ထားဝယ်ဒေသနှင့် ထား ဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး အတွက် ဂျပန် အစိုးရအကူအညီ ဖြင့် မဟာစီမံကိန်းရေးဆွဲရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။
ထိုသို့ ရေးဆွဲရခြင်းသည် အ ထူးစီးပွားရေးဇုန်နှင့်အတူ ထား ဝယ်ဒေသပါ ပြိုင်တူဖွံ့ဖြိုးလာစေ ရန် ရည်ရွယ်၍ ရေးဆွဲခြင်းဖြစ် ကြောင်း ထားဝယ်အထူး စီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဇုန်တစ်ခုပဲ ဖွံ့ဖြိုးလို့မရ ဘူး။ ဇုန်ဖွံ့ဖြိုးရေးက ဒေသဖွံ့ဖြိုး ရေးကို အေ ထာက်အကူပြုရမယ်။ ဇုန်ပဲဖွံ့ဖြိုးပြီး ဒေသမဖွံ့ဖြိုးရင် ကျန်တဲ့အကျိုးတွေ မရ ဘူး။ ဒီနှစ် ခုက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီရှိရ မယ်။ ဒါကြောင့် ပြိုင်တူနှစ် ခုစလုံး ဖွံ့ဖြိုးအောင် မဟာစီမံကိန်းရေး ဆွဲတာပါ’’ဟု ၎င်းက ဆက် လက် ပြောကြားသည်။
လက်ရှိ ထားဝယ်အထူးစီး ပွားရေးဇုန် ပြန်လည်အကောင်အ ထည်ဖော်ရန် လမ်း၊ ဆိပ်ကမ်းနှင့် လျှပ်စစ်မီးရရှိရေး ဦးစားပေး ဆောင်ရွက်နေကြောင်း စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ဇုန်ပြန်လည်စတင်ရန် ၈၂ မိုင်ရှည်လျားသည့် ထိုင်းနိုင်ငံနယ် စပ် ကန်ချနာ ဘူရီမှ ထားဝယ် အထူးစီးပွားရေးဇုန်သို့သွားသည့် လမ်းမကြီးဖောက်လုပ်ရန် ဘတ် ငွေ ၄ ဒသမ ၅ ဘီလီယံ (ကျပ် ၁၇၅ ဘီလီယံ)ချေးယူရန် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည်။ အဆိုပါချေးငွေအတွက် အတိုးနှုန်းသတ် မှတ်ချက် သည် တရုတ်၊ ကိုရီးယားနိုင်ငံတို့မှ ချေးငွေ ထက် လျော့နည်း၍ ချေးငွေ ရယူ ရန် အထူးစီးပွား ရေးဇုန် ဗဟိုကော်မတီမှတစ်ဆင့် ပြည်ထောင်စု အစိုးရနှ င့် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြရန် စီစဉ်နေသည်။
အဆိုပါ စီမံကိန်းသည် ယခင်အစိုးရအဆက်ဆက် ပွင့်လင်းမြင် သာမှုမရှိ ဘဲ ဒေသခံများ၏ မြေယာများကို အတင်းအဓမ္မသိမ်းယူ ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင်လည်း စီမံကိန်းအတွက် ဒေသခံများကို တစ်စုံတစ်ရာ အသိပေး ခြင်းမရှိသေးကြောင်း ထားဝယ်ဒေသခံ ဦးအေးမင်းက ပြောသည်။
‘‘အခု အစိုးရလက်ထက်မှ ဂျပန်တွေ လာလုပ်မယ်ဆိုတာပဲ ကြားတယ်။ ဘယ်လိုလုပ်မယ်ဆိုတာ အခုထိ မသိသေးဘူး’’ ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၀၈ တွင် အီတာလျံ- ထိုင်းကုမ္ပဏီက စတင်အကောင် အထည်ဖော်ခဲ့ပြီး ယင်းကုမ္ပဏီက ငွေကြေး အခက်အခဲေ ကြာင့် ၂၀၁၃ တွင် စီမံကိန်းရပ်ဆိုင်းခဲ့ သည်။ ၂၀၁၅ ဇူလိုင်တွင် ပြန်လည် စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစိုးရချင်း ဆွေးနွေးခဲ့ သည်။ ထား ဝယ်အထူးစီးပွားရေး ဇုန်သည် စတုရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းပြီး စီမံကိန်း အကောင် အထည်ပေါ်လာပါက အရှေ့ တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်တစ်ခုဖြစ်လာမည်ဖြစ် သည်။
Credit: 7DayDaily