ယခင်အစိုးရလက်ထက်ကတည်းကအတည်ပြုရန်အခြေအနေထိရောက်
ခဲသော်လည်း ဥပဒေပိုင်းဆိုင်ရာအားနည်းချက်
အချို့ကြောင့် ပြန်လည်ပြင်ဆင်နေရသည့် ကွန်ဒိုဥပဒေအမြန်
ဆုံးပေါ်ပေါက်လာရေး အိမ် ခြံ မြေ လောကသားများ၊ အကျိုးဆောင်များကမျှော်လင့်နေကြကြောင်းသိရသည်။
""ကွန်ဒိုဥပဒေက ပေါ်လာဖို့လိုနေတာကြာပြီ။အရင် လွှတ်တော်မှာတုန်းကရော တင်ခဲ့ပြီးသား။ဒါပေမယ့် တချို့အားနည်းချက်တွေကြောင့်ပြန်ပြင်နေတာ ခုဆိုတော်တော်ကြာတဲ့ကာလတစ်ခုဖြစ်သွားပြီ။တကယ်လည်း ပေါ်ထွက်ဖို့သင့်နေပြီ။ဥပဒေသာထွက်လာခဲ့ပြီဆိုရင်တော့ ဒီလောကမှာတော်တော်လေးအဆင်ပြေသွားမှာပါ။""ဟု
ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအောင်သန်း မှ သုံးသပ်ပြောပြသည်။
ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသားပိုင်ဆိုင်မှုအား ၄၀ ရာခိုင်နှုန်း ခွင့်ပြုပေးထားသည်။လက်ရှိကာလတွင် ပြည်ပမှ လာရောက်အလုပ်လုပ်ကိုင်သောာနိုင်ငံခြားသားအများစုမှာ ငှားရမ်းနေထိုင်နေကြရသော်လည်း မကြာခဏ လစာအပြောင်းအလဲများကြောင့် အခက်တွေ့ကြုံရလျက်ရှိသည်။
အကယ်၍ ကွန်ဒိုဥပဒေပေါ်ပေါက်ပြီးပါက နိုင်ငံခြားသားများ
အနေဖြင့်လည်း ဝယ်ယူလာနိုင်မည်ဖြစ်ခြင်းကြောင့်
ဈေးကွက်အနေအထားမှာ ပိုမိုပြည့်စုံလာနိုင်ဖွယ်ရှိကြောင်း
အိမ် ခြံ မြေ အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com