မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စံပြညဈေးအား အဆင့်မြင့်ပြုပြင်
သွားရန်အတွက်စံပြညဈေးဒီဇိုင်းရေးဆွဲတင်သွင်းရန် တင်ဒါခေါ်ယူ
သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက
ဧပြီ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်
ပြောဆိုခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စား
လှယ် ဦးရန်အောင်၏ မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက်နှင့် သာယာကုန်းရပ်ကွက်ကြား မြရာကုန်းလမ်းနှင့် ဗိုလ်မင်းရောင်လမ်း
ထောင့်ရှိစြံပညဈေးသည်အလွန်အမင်းပျက်စီးယိုယွင်းမှုရှိနေပါသဖြင့်
ဈေးအသစ်ပြန်လည်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူပြီးဖြစ်
သော်လည်း မည်သည့်အတွက်ကြောင့် တင်ဒါမဖွင့်ဖြစ်ကြောင်း၊ စံပြ
ညဈေးအား အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိမရှိ၊ ရှိပါက
မည်သည့်အချိန်တွင် တည်ဆောက်မည်၊ မရှိပါက မည်သည့်အတွက်
ကြောင့် ဖြစ်သည်ကိုသိရှိလိုကြောင်း မေးမြန်းမှုကို ၀န်ကြီးကအထက်
ပါအတိုင်းဖြေကြားခဲ့သည်။တင်ဒါခေါ်မည်
"မင်္ဂလာဈေးစံပြညဈေးကို ခေတ်မီဈေးတည်ဆောက်ဖို့ဆိုပြီးတော့ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှာ တင်ဒါခေါ်ယူခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
မှာ တင်ဒါကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ ထုတ်လုပ်ခဲ့ခြင်း
လည်းမရှိပါဘူး။ ဆက်လက်ဆောင်ရွက်ခဲ့တာလည်းမရှိပါဘူး။ အခု
ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုနဲ့ ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကွပ်ကဲမှုမှာရှိတဲ့ ဈေးတွေကို အဆင့်မြင့်ဈေးဖြစ်လာစေဖို့
ကို လုပ်ဆောင်တဲ့နေရာမှာ ၂၁ ဈေးရှိပါတယ်။ အဲဒီဈေးထဲမှာမင်္ဂလာ
တောင်ညွန့်မြို့နယ် စံပြညဈေးလည်းပါပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဗိ
သုကာအသင်းရဲ့အစီအစဉ်နဲ့ ဒီဇိုင်းပြိုင်ပွဲခေါ်ယူခြင်း၊ ရွေးချယ်ထားတဲ့
ဒီဇိုင်းနဲ့အညီတည်ဆောက်မယ့်တင်ဒါခေါ်ယူခြင်းလုပ်ငန်းနဲ့အတူ စနစ်
တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စံပြညဈေးရဲ့ဒီဇိုင်းကို တင်ဒါခေါ်
ယူဖို့ရှိပါတယ်"ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ထပ်
မံပြောဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် (၂)ရပ်ကွက်
မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအတွင်းရှိ သိမ်ကြီးဈေးစီ
ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်
အပိုင်း(၂) သံသုမာလမ်းပေါ်တွင်တည်ရှိသော သီရိမြင်သာဈေးအား
ဈေးအင်္ဂါရပ်နှင့်အညီ အဆင့်မြင့်ဈေးများအဖြစ် တည်ဆောက်ပေးသွား
မည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။
Credit: MOI Webportal Myanmar