လက်ရှိမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုပြီးပေမဲ့ နည်း ဥပဒေတွေ နောက်ထပ်ထွက်ရှိဖို့ ကျန်နေသေးတာကြောင့် အိမ်ခြံမြေဈေး ကွက်အားကောင်းလာနိုင်ခြေနည်းပါးနေသေးတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံြေ မ ဝန်ဆောင်မှုအသင်းက သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုတော့ အတည်ပြုပေမဲ့ နည်းဥပဒေမထွက်ရှိသေး တာကြောင့် လက်ရှိအခြေခံအဆောက်အအုံတွေ အနေအထားမှာ ပြည့်စုံ လုံလောက်တဲ့အချက် ခိုင်ခိုင်မာမာ မရှိသေးတာက လာရောက် ရင်းနှီးမြှုပ်နှံ သူတွေအတွက် အဟန့်အတားဖြစ်စေပါတယ် ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ရှိပေမဲ့ လက်တလောမှာတော့ ချက်ချင်း အလုပ်ဖြစ်မှာ မဟုတ် ဘူးလို့ သိရပါတယ် ။
အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဌက ထွက်ပြီဆိုလဲ ချက်ချင်းကြီးတော့ အိမ်ခြံမြေဈေးကွက်ကို အထောက်အကူ ပေးနိုင်မှာ အဟုတ်ပါဘူး ၊ ဒါပေမဲ့ စီမံကိန်းကို မျှော်ရတဲ့ ဘဝထက် ဒီလိုခိုင်မှာတဲ့ ဥပဒေနဲပ ပြည့်စုံလုံေ လာက်တဲ့ အခြေခံအဆောက်အအုံတွေရှိလာပြီဆိုတော့ အိမ်ခြံမြေဈေး ကွက်လဲ ခေါင်းထောင်လာနိုင်မှာဖြစ်ပါတယ် ၊ ဒါ့အပြင် ကွန်ဒိုဥပဒေတွေကို ပါ အတည်ပြုပေးသွားရင် ပိုပြီး ဈေးကွက်အားကောင်းလာမှာပါ ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှုပဲလာလာ အိမ်ခြံမြေကို ကျော်သွားလို့ မရတာမို့ ခုလက်ရှိ ဥပေ ဒဟာ နိုင်ငံအတွက်ရော ၊ အိမ်ခြံမြေအတွက်ရော အလားအလာကောင်း တစ်ခုဖြစ်တယ်’ လို့ ပြောပါတယ် ။
အိမ်ခြံမြေဆိုတာဘယ်လိုရင်းနှီးမြှုပ်နှံမှုနဲ့ မဆိုသက်ဆိုင်ပါတယ် ။ ဒါပေမဲ့ ခုလက်ရှိ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်အပိုင်းမှာ အနုတ်လက္ခ ဏာကိုပဲ ဆောင်နေတယ် ။ အစပိုင်းက အရောင်းအဝယ်အေးတယ် ။ နော က်ပြီးတော့ ကျလာတယ် ။ ဒါပေမဲ့ အိမ်ခြံမြေဈေး အေးစက်မှုကို လတ်တေ လာကယ်တင်နိုင်တဲ့ အရာတွေက စီမံကိန်းနယ်ပယ်တွေသာဖြစ်ပါတယ် ။
ဘယ်နေရာမှာမဆို စီမံကိန်းအသံကြားတာနဲ့ အရောင်းအဝယ်က သွက်လေ့ ရှိတယ် ။ ဈေးလည်း တက်လေ့ရှိတယ် ။ အဲဒီလိုတွေကြောင့် အိမ်ခြံမြေေ လာကသားတွေက စီမံကိန်းတွေကို မျှော်မှန်းလာကြပါတယ် ။ ဒါပေမဲ ခု ကျတော့ မျှော်လင့်ချက်တွေ တစ်မျိုးပြောင်းသွားခဲ့ပါပြီ ။နိုင်ငံတစ်နိုင်ငံရဲ့ စီး ပွားရေးဆိုတာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေလိုအပ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုလည်း လိုအပ်ပါတယ် ။
အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ စတင်အသက်ဝင်လာတာနဲ့ အမျှ အိမ်ခြံမြေလောက ဈေးကွက် ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ေ နကြပါတယ် ။
Credit: The Modern