ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးသုတေသနစီမံကိန်းအရ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်စာရင်းများကိုကောက်ခံ ၍ စမတ်ကတ်များထုတ်ပေးပြီဖြစ် ကြောင်းသိရသည်။
ဧပြီ ၂၅ ရက်မှစ၍ လှိုင်သာယာ မြို့နယ်အတွင်းရှိ ကျူးကျော်စာရင်း
များကို ""ရန်ကုန်တိုင်းဒေသကြီးဖွံ့ ဖြိုးရေးသုတေသနစီမံကိန်း၊ ကျူးကျော် နေထိုင်သူများစာရင်းကောက်ယူ ခြင်းလုပ်ငန်း""ခေါင်းစဉ်ဖြင့်စတင် ကောက်ခံနေခြင်းဖြစ်ကြောင်း လှိုင် သာယာမြို့နယ်အထွေထွေ
အုပ်ချုပ် ရေးဦးစီးဌာနမှသိရသည်။
""အပိုင်အလိုက်အုပ်စုတွေခွဲ ပြီးဒီနေ့စာရင်းစကောက်ပါတယ်။ ဘယ်နေ့အထိကောက်မလဲဆိုတာ တော့ အဲဒီလိုမျိုးရက်အပိုင်းအခြား ထက်အားလုံးပြီးတဲ့ အထိကောက် သွားမှာပါ။ စမတ်ကတ်ကိုလည်း အခမဲ့လုပ်ဆောင်ပေးတာဖြစ်ပါတယ်"" ဟုလှိုင်သာယာမြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
စမတ်ကတ်ကိုမသက်ဆိုင်သူ များထံအပ်နှံခြင်း၊ လွှဲပြောင်းခြင်း
လုံးဝမပြုလုပ်ရ၊ ကတ်ပြားပျက်စီး/ ပျောက်ဆုံးမှုများဖြစ်ပါက သက်ဆိုင် ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒဏ်ကြေးငွေကျပ် ၂၀ဝ၀ ပေးသွင်း၍ပြန်လည်လျှောက် ထားယူရမည်၊ ကျူးကျော်နေထိုင်
မှုကိစ္စကိုဖြေရှင်းဆောင်ရွက်ပေးပြီး ချိန်တွင် ယင်းကတ်ပြားကိုသက်ဆိုင် ရာသို့ပြန်လည်အပ်နှံရမည်၊ မမှန်မ ကန်ရေးသွင်း၍လျှောက်ထားရယူ
ခြင်းကိုစစ်ဆေးတွေ့ရှိပါက အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း သတိပြု ရန်အချက်များ ပါရှိသည်။
လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းအတွင်းရွှေ့ပြောင်းနေ ထိုင်မှုအများဆုံးရှိပြီး ကျူးကျော်နေ ထိုင်သူအများဆုံးရှိသည့်မြို့နယ် ဟုပြောဆိုနိုင်ပြီး လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရပင် ကျူးကျော်နေ ထိုင်သူ ၂၇၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
Credit: Democracytoday