အိမ်ခြံမြေဈေးကွက်အေးနေတယ်ဆိုတာ နိုင်ငံတော် စီးပွားရေး အားမေ ကာင်းတာနဲ့ သက်ဆိုင်နေတယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ် ။
အိမ်ခြံမြေဝန်ဆောင်မှု အသင်းဥက္ကဌဦးခင်မောင်သန်းက ‘လက်ရှိ အိမ်ခြံြေ မဈေးက အရမ်းအေနေတယ် ၊ အရောင်းအဝယ်ဈေးကွက်က ၂၀၁၄ ဇွန်လ ကပဲ စပြီးအေးခဲ့တာဖြစ်ပါတယ် ၊ လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေး အနေအ ထားကလဲ မကောင်းဘူး ၊ အဲဒီလိုကြောင့် အိမ်ခြံမြေဈေးကွက် အနေအ ထားအေးနေတာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်’ လို့ ပြောပါတယ် ။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းအနေနဲ့လည်း အိမ်ခြံမြေ ဖွံ့ဖြိုး တိုးတက်လာအောင် အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးတော့ အိမ်ခြံမြေ ဝန်ဆောင် မှု လုပ်တဲ့သူတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ အကောင်အထည်ေ ဖ်ာနေပါတယ်။ ဒါ့အပြင် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် ကြီးညွန်ကြားချက်အရ ဧပြီလ ၁၁ ရက်ကေ န ၁၈ ရက်အထိ သွားရောက်ပြီး မြန်မာနိုင်ငံအတွင်း မှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်မှာ ဖြစ်ပါတယ် ။
ဒါကြောင့် နိုင်ငံတကာကရင်းနှီးမြှုပ်နှံမယ့် အလားအလာတွေ ရှိနေတဲ့အ တွက် ၂၀၁၇ နှောင်းပိုင်းမှာ ပြည်တွင်း အိမ်ြ ခံမြေဈေးကွက် အနေအ ထား ပြန်ကောင်းလာနိုင်တယ်လို့ မျှော်မှန်းထားပါ တယ် ။
အိမ်ခြံမြေဈေးကွက်က အခုလက်ရှိမှာ မြန်မာနိုင်ငံ နေရာတိုင်းမှာ ကျဆင်းေ နတာ ဖြစ်ပါတယ် ။ ရန်ကုန်ဈေးကွက် ပြန်ကောင်းလာရင် အခြားဒေသတွေ မှာလည်း ပြန်ကောင်းလာနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့က စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် ရန်ကုန် မှာသာ အိမ်ခြံမြေဈေးကွက် ပြန်ကောင်းမွန်လာရင် တခြားနယ်ပယ်တွေကို ကူးစက်ပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ် ။
အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းကြီးရဲ့ ကြိုး ပမ်း လုပ်ဆောင်ချက်တွေကြောင့် ၂၀၁၇ နှောင်းပိုင်းအိမ်ခြံဈေးကွက် ပြန်ြ ပီးကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ် ။
Credit: The Modern