စင်္ကာပူနိုင်ငံတွင် ပုဂ္ဂလိကလူနေအိမ်ဈေးများသည် ၂၀၁၆ ခုနှစ် စတုတ္ထသုံးလပတ် (၂၀၁၆ အောက်တိုတာဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) တွင် ၀ ဒသမ ၅ ရာခိုင်နှုန်ကျဆင်းခဲ့ပြီးနောက် ယခု ၂၀၁၇ ခုနှစ် ပထမသုံးလပတ် (၂၀၁၇ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်) တွင် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးတိုး
တက်ရေးအာဏာပိုင်အဖွဲ့က ဧပြီ ၂၈ တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
အဆိုပါဈေးနှုန်းကျဆင်းမှုသည် သုံးလပတ် ၁၄ ခုဆက်တိုက်မြောက် ကျဆင်းမှုဖြစ်သည်။
မြေစိုက်အိမ်မဟုတ်သော အိမ်များ၏ ဈေးနှုန်းများသည် ၂၀၁၆ ခုနှစ် စတုတ္ထသုံးလပတ်
တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးကတည်းက မပြောင်းလဲခဲ့ပေ။ မြေစိုက်အိမ်များ
၏ ဈေးနှုန်းများကမူ ၂၀၁၆ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း
ခဲ့ပြီးနောက် အကြီးဆုံးကျဆင်းမှုအဖြစ် ယခု ၂၀၁၇ ခုနှစ် ပထမသုံးလပတ်တွင်
၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အထူးသဖြင့် CCR ဒေသမှ ဈေးနှုန်းများက အခြားအရပ်များထက်အများဆုံးအဖြစ် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Park Place Residences တွင် ပျမ်းမျှဈေးအများဆုံးအဖြစ် ၁ စတုရန်းပေလျှင်
စင်္ကာပူဒေါ်လာ ၁,၈၀၅ ဒေါ်လာဖြင့် ရောင်းချခဲ့ရကြောင်း၊ Grandeur Park Residences တွင် ပျမ်းမျှဈေးအများဆုံးအဖြစ်
၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁,၄၀၆ ဒေါ်လာဖြင့်
ရောင်းချခဲ့ရကြောင်း Edmund Tie & Co.,Ltd. အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ သုတေသနခေါင်းဆောင် ဒေါက်တာ လီနိုင်ဂျာက ပြောကြားခဲ့သည်။ စင်္ကာပူတွင် ပုဂ္ဂလိကလူနေအိမ်ဈေးများ ယခုနှစ်တွင် ယခုအတိုင်းဆက်လက်ဖြစ်နေဦးမည်ဟုလည်း သူက ခန့်မှန့်ထားသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com