နိုင်ငံတကာ ဟိုတယ် လုပ်ငန်းအော်ပရေတာ AccorHotels ဟာ
လာမယ့် ၂၀၁၉ မတိုင်ခင် မြန်မာနိုင်ငံမှာ ဟိုတယ်သစ်
ငါးခုထိ ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှ
မြန်မာနိုင်ငံမှာ ယင်းရဲ့ အခြေစိုက်မှုကို တိုးချဲ့ဖို့ စီစဉ်နေတဲ့
မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအရ ယခုလို စီစဉ်တာဖြစ်တယ်လို့
ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ကာလကလည်း SC Capital Partners Group နဲ့
လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့ပြီး
ယင်းစာချုပ်အောက်မှာတော့ မြန်မာနိုင်ငံမှာ လက်ရှိ ရှိရင်းစွဲ
ဟိုတယ်တစ်ခုကို Mercure အဖြစ် အမည်ပြောင်းလဲသွားဖို့
ရှိနေတယ်လို့ သိရပါတယ်။
ယင်းစာချုပ်အရတော့ ရန်ကုန်မြို့က အထပ်ခုနှစ်ထပ်ရှိ
Micasa Hotel Apartments Yangon ကို Mercure Yangon Kaba Aye အဖြစ် ယခုနှစ် ဇွန်လမတိုင်ခင် အမည်ပြောင်းလဲသွား
ဖို့ရှိနေတယ်လို့ သိရပါတယ်။
Credit: SFJ Strategy First