ကမ္ဘာ့ဘဏ်မှချေးယူထားသည့် ဒေါ်လာသန်း ၂ဝဝ မှ ဗဟိုဘဏ်အတွက် ၂၅ သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ မေ ၂ ရက်က နြေ ပည်တော်တွင် ပြုလုပ်သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းစာ ရှင်း လင်းပွဲတွင် ကမ္ဘာ့ဘဏ်မှချေးယူထားသောငွေများအား မည်သည့်နေရာတွင် အသုံးပြုမလဲဟု မီဒီယာတစ်ခု၏မေးမြန်းခြင်းကို ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''သန်း ၁ဝဝ က ကျွန်တော်တို့ ဗဟိုဘဏ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနပေါင်း ပြီးတော့ ကျွန်တော်တို့ချေးတာဖြစ်ပါတယ်။ သန်း ၁ဝဝ မှာမှ မြန်မာနိုင်ငံေ တာ် ဗဟိုဘဏ်ရဲ့ အချိုးက ၂၅ သန်းပဲဖြစ်ပါတယ်။ ၇၅ သန်းကတော့ စီမံ ဘဏ္ဍာဖြစ်ပါတယ်'' ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအစိုးရအား ဒေါ်လာသန်း၂ဝဝ ချေးရန် ဧပြီ ၂၇ ရက် ကအတည်ပြုခဲ့ပြီး အဆိုပါ သန်း ၂ဝဝ မှ သန်း ၁ဝဝ အား ဗဟိုဘ ဏ်နှင့် စီမံဘဏ္ဍာ ဝန်ကြီးဌာနမှ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ဗဟိုဘဏ်မှ ၂၅ သန်း အသုံးပြုသွားမည်ဖြစ် ကြောင်း သိရသည်။ ဗဟိုဘဏ်အတွက် အသုံြး ပုမည့် ဒေါ်လာ ၂၅ သန်းအား ငွေပေးချေမှုစနစ်များ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒေါ်လာ ၂၅ သန်းမှာမှ အဓိက ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်ေ တ်ာတို့ ငွေရေးကြေးရေးစီးဆင်းမှုနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေးပေးချေမှုတွေပေါ့။ အဲဒါတွေကို အီလက်ထရွန်နစ်စနစ်တွေ၊ ကွန်ပျူတာစနစ်တွေ ကျွန်ေ တ်ာတို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်'' ဟု ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းအပြင် ငွေရေးကြေးရေးနှင့်ပတ်သက်သည့် Training Center များကို လည်း ယင်းငွေထဲမှပင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ '' Training Center ပေါ့နော်။ ကျွန်တော်တို့ ဒီအဓိကကဘာလဲဆိုတော့ ကျွန်တော် တို့ဆီမှာရှိတဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အသိပညာပေါ့။ Financial Literacy ပေါ့။ အဲဒါကိုပိုပြီးတော့ ပံ့ပိုးပေးနိုင်ဖို့အတွက် ကျွန်ေ တ်ာတို့ ဒီ Training Center ကိုလည်း ကမ္ဘာ့ဘဏ်ကနေပြီးတော့ ကမ္ဘာ့ ဘဏ်ရဲ့အကူအညီနဲ့ပဲတည်ဆောက်သွား ဖို့ရှိပါတယ်'' ၎င်းက ပြောသည်။
Credit: Democracy Today