ဌာနမှူး ဦးကိုကိုလင်းက
ပြောသည်။

''မြေငှားခနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့မြေဌာနက ထုတ်လုပ်တဲ့ မြေငှားရမ်းခ နှုန်းထားများ ပြင်ဆင် သတ်မှတ်ြ ခင်းဆိုတာပေါ်မှာ အခြေခံပြီးတော့ နောက်ပိုင်းတွေ၊ ငှားရမ်းမှုတွေကိုေ တာ့ ခေတ်ကာလနဲ့ လျော်ညီအောင် တိုးမြှင့်တာတွေ ရှိပါတယ်။ အခုဆိုရင် တိုးလိုက်တာနဲ့ ဘာနဲ့ပတ်သက်ပြီး ကော်မတီဝင်ငွေတော့ တော်တော် တိုး ပြီးရလာပြီ''ဟု ၄င်းက ပြောသည်။

ငှားရမ်းခပြင်ဆင်မှုများကို ယခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် မတ် ၁ ရက်မှ စတင် ကာ ကော်မတီ၏ ညွှန်ကြားချက်များနှင့်အတူ ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြှင့် ကောက်ခံလျက် ရှိသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Yadanar Bon
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service