အခြေခံပညာ ဆရာ၊ ဆရာမတွေအတွက် အိမ်ရာတွေ ချထားပေးဖို့ အစီအစဉ်က ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း သက်ပြည့်အငြိမ်းစား ယူမယ့်သူတွေကိုသာ ကနဦး လျှောက်ခွင့်ပြုမှာပါ။
“ဆရာ၊ ဆရာမတွေအတွက် အိမ်ရာလိုမျိုး ဆောက်ပေးဖို့ စားရင်းတောင်းတုန်းပါ။ စာရင်းရမှ ဆောက်ရမည့် အခန်းအရေအတွက် မြို့တွေကို သိရမှာ၊ အခုမှ စပြီးလုပ်တာဆိုတော့ အချိန်ယူရဦးမှာပါ။ ဒါက ပထမအဆင့်ပေါ့။ နောက်ကျရင်တော့ လူကြီးတွေက တဖြည်းဖြည်း လုပ်ပေးမှာပါ” လို့ အခြေခံ ပညာ ဦးစီးဌာန အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ပညာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ အငြိမ်းစား ယူပြီးရင် နေရေးထိုင်ရေး အဆင်ပြေအောင် စီစဉ်တာ ဖြစ်ပါတယ်။
ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ပင်စင်ယူပြီးချိန်တင် မ ဟုတ်ဘဲ လက်ရှိနေထိုင်ရေးမှာပါ အခက်အခဲတွေ တွေ့ကြုံနေရတာဖြစ်ပြီး တာဝန်ကျဒေသမှာ လုံ ခြုံမှုရှိတဲ့ နေထိုင်မှု
“အကုန်လုံးကို လုပ်ပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ နေရေးက ပိုခက်ခဲတော့ မြန်မြန်ဖြစ် စေချင်တာပါ” လို့ လုပ်သက် ၂၄ နှစ် ရှိတဲ့ ကျောင်းဆရာမ ဒေါ်နီနီက သူ့အမြင် ပြောပါတယ်။
Credit: The Kumudra