ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ်

ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
28 Apr 2017 11:14 am တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကြီးတွင် ၁၉၄၂ ခုနှစ်အတွင်းက ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာနေထိုင်ခဲ့ပြီး နောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေ သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချမည့်သူမှာ မာရီယာဖစ်တန်အမည်ရှိ အသက် ၇၂ နှစ်အရွယ် အဘွားအိုတစ်ဦးဖြစ်ပြီး သူ၏မိဘများဖြစ်သည့် ရွန်နှင့် ဘက်တီ ရီလီတို့က ၁၉၄၂ ခုနှစ်တွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်တည်ရှိရာမှာ ဆစ်ဒနီမြို့၊ ဝေါလေ့စ်လမ်း၊ အမှတ် ၂၀ တွင်ဖြစ်ပြီး မာရီယာဖစ်တန်မှာ ဤနေအိမ်တွင်ပင် ကြီးပြင်းခဲ့သည့်နည်းတူ သားနှစ်ဦးမှာလည်း ယင်းနေအိမ်တွင်ပင် ကြီးပြင်းခဲ့ကြသည်။
မာရီယာဖစ်တန်၏ ဖခင်သည် အသက် ၉၈ နှစ်အရွယ်တွင် ယခုနှစ် ဇန်နဝါရီလ၌ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း နေအိမ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

“ဒီအိမ်ကြီးမှာ ကျွန်မတို့မိသားစုဟာ မျိုးဆက် ၃ ဆက် နေထိုင်ခဲ့ကြပါတယ်” ဟု မစ္စက် ဖစ်တန်က ဝမ်းနည်းစွာ ပြောကြားသည်။
“ကျွန်မရဲ့ သား ၂ ယောက်ကလည်း ၁၀ နှစ်သားအရွယ်အထိ ဒီအိမ်ကြီးမှာ နေထိုင်ခဲ့ဖူးကြတာကြောင့် သူတို့မှာလည်း လွမ်းဆွတ်သတိရစရာတွေ ပြည့်နှက်နေပါတယ်။ ဒီအိမ်ကြီးကို ရောင်းလိုက်ရတာ သိပ်ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့်လည်း အမြဲတမ်းသော့ခတ်ချိတ်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု မစ္စက် ဖစ်တန်က ဆက်လက်ပြောကြားသည်။
ယင်းနေအိမ်၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
ဆစ်ဒနီတွင် ပေါင် ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သည့် နေအိမ်ကို ၇၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ကန်ဒေါ်လာ တစ်သန်းခွဲကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

Yadanar Bon
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service