ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောကြည့်ရအောင်။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံဖြစ်တယ်ဆိုတာ သာမန်အားဖြင့် သိကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဘာ ကြောင့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံဖြစ်ရ တယ်ဆိုတဲ့ အကြောင်းအချက်တွေကိုလည်း သိဖို့ လိုမယ်။
၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရယ်လို့ သတ် မှတ်ရုံနဲ့ မလုံလောက်ဘဲ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေဆိုပြီး သတ်မှတ်သင့်ေ ကြာင်း စတင်ဆွေးနွေးခဲ့ရာက ၁၉၇၁ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ချက် အမှတ် ၂၇၆၈(၂၆)နဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ပထမဆုံး ဖွံ့ဖြိုးမှု အနည်း ဆုံး နိုင်ငံအုပ်စုစာရင်း ထုတ်ပြန်ခဲ့တယ်။
အဲဒီလိုသတ်မှတ်ရာမှာ စာရင်း ဝင်ဖို့က အဓိက အချက်သုံးချက်နဲ့ တိုင်းတာ တယ်။
(၁) ဆင်းရဲမွဲတေခြင်း
နိုင်ငံစုစုပေါင်းဝင်ငွေ(Gross National Income) အရ တစ်နှစ်ပျမ်းမျှ တစ်ဦးချင်းဝင်ငွေဟာ ကန်ဒေါ်လာ ၉၉၂ ထက် နည်းရမယ်။ သုံးနှစ်ပျမ်းမျှ သင့် လျော်အောင် ကိုက်ညှိပြီး တွက်ချက်ပေး တယ်။ ၂ဝ၁၂ ခုရောက်ရင် အဲဒီဝင်ငွေဟာ ဒေါ်လာ ၁၁၉ဝ ကျော်သွားပါက ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး စာ ရင်းဝင်က လွတ်မြောက်မယ်။
(၂) လူသားအရင်းအမြစ် အားနည်းခြင်း
ကျန်းမာရေး၊ အာဟာရရှိရေး၊ ပညာရေး၊ သက်ကြီးစာတတ်မြောက်ရေး စတာတွေအပေါ် အခြေခံတွက်ချက်တယ်။
(၃) စီးပွားရေး ထိခိုက်လွယ်ခြင်း
စိုက်ပျိုးရေးက ထုတ်လုပ်မှု မတည်ငြိမ်ခြင်းအပေါ် ပို့ကုန်နဲ့ ဝန်ဆောင်မှု မတည်ငြိမ်ခြင်းအပေါ် မိရိုးဖလာလုပ် ငန်းမဟုတ်တဲ့ စီးပွားရေး ကုန်သွယ်မှု လုပ် နိုင်ခြေအပေါ် အသေးစားစီးပွားရေးလုပ် ငန်းတွေကို အကြောပေးမှု အပေါ် သဘာဝ ဘေးအန္တရာယ်ကြောင့် ပြည်တွင်း ရွှေ့ပြောင်း လူဦးရေ အပေါ် စသဖြင့် အခြေခံ တွက်ချက်တယ်။ ဒါ့အပြင် ထည့်တွက်ရမယ့် အ ချက်များကို ဖော်ပြရာမှာ အလွန် ပြင်းထန်တဲ့ ဆင်းရဲနိုင်ငံတွေဟာ အောက် ပါ စရိုက်လက္ခဏာတွေရှိကြောင်း ဖော်ပြ တယ်။
ပြည်တွင်းစစ်၊ လူမျိုးရေးနဲ့ ဘာသာရေး၊ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်ခြင်း စတာတွေ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်နေမှု၊ နိုင်ငံရေးအကျင့် ပျက်ြ ခစားမှု၊ နိုင်ငံရေးနဲ့ လူမှုရေး မတည်ငြိမ်မှု၊ အစိုးရတည်ဆောက်ပုံဟာ Authoritazia အာဏာရှင်၊ Diatatorship အာ ဏာရှင်၊ Diatatorship စစ်အာဏာရှင်နှင့် Kleptocracy အခြေအနေအရ အလိုလို အာဏာသိမ်းမှု စတာတွေရှိတဲ့နိုင်ငံတွေ ဟာ ဆင်းရဲခြင်း ပြင်းထန်ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၈၇ ခုနှစ် မှာ GNI တစ်ဦးချင်း ကန်ဒေါ်လာ ၈၃၅ ဒေါ် လာသာရှိလို့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ ၂ဝ၁၂ ခုနှစ်မှာ လည်းေ ဒ်ါလာ ၁၁၉ဝ မကျော်ဘူး။ နောက်ပိုင်းသတ်မှတ် ချက် တိုးတိုးလာတာကို လိုက်မမီနိုင်လို့ မလွတ်မြောက်နိုင်ဘူး။
ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေချိန်မှာ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ ခက်ပါ တယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေ တည်ထောင်ဖို့ ငွေရင်းငွေနှီး မလုံေ လာက်ကြဘူး။ စီးပွားရေးလုပ်ကိုင်ဖို့ လုပ်ငန်း တွေ ရှားပါးတယ်။ အလုပ်အ ကိုင်အခွင့် အလမ်းတွေ အရမ်းနည်းပါးတယ်။ ပြော ကြတာပဲ။ ပြည်တွင်း ရင်းနှီးမြှုပ်နှံဖို့ ကောင်း မွန်အောင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပြီ ပဲ။ နည်းဥပဒေနဲ့ စည်းကမ်းစည်း မျဉ်း ထွက်ပြီပဲ။ လုပ်ကြပါတော့လားတဲ့။
အရင်းအနှီးအတွက် ငွေချေးရ လွယ်ကူအောင် ဘဏ်အတိုးနှုန်းတွေ လျှော့
ပေးထားပြီပဲတဲ့။ ဟုတ်ပါတယ်။ ဘဏ်အတိုးနှုန်းဟာ ၁၅ ရာခိုင်နှုန်း၊ ၁၄ ရာ ခိုင် နှုန်းဆိုရင်များလို့ ငွေချေးတဲ့သူနည်းတယ်။ ၁၂ ရာခိုင်နှုန်းအ ထိ လျှော့ တယ်ဆိုပြီး လျှော့ ပေးခဲ့တာ။ စတင်လျှော့ချချိန်ကနေ ၁ဝ နှစ် လောက် ကြာ ခဲ့ပေမယ့် ငွေကို လောက် လောက်လားလားချေးပြီး ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းအောင်အောင်မြင်မြင်လုပ်နိုင်သူ အလွန်နည်းခဲ့တယ်။ ရှင်းရှင်းပြောရရင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ် ငန်းသမားတွေ ငွေချေးပြီး စီးပွားေ ရးလုပ် ဖြစ်တာ ရှားလှတယ်။ အကြီးစားလုပ်ငန်း ရှင်တွေ၊ သာသနာရေး ဘွဲ့ထူးဂုဏ်ထူးအ တွက် လှူမယ့်တန်းမယ့် အကြီးစားစီးပွားရေးသမားတွေ သာပဲ သူ့အချိတ်အဆက် နဲ့ သူ့ဘဏ်တွေက ငွေချေးခဲ့ကြတယ်။ ရည်ရွယ် ချက်နဲ့တော့ တခြားစီဖြစ်ခဲ့တယ်။
ဘဏ်ကနေ ငွေထုတ်ချေးရာမှာ အတိုးများလို့ မချေးကြတာဆိုပြီး အတိုး
တွေ လျှော့နိုင်အောင် ဘဏ်ကိုငွေစုဖို့ လာအပ်တဲ့အပ်ငွေအပေါ် မူလ ၁၂ ရာခိုင် နှုန်းကနေ ၁ဝ ရာခိုင်နှုန်း၊ နောက်တော့ ရှစ်ရာခိုင်နှုန်းအထိ လျှော့ ချတယ်။ ဒါလည်း ဘဏ်ကငွေချေးပြီး ပြည်တွင်းမှာ ရင်းနှီး မြှုပ်နှံ လုပ်ကိုင် သူဟာ နိုင်ငံတော်စီးပွား ရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက် အကူ ရလောက်အောင် များများစားစား မရှိခဲ့ပါဘူး။ ဘဏ်မှာ ငွေစုတဲ့ အပ်ငွေ သမားတွေ သိသိသာသာ လျော့နည်းသွား တာပဲ အဖတ်တင်တယ်။ ဘဏ် မှာအပ် ပြီးစုထားတဲ့ငွေတွေ အတိုးနည်းလို့ ပြေး ထုတ်ကြပြီး အိမ်ခြံမြေေ တွဝယ်၊ ကားတွေ ဝယ်၊ ဒေါ်လာတွေ ဝယ်လှောင်တဲ့ နည်းဘက် လှည့်သွား လို့ အဲဒီဈေးကွက်တွေ ကမောက်ကမဖြစ်တာပဲ အဖတ်တင် ကျန်ခဲ့တယ်။
ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေချေးတယ်ဆိုတာ အတိုးနှုန်း အနည်း အများ အပေါ်မှာ အဓိကမကျကြောင်း မြန်မာပြည်ရဲ့အခြေအနေက သက်သေပြ
နေတယ်။ အချို့မသိဘူး။ ဒါမှမဟုတ် ငါ့ စကား နွားရ သိလျက်နဲ့ ပြောသူေ တွက ဒီနေ့အထိ ဘဏ်တွေရဲ့အတိုးနှုန်းက များ နေလို့ ငွေမချေးကြတာလို့ ဂျပန်၊ အမေ ရိကန်နဲ့ ဥရောပက ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အာရှတိုက်က စီးပွားေ ရး ဖွံ့ဖြိုးနေတဲ့နိုင်ငံ တွေနဲ့ ခိုင်းနှိုင်းပြီး ပြောကြသေး။
အဲဒီဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ငန်းရှင်ကြီးတွေက ဘဏ်ဆီမှာ အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးကြတာဟာ အဓိကအားဖြင့် အခြားဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲ
နိုင်ငံတွေကိုသွားပြီး ငွေလုံးငွေရင်းကြီးမားစွာနဲ့ ရင်း နှီးမြှုပ်နှံပြီး ဧရာမ လုပ် ငန်းတွေနဲ့ စီးပွားရှာ ဖို့ ချေးကြတာ။ ငွေတွေအများကြီး ချေးကြ လို့ အတိုးက နည်းနည်းနဲ့ ချေးလို့ရတာ။
အဲဒီဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သမိုင်းစဉ်ကို ပြန်ကြည့်။ မဖွံ့ဖြိုးစဉ်၊ ဖွံ့ဖြိုးဆဲတုန်း က ဘဏ်အတိုးနှုန်းဟာ ၁၅ ရာခိုင်နှုန်း မကဘူး။ ဂျာမနီတို့၊ ရုရှားတို့ဆိုရင် ရာခိုင် နှုန်း ၃ဝ အထိ ရှိခဲ့ဖူးတယ်။ ဂျာမနီ၊ ရုရှား၊ တရုတ်နိုင်ငံတွေမှာ ဌာန ဆိုင်ရာ ငွေစု ဘဏ်တွေ၊ သမဝါယမငွေစုဘဏ်တွေ၊ စာတိုက်ငွေစုဌာနတွေ၊ အသင်းအဖွဲ့ငွေစု ဘဏ်တွေ အများကြီးဖွင့်လှစ်ပေးပြီး ငွေစု စေတယ်။ အ ပ်ငွေဘဏ်က အတိုးနှုန်းများတော့ ချေးပေးတဲ့ဘက်က အတိုးနှုန်းလည်း မြင့် တာပဲပေါ့။ တစ်နှစ် ၃၆ ရာခိုင် နှုန်းအထိဆို တစ်လ သုံးရာခိုင်နှုန်းဖြစ်တယ် ။ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီး ပေး၊ ရင်းနှီးမြှုပ်နှံစရာ အလုပ်တွေေ ဖ်ာထုတ်ပေး၊ အရင်းကျေကာလတိုပြီး မြန်စေ တဲ့လုပ်ငန်းတွေရှိလာအောင် စီစဉ်ပေးတဲ့ အတွက် အတိုး ဒီလောက်ကလေးများ ချေးပြီးလုပ်ခဲ့ကြတာပါပဲ။
စဉ်းစားကြည့်၊ အရင်းမရှိလို့ ငွေချေးသူတွေဆိုတာ အမြတ်မြန်မြန်နဲ့ များများ ရနိုင်တဲ့အလုပ်ရှိရင် ချေးကြတာ ပါပဲ။
မြန်မာနိုင်ငံမှာ ထင်ရှားရှိနေ
တာက လမ်းဘေးဈေးသည်နဲ့ ဈေးကလေးေ တွထဲက ဈေးသည်တွေကို လိုက်မေး ကြည့်။ တစ်နေ့ ၁ဝ ရာခိုင်နှုန်းနဲ့ ခေါ က် ပြန်ကြေးငွေချေးယူပြီး ဈေးရောင်းနေသူ တွေ များမှများ။ ၁ဝ ရာခိုင်နှုန်း မနက်မှာ အလွတ်ချေး၊ အချို့ ဒီ့အရင်ညနေမှာ အကြွေးဆပ်စဉ် နောက်နေ့ မနက် ၂ နာရီ ထပြီး ဟင်းသီးဟင်းရွက်နဲ့ ပန်းတွေ၊ သား ငါးတွေသွားဝယ်ဖို့ ကြိုချေးခဲ့တယ်။ အရင်းက ကျပ်တစ်သိန်းဆို တစ်နေ့လုံးရောင်း ပြီးတဲ့အခါ ကျပ် ၂ဝဝဝဝ ကနေ ၂၅ဝဝဝ အထိ အမြတ်ကျန်တယ်။ ကျပ် ၁ဝဝဝဝ အေ ကြွးဆပ်ပြီးတောင် ကျပ် ၁ဝဝဝဝ ကနေ ၁၅ဝဝဝ အထိ နေ့တွက် ကျန် လို့ ချေးပြီး လုပ်စားနေကြတာ။
ရှင်းပါပြီနော်။ ဒီတော့ အတိုး ၁၄ ရာခိုင်နှုန်း များတယ်၊ များတယ်လို့ အော်ေ ပးနေတဲ့ ကိုယ်တွေ့မလုပ်ဖူးတဲ့ စီးပွားရေးပညာရှင်ဆိုသူတွေ၊ လုပ်ငန်းရှင် အကြီးစားတွေ ပြောတာဟာ လက်တွေ့ မကျဘူး။ ဒီနေ့သူဌေးတွေကေ တာင်သူ လယ်သမားတွေနဲ့ လုပ်ငန်းရှင်အသေးစား လေးတွေကို အလွတ် တစ်လ ၁ဝ ရာခိုင်နှုန်း နဲ့ ချေးနေတာရှိတယ်။ တစ်နှစ် ရာခိုင်နှုန်း ၁၂ဝ အ တိုးကြီးတွေလေ။ အခု ငြခမသ-ူသညျေ ချေးသူတွေလည်း တစ်လ ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးနေတယ်လေ။ တစ်နှစ် ရာခိုင်နှုန်း ၃ဝ ချေးလည်း အ လုပ်ဖြစ်နေ တာပါပဲ။
ငွေတိုးချေးစားသူတွေက ရွှေ ငွေပစ္စည်းအပေါင်ခံပြီး ငွေပမာဏများရင် ၂ မှ ၃ရာခိုင်နှုန်း၊ နည်းရင် ၄ မှ ၅ ရာခိုင် နှုန်းနဲ့ ချေးနေကြတာ။ ချေးသူတွေ အ များ ကြီးအလုပ်ဖြစ်လို့ရယ်။ ၂၄၊ ၃၆ နဲ့ ၄၈၊ ၆ဝ ရာခိုင်နှုန်းအထိ အတိုးပေး ရပေမယ့် တစ်ဖက်က ဒီထက်ဝင်ငွေရတဲ့ အလုပ်ကို လုပ်နေရလို့ ချေးရဲကြ တယ်။
ဒီသဘောကို သိရင် ငွေရင်း ငွေနှီးထုတ်ချေးတာ အတိုးအနည်းအများက အ ဓိက မဟုတ်၊ အဲဒီငွေရင်းနဲ့လုပ်ဖြစ် တဲ့ အလုပ်ရဲ့အမြတ် ကောင်း၊ မကော င်းက အဓိကဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအ ကြောင်း စောစောသိရှိဖို့ အရေး ကြီးပါတယ်။ ဒါမျိုးဆောင်းပါးတွေ ရေးခဲ့ဖူးပေ မယ့် အချို့က ခေါင်းမာစွာနဲ့ ဘဏ်တိုးမြင့် လို့၊ များလို့ ချေးပြီးရင်းနှီးမြှုပ်နှံမှုမလုပ်တာ လို့ချည်း ပြောနေေ သးတုန်းပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ မနှိုင်းပါနဲ့။ အဲဒီနိုင်ငံတွေ ဖွံ့ဖြိုး ဖို့ ကြိုးစား စဉ် အခြေအနေတုန်းက ရာခိုင် နှုန်း ၃ဝ အထိရှိခဲ့ပါတယ်လို့ အသေးစိတ် ရှင်းပြသွားတာ ကြားတွေ့ကြမှာပါ။ မသိ ရင် အခု သိပါတော့လို့ ပြောချင်ပါ တယ်။
အရေးကြီးတာက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ များစေချင်ရင် အရင်းေ ကျ ကာလမြန်ပြီး အလားအလာကောင်း တဲ့လုပ်ငန်းတွေ များများဖန်တီးပေး ဖို့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ကြုံတုန်း အက်ကြောင်းထပ်ေ အာင် ထပ်ရေးပြပါ မယ်။ (ခဏခဏ ရေးခဲ့လို့ပါ) ဂျပန်နိုင်ငံ က OVOP နဲ့ အောင်မြင်သွားတဲ့ ကမ္ဘာ ကျော်လုပ်နည်းကို လေ့လာအတုယူသင့် ပါပြီလို့သာပဲ။
Credit: Yangon Media Group