အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ ခြံဝင်းကြီးတစ်ခုတွင် ဒီဇိုင်းထူးခြားသည့် မြက်ခင်းပြင်ကြီးကို မြင်တွေ့ရမည်ဖြစ် သည်။ သို့သော်ယင်းသည် မြက်ခင်းပြင် သက်သက် မဟုတ်ပေ။ ထိုအောက်တွင် နှစ်ထပ်စံအိမ်ကြီးရှိသည်။
မြေအောက် တွင် မြုပ်နေသည့် စံအိမ်ကြီးဖြစ်သော် လည်း အလယ်တွင် အဝိုင်းကြီးရှိသဖြင့် ထိုအဝိုင်းကြီးမှသဘာဝအလင်းရောင် ဝင် နေသည့်အတွက် အလင်းရောင်အလျှံ အပယ်ရရှိသည်။ ထိုအဝိုင်းကြီးကို အပေါ် တွင်ဖန်ဖြင့်ဖုံးထားသည့်အတွက် မြက်ခင်းပြင်အလယ်တွင် စက်ဝိုင်းကို အတိုင်း သားမြင်တွေ့ရမည်ဖြစ်သည်။ ယင်းအဝိုင်းကို ပတ်ကာ စံအိမ်ကို အဝိုင်းသဏ္ဌာန် တည်ဆောက်ထားသည်။
ပထမထပ်တွင် အိပ်ခန်းများ၊ ဧည့်ခန်း၊ မီး ဖိုချောင်နှင့်ထမင်းစားခန်းတို့ ပါဝင်သည်။ ထိုမှနေ၍ အောက်ထပ်ကို လှေကားဖြင့် ဆင်းသွား၍ရသော်လည်း လျှောဖြင့်လည်း ဆင်း၍ရသည်။လျှောစီးပြီး ဆင်းလိုက် လျှင်
အောက်ထပ်ရှိ ရေကူးကန်ကြီးသို့ တန်းရောက်သွားမည်ဖြစ်သည်။
အထက် ပါစံအိမ်အဝိုင်းကြီးကို ဒေါ်လာနှစ်သန်း ခွဲခန့်ဈေးခေါ်ထားသော်လည်း ရောင်း ထွက်သွားပြီဟု ယူဆရသည်။ မန်ချက် စတာမြို့ ဘော်ဒန်အရပ်ဒေသ ပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေး နယ် မြေထဲတွင် ယင်းခြံဝင်းက ရောက်နေ သည်။
ထိန်းသိမ်းစောင့်ရှောက်ရေးနယ် မြေတွင် အဆောက်အအုံ
တည်ဆောက်ပါ ကကန့်သတ်ချက်များ ရှိပြီး ထိုကန့်သတ် ချက်များကို ရှောင်လိုသည့်အတွက်အိမ်ကို မြေကြီးအောက်တွင် တည်ဆောက်ထား ခြင်းဖြစ်သည်။
Credit: PYi Myanmar