အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းကို ယခုနှစ်အတွင်း အတည်ပြု ပြဌာန်းနို င်အောင် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို တင်ပြထားကြောင်း သိရပါတယ် ။
အိမ်ခြံမြေဈေးနှုန်း မတည်ငြိမ်ဖြစ်လာတာတွေ ၊ ရောင်းမှား ဝယ်မှားတွေ မဖြစ်စေဖို့အတွက် အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်းကို အတည်ပြု ပြ ဌာန်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက တင်ပြ ထားတာဖြစ်ပါတယ် ။
အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဥက္ကဌ ဦးခင်မောင်သန်းက ‘အိမ်ခြံမြေေ ဈးနှုန်း အတက်အကျ ကြမ်းတာတွေ မဖြစ်စေဖို့ ၊ ရောင်းမှား ဝယ်မှားတွေ မဖြစ်စေဖို့အတွက် ဒီအိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေက အထောက်အကူေ ပးမှာ ဖြစ်တယ် ၊ ဒါကြောင့် ဒီဥပဒေထွက်အောင် ကြိုးပမ်းသွားပါမယ်’ လို့ ပြောပါတယ် ။
ယခုဥပဒေပြဌာန်းပါက နိုင်ငံတော်က အခွန်အခတွေလည်း အပြည့်အဝ ရ လာနိုင်ပြီး အကျိုးဆောင်ခ သတ်မှတ်ချက်တွေနဲ့ လုပ်ငန်းအပ်နှံသူတွေနဲ့ အ ကျိုးဆောင်တွေကြား အငြင်းပွားမှုတွေ လျှော့နည်း သွားအောင် လျှော့ချနိုင် မယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေကလည်း ပြောပါတယ် ။
ဒါ့အပြင် သည်ဥပဒေ သတ်မှတ်ဖို့က မြန်မာနိုင်ငံမှာ တော်တော်နောက်ကျေ နပါပြီ ။ စင်ကာပူတို့ မလေးရှားတို့မှာ အသုံးပြုမှု တော်တော်လေး တွင်ကျ ယ်နေပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာလည်း အိမ်ခြံမြေ ဝန်ဆောင်မှု ဥပေ ဒကို ပြဌာန်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်မှုကို အခွန်ကောက်ခံတဲ့အခါ တစ်ပေပတ် လည် အိမ်ခြံမြေ ဈေးနှုန်းတွေကိုလည်း အရင်နှုန်းထားအတိုင်း ကောက်ခံေ နတာကြောင့် အိမ်ခြံမြေဈေးကွက်မှာ အနည်းငယ် အရောင်းအဝယ် ပြန်ဖြစ် လာကြောင်း သိရပါတယ် ။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက ဈေးကွက်နဲ့ သွယ်ဝိုက် ပတ်သက်နေတာေ ကြာင့် အဲသည် ဥပဒေသာ ပေါ်ပေါက်ရင် ကောင်စီတွေ လည်း ပေါ်ပေါက် လာမှာဖြစ်တယ် ။ လိုင်စင်တွေနဲ့ စည်းစနစ်ကျ လုပ်ကိုင်လာနိုင်ပြီး အိမ်ခြံြေ မ ဈေးကွက် စနစ်တကျ အကျိုးရှိစွာ လုပ်ကိုင်လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
Credit: The Kumudra