ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ်

ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
2 May 2017 10:11 am တွင် တင်ခဲ့သည်
2054 ကြိမ် ကြည့်ရှု့ပြီး
နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မန္တလေး လေဆိပ်က အင်တာနေရှင်နယ် လေဆိပ်ပဲလေ။ ဆင်းမယ်ဆို ဆင်းလို့ရတယ်။ လေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းရမဲ့ အပိုင်းလေးတွေတော့ ရှိသေးတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

လက်ရှိတွင် ဂျပန်နိုင်ငံနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး လေကြောင်းလိုင်း တိုးချဲ့ပျံသန်းမည်ဆိုပါက မည်သည့် လေကြောင်းလိုင်းဖြင့် ပျံသန်း ပြေးဆွဲမည်ကို ညှိနှိုင်းပြီးမှသာ အတိအကျ သိရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဂျပန်နိုင်ငံ ဆာကူရာဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဧပြီလ ၈ ရက်မှ ၁၆ ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်-မြန်မာ တိုက်ရိုက် လေကြောင်းလိုင်း တိုးချဲ့ ပြေးဆွဲနိုင်ရန် အဆိုပြု ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် ဂျပန်နိုင်ငံ Osaka University of Tourism က အမေရိကန် ဒေါ်လာသန်း ၂၀ဝ အကုန်ကျခံ၍ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တက္ကသိုလ် တည်ဆောက်ရန်လည်း ရှိနေကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ အနေနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MoU ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်နိုင်ငံတွင် လေယာဉ်ကွင်း ၆၇ ခုရှိရာ ဂျပန်နိုင်ငံအခြေစိုက် All Nippon Airline (ANA) လေကြောင်းလိုင်းသည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ နေ့စဉ် တိုက်ရိုက် ပြေးဆွဲလျက်ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service