သီလ၀ါအထူးစီးပွားရေး ဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ ရန် လျှောက်ထားသည့် ကုမ္ပဏီ များထဲမှ ကုမ္ပဏီပေါင်း ၉၀ ကို ပါမစ်ထုတ်ပေးထားပြီဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေး
ဇုန်စီမံ ခန့်ခွဲရေးကော်မတီက သတင်း ရရှိသည်။
သီလ၀ါအထူးစီးပွားရေးဇုန် ၏ ကနဦးစီမံကိန်းဟက်တာ ၄၀၀
ဧရိယာအတွင်း လုပ်ကိုင်နိုင်ရန် ထုတ်ပေးထားသည့် ပါမစ်အရေ အတွက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပါမစ်ထုတ်ပေးသည့် ကုမ္ပဏီ များထဲတွင် လက်အိတ်စက်ရုံ၊ ဓာတ်ခဲထုတ်လုပ်သည့် စက်ရုံ၊ ကင်မရာမှန်ဘီလူးများ ထုတ်လုပ်
သည့် စက်ရုံများအထိ ပါဝင် ကြောင်း သိရသည်။
ပါမစ်ထုတ်ပေးသည့် ကုမ္ပဏီ များထဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်ပြီး အထူးသဖြင့် ဟောင် ကောင်၊ ဂျပန်နှင့် တရုတ်ကုမ္ပဏီ များ အများဆုံးဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိသီလ၀ါတွင် ကုန် ထုတ်လုပ်နိုင်သည့်အဆင့်
စက်ရုံ ၂၀ ကျော်သွားပြီဖြစ်သည်။
သီလ၀ါအထူးစီးပွားရေးဇုန် (အေ)ကို ၂၀၁၅ စက်တင်ဘာတွင် စီးပွားဖြစ် စတင်လည်ပတ်ပြီး လက်ရှိ၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခုက သဘော တူစာချုပ် ချုပ်ဆိုထားသည်။ ဇုန်အေကို မြေ ၄၀၅ ဟက်တာ
(ဧက ၁,၀၀၀) ကျော်၌ အကောင် အထည်ဖော်ထားခြင်းဖြစ်သည်။
သီလ၀ါအထူးစီးပွားရေးဇုန် အေရှိ မြေတစ်စကွဲယားမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀ သတ် မှတ်ပြီး ငှားရမ်းကြောင်း သိရ သည်။ ငှားရမ်းမှုမှာ နှစ် ၅၀ စာ ချုပ်သက်တမ်းဖြင့် ငှားရမ်းသော ကြောင့် မြေဈေးသက်သာသော စီးပွားရေးဇုန်ဖြစ်၍နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အလွန်စိတ် ၀င်စားလျက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com