ရန်ကုန်တိုင်းအစိုးရ စတက်တဲ့အချိန်မှာ ရန်ကုန်တိုင်းအတွင်း နေစရာမရှိလို့ ကျုးတဲ့ ကျုးကျော်တွေကို မြေနေရာတွေ စီစဉ်ပေးမယ်ဆိုပြီး ပြောကြားခဲ့တာ က အမှန်တကယ် နေစရာမရှိတဲ့ ကျူးတွေအတွက် နေစရာ အိပ်မက်ဖြစ်လာ သလို နေစရာရှိပြီးသား လူတွေကလည်း လောဘတွေ ပိုတက်ပြီး တစ်နေ ရာတည်းမှာပဲ နာမည်အမျိုးမျိုးနဲ့ ကျူးနေကြတယ်လို့ ကျုးကျော်တွေ အကြော င်း လေ့လာသူတချို့က ဆိုပါတယ် ။
လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးနဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ် တဲ့ ဒေါက်တာညိုညိုသင်းက ‘အစိုးရက အလွယ်တကူ ကတိမပေးသင့်ဘူး ၊ ခုဆိုရင် မကျူးကျော်သင့်တဲ့သူတွေကပါ ကျူးကျော်နေကြတာ ကတိပေးလွယ် လို့ ခုဆိုရင် မြေနေရာရဖို့ မျှော်လင့်နေပြီ ၊ စီးပွားဖြစ်ကျူးကျော်သူတွေလဲ များလာတယ်’ လို့ ပြောပါတယ် ။
စီးပွားဖြစ်ကျုးတွေများ အရင်က ကျူးကျော်နေထိုင်သူတွေ အများဆုံးလို့ ဆိုရ မယ့် လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်သူတွေ နေထိုင်တဲ့ လမ်းမတန်းေ တွရဲ့ နောက်မှာနေအိမ်တွေ ငါးတန်းအထိ တိုးလာနေပြီး အဲသည်ထဲမှာ စီး ပွားဖြစ် ကျူးကျော်သူတွေ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ် ။
အခုအစိုးရလက်ထက်မှာ ဝေဖန်မှုတွေ အများဆုံးတွေ့ကြုံနေရတဲ့ ဝိုင်ဘီ အက်စ်ထက် ကျူးကျော်ကိစ္စက အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအ တွက် အခက်ခဲဆုံး ပြသနာအဖြစ် အရည်အချင်းစစ်ရမယ့် စာမေးပွဲတစ်ခုလို့ သတ်မှတ်ထားကြပါတယ် ။
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ‘ဝန်ကြီးချုပ်က စီး ပွားဖြစ်ကျူးတွေကို ထိထိရောက်ရောက် အရေးယူမယ်သာပြောတာ ဟိုတေ လာတုန်းက ကျူးကျော်တွေအတွက် ငွေရင်းနှီးမြှုပ်နှံမယ် လို့ ပြောလိုက်တော့ ကျူးကျော်ကပိုဆိုးကုန်တာပေါ့ ၊ လက်ရှိ အနေအထားအရတော့ လေပစ်ေ နတာတွေပဲ များနေတယ်’ လို့ ဝေဖန်ပါတယ် ။
လက်ရှိ ရန်ကုန်မြို့နေရာ အနှံအပြားမှာ အစိုးရအစီအစဉ်နဲ့ ကျူးကျော်စာ ရင်းတွေ ကောက်ခံနေပြီးစမတ်ကတ်တွေ ထုတ်ပေးနေပါတယ် ။
စမတ်ကတ် ထုတ်ပးတဲ့ ပုံစံကတော့ နေထိုင်တဲ့ တစ်မိသားစုလုံးက လူတွေ ကို ဓါတ်ပုံရိုက်လက်ဗွေရာ နှိပ်ပြီး ရယူထားတာပါ ။
လက်ရှိနေထိုင်တဲ့ မိသားစုဝင်အားလုံး စမတ်ကတ် ရရှိတာမျိုး မဟုတ်ဘဲ ကျူးမြေနေရာ ပိုင်ဆိုင်သူတွေသာ ရရှိပြီး ကျုးကျော်နေရာတွေမှာ ငှားရမ်းေ နထိုင်သူတွေ မရှိဘူးလို့ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန် အနီးမှာ နေထိုင် တဲ့ ဦးကျော်စွာက ပြောပြပါတယ် ။
မျှတစေချင်
သူက ‘ဒုက္ခရောက်နေတဲ့ သူတွေချင်း အတူတူ သူတို့ကျတာ့ အစိုးရထောက် ပံ့မယ် ၊ ကျွန်တော်တို့လို ဥပဒေကို ကြောက်ပြီး မကျူးဘဲ ၊ ရရနေရာမှာ ခို ကပ်နေသူတွေ အတွက်ကျတော့ မရရင်တော့ မျှတမှု မရှိဘူး’ လို့ ပြောပါ တယ် ။
သည်လို စီးပွားဖြစ် ကျူးကျော်နေသူတွေကို ထိထိရောက်ရောက် အရေးယူ
မယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြောကြားထားပေမဲ့ လက်ရှိအချိန်မှာေ တာ့ အောက်ခြေအထိ ကွင်းဆင်းလေ့လာပြီး သေသေချာချာ စိစစ်တာတွေ မတွေ့ရသေးပါဘူး ။
လက်ရှိအောက်ခြေမှာ ဖြစ်နေတဲ့ ကျူးပြဿနာအစစ်အမှန် သိရဖို့ အစိုးရအနေ နဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေ ပြုလုပ်သင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ေ ဟာင်း တစ်ဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ဝေဖန်ပါတယ် ။
သူက ‘အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တိုင်ပင်ဘက်အနေနဲ့ သဘောမ ထားဘဲ ကိုယ့်အနားမှာ ရှိတဲ့ လူတွေရဲ့ ပြောစကားကိုပဲ စီမံခန့်ခွဲနေတာ သူ တို့ရဲ့အားနည်းချက်ဖြစ်တယ် ၊ အောက်ခြေမှာ အစိုးရကို ဝေဖန်ထောက်ပြေ နတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ မပေါင်းရင် ကျူးကိစ္စက မလွယ်ဘူး’ လို့ ပြောပါ တယ် ။
ဦးကျော်ဇေယျကတော့ လက်ရှိ ရန်ကုန်တိုင်းအစိုးရဟာ အရပ်ဘက် လူမှုအ ဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ နေနေသာသာ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့တောင် ပူးပေါင်းဖို့ အားနည်းနေတယ်လို့ မှတ်ချက်ပြုပါတယ် ။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ စာရင်းဇယားတွေ အရခရိုင်လေးခုမှာ ကျူးကျော်နေထိုင်သူ ခန့်မှန်းချက်အနေနဲ့ ၄၄၀,၆၄၆ ယောက် ရှိတယ်လို့ ဆိုပါတယ် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ ၊ သန်လျင် ၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း) မြို့နယ်တွေမှာ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈၀၀၀ ဆောက် လုပ်နေပေမဲ့ ကျုးကျော်တွေကို ဘယ်နေရာမှာ ထားမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး ။
ဦးကျော်ဇေယျက ‘ဖြေရှင်းပုံတွေ လွှဲနေတယ် ၊ တိုက်ခန်းတွေ ဆောက်နေ တယ် ၊ ကျူးကျော်တွေကို အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုတာက တကယ်တန်း အလုပ်ဖြစ်ဖို့ လိုတယ် ၊ ပြောပြီးတစ်မျိုးဖြစ်လို့ မရဘူး’ လို့ ပြောပါတယ် ။
အခိုင်အမာ
ကျူးကျော်နေထိုင်သူတွေ နေတဲ့ အိမ်ဆိုပေမဲ့လည်း တချို့အိမ်တွေက အုတ်နဲ့ အခိုင်အမာ ဆောက်ထားသလိုရေတုံကင်တွေ တပ်ဆင်ထားတာ ၊ စားေ သာက်ဆိုင်တွေ ၊ ဘော်ဒါဆောင်တွေ အခိုင်အမာ တည်ဆောက်နေ ထိုင် သူတွေလည်း အများအပြား ရှိနေပါတယ် ။
ကျူးကျော်နေထိုင်သူတွေရဲ့ အချို့အိမ်တွေမှာ လျှပ်စစ်မီးတွေရတာ ၊ နေ အိမ်တွေကိုအရောင်းအဝယ်လုပ်နေတာတွေလည်းရှိနေပါတယ် ။
လှိုင်သာယာမှာနေထိုင်တဲ့ ကျူးကျော်အများစုက နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့ပြီး တဲ့နောက်ပိုင်းမှ ရောက်ရှိလာသူတွေဖြစ်တယ် ။ တစ်နှစ်ကနေ ရှစ်နှစ်အ တွင်း သက်တမ်းရှိနေကြသူတွေ ဖြစ်တယ်လို့ ကျူးကျော်နေထိုင်သူ တစ်ဦြး ဖစ်တဲ့ ဦးကျော်မြင့်က ပြောပါတယ် ။
သူက ‘တကယ်နေစရာမရှိလို့ နေနေတာပါ ၊ ကြိုက်သလို အစစ်ခံနိုင်ပါတယ် ၊ တကယ့်ကျူးအစစ်တွေကိုပဲ နေရာရစေချင်ပါတယ်’ လို့ ပြောပါတယ် ။
ရန်ကုန်တိုင်းမှာ ကျူးကျော်နေထိုင်သူတွေကို နေရာပေးမယ်ဆိုတဲ့ သတင်းေ ကြာင့် တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ကျူးကျော်နေထိုင်သူတွေ အရင် ကထက် များလာနေတယ် ။
ရန်ကုန်တိုင်းကျူးကျော်တွေကို အစိုးရအနေနဲ့ အထပ်ထပ် စစ်ဆေးပြီးမှာ သာ မြေနေရာတွေ ပေးသင့်တယ်လို့ ဆိုပါတယ် ။
ဒေါက်တာညိုညိုသင်းက ‘ရန်ကုန်တိုင်းအစိုးရက ပြောထားတာပဲလေ ၊ စီး ပွားဖြစ် ကျူးတွေကို အရေးယူမယ် ၊ တကယ်မရှိတဲ့ နေထိုင်သူတွေကို နေ ရာပေးမယ်ဆိုတဲ့ ကတိတော့ တည်မယ်လို့တော့ ထင်တယ် ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတော့လိုတယ်’ လို့ပြောပါတယ် ။
Credit: The Kumudra