မန္တလေးမြို့ မြို့သစ်ဧရိယာထဲက ထင်ရှားတဲ့လမ်းတစ်လမ်းဖြစ်တဲ့ မနော်ဟ ရီလမ်းပေါ်က အိမ်ခြံမြေဈေးနှုန်းတွေဟာ ဒီနှစ်ထဲမှာ အမြင့်တန်းမှာပဲ ဆက် လက် တည်ငြိမ်နေဖွယ် ရှိတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါ တယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် အနည်းငယ်သာဖြစ်နေပြီး
အိမ်ခြံမြေပိုင်ရှင်တချို့က အရင်က မြင့်တက်ခဲ့တဲ့ဈေးနှုန်းမျိုးမဟုတ်တော့ဘဲ
ဈေးနှုန်းကိုညှိနှိုင်း ရောင်းချနေတာ ရှိပေမဲ့ မနော်ဟရီလမ်း တစ်လျှောက် ကတော့ အိမ်မြေဈေးနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကြိုက်ဈေးရမှသာ အရောင်း အဝယ်ဖြစ်ဖို့ များပါတယ်။
မနော်ဟရီလမ်းတစ်လျှောက်မှာ အထူးသဖြင့် အရှေ့ဘက် ၅၈ လမ်းကနေ
အနောက်ဘက် ၆၈ လမ်းအတွင်းက အိမ်မြေအကွက်အကွင်းတွေဟာ
အလှဆုံးဖြစ်ပြီး လက်ရှိမှာ ဈေးနှုန်းလည်း အကောင်းဆုံး ဖြစ်နေပါတယ်။
ဒီလမ်းအပိုင်း အခြားအတွင်းမှာ နေရာအကျယ်အဝန်းကို လိုက်ပြီး ကျပ်သိ န်းပေါင်း သောင်းချီ ဈေးခေါ်နိုင်စွမ်းရှိနေရာမှာ ၂ဝ၁၆•၁၇ စည်းကြပ်နှစ် အ တွက်တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ထားတဲ့ ရာဖြတ်နှု န်းထားတွေကလည်း မြင့်မားပါတယ်။
မနော်ဟရီလမ်းပေါ်မှာ ၆၅ လမ်းနဲ့ ၆၈လမ်းကြားမှာ တစ်ဧကကို ကျပ်သ န်းပေါင်း ၇,၂ဝဝ ကနေ ၈,၁ဝဝ အထိ၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ တစ်ဧ ကကို ကျပ်သန်းပေါင်း ၁ဝ,၈ဝဝ ကနေ ၁၁, ၇ဝဝ အထိ သတ်မှတ်ချက် ရှိေ နတာကို တွေ့ရပါတယ်။ မနော်ဟရီလမ်းပေါ် လမ်း ၆ဝ ကနေ ၆၄ လမ်း ကြားကိုတော့ တစ်ဧကကို ကျပ်သန်းပေါင်း ၉,၉ဝဝ ကနေ ၁ဝ,၈ဝဝ အထိ သတ်မှတ်ချက် ရှိပါတယ်။
မနော်ဟရီလမ်းအလယ်ပိုင်းမှာ ဒီလိုခေါ်ဈေးတွေ မြင့်မားနေတဲ့အတွက် အဲဒီအပိုင်း အခြားကို ငွေကြေးအင်အား တောင့်တင်းတဲ့ လုပ်ငန်းကြီး သ မားတွေသာ စဉ်းစားနိုင်တော့မှာ ဖြစ်ပြီး အကျိုးအမြတ်အတွက် အလုပ်လုပ် ချင်တယ်ဆိုရင်တော့ မနော်ဟရီလမ်း အရှေ့ပိုင်းကိုသာ စဉ်းစားကြရတော့ မှာဖြစ်ကြောင်း အကျိုးဆောင်အများစုက ပြောပါတယ်။ မနော်ဟရီလမ်းရဲ့ အရှေ့ဖျား ၄၈ လမ်းတစ်ဝိုက်မှာဆိုရင် ခေါ်ဈေးက အောက်ထစ် ကျပ်သိန်း ၅,ဝဝဝ အထက်မှာရှိကြောင်း ဈေးကွက်သတင်းတွေ အရ သိရပါတယ်။
မနော်ဟရီလမ်း အိမ်မြေဈေးကွက်မှာဈေးနှုန်းတွေဟာ သိသိသာသာကျဆင်း သွားဖို့ ရာခိုင်နှုန်း နည်းနေပေမဲ့ မနော်ဟရီလမ်းကို ကန့်လန့်ဖြတ် တည်ရှိေ နတဲ့ လမ်းတွေပေါ်က အိမ်မြေတွေက ဈေးနှုန်း သင့်တင့်နေလို့ နေထိုင်ဖို့ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ဖြစ် စဉ်းစားသင့်တယ်လို့ အကျိုးဆောင်အများစုက ယူဆကြပါတယ်။ ဥပမာ ပြောရရင် မနော်ဟရီလမ်းကို ထောင့်ဖြတ် တည် ရှိနေတဲ့ ၄၈ လမ်းပေါ်မှာ အလားအလာကောင်းပြီး ပေ ၄ဝ x ပေ ၆ဝ အကျ ယ်ကို လတ်တလောမှာ ကျပ်သိန်း ၁,ဝဝဝ ပတ်ချာလည်နဲ့ရနိုင်ပြီး မနော်ဟ ရီ လမ်းရဲ့စည်ကားမှုအရှိန်နဲ့အတူ အနာဂတ်မှာ အကျိုးအမြတ်သေချာတဲ့
အကွက်အကွင်းမျိုး ဖြစ်ပါတယ်။
Credit: Myanmar Time