နလန်မထူနိုင်သေးတဲ့ ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်အတွင်းက
စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံရာ စီးပွားရေးနယ်ပယ်
တစ်ခုဖြစ်တဲ့ ရွှေဈေးကွက်အတွင်း ဝင်ရောက်လာတာမရှိပါဘူးလို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေထံ ကသိရပါတယ်။
အစိုးရအပြောင်းအလဲနောက်ပိုင်း ပြန်လည်အသက်ဝင်လာမယ့်လို့
ခန့်မှန်းထားတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကွက်က လက်ရှိအချိန်
အထိလည်း အေးစက်လေးလံဆဲဖြစ်ပေမယ့် ယင်းကဏ္ဍအတွင်းက
လုပ်ငန်းရှင်တွေ ရွှေ ဈေးကွက်ကို ကူးပြောင်းလာတာမရှိဘူးလို့ ရွှေလုပ်ငန်းရှင်ဦးဇော်အောင်ကပြောပါတယ်။
“ အိမ်ခြံမြေဈေးကွက်နဲ့ ရွှေဈေးကွက်က ဆက်စပ်တယ်ဆိုပေမယ့် အဲဘက်ကဈေးကွက်အေးသွားလို့ ကျွန် တော်တို့ရွှေဈေးကွက်ထဲကို ဝင်ပြီးရင်းနှီးမြုပ်နှံတာတော့ မရှိပါဘူး၊ ဈေးကွက်သဘောချင်းလည်း
သိပ်မတူပါ ဘူး” လို့ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ကောင်းမွန်ချိန်မှာ ယင်းနယ်ပယ်က စီးပွားရေး
သမားတွေ ရွှေဝယ်ယူစုဆောင်းမှုတွေပြုကြ ပေမယ့် လက်ရှိအိမ်
ခြံမြေဈေးကွက် အေးစက်ချိန်မှာ ရွှေဈေးကွက်လည်း ထိခိုက်မှုတွေရှိ
လာခဲ့တယ်လို့ သူက ပြောပါတယ်။
ယင်းအပေါ်ရွှေမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက
လည်း “ အိမ်ခြံမြေဈေးကွက် လျှင်မြန်သွက်လက် ချိန် လူတွေ
ကငွေပေါ်မြန်တော့ တတ်နိုင်သလောက်တော့ ရွှေဝယ်ယူ
စုဆောင်းကြတာတွေတော့ရှိပါတယ်၊ အခု တော့ အိမ်ခြံမြေ
ဈေးကွက်လည်း ဘယ်လို့မှပြန်မထောင်နိုင်တော့ ကိုင်ထား
တဲ့အ လုံးတွေကိုတော့ ဈေးလျှော့ ထုတ်နေရတာဆိုတော့
တခြားဘက်တွေကို သိပ်မလှမ်းနိုင်တော့ဘူးပေါ့”လို့ပြော
ပါတယ်။
လက်ရှိပြည်တွင်းရဲ့ရွှေဈေးကွက်မှာလည်း အရောင်းအဝယ်
တွေအေးနေသလို ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက် လည်း လှုပ်
ရှားမှုမရှိပဲ အဌားဈေးကွက်နဲ့သာ အသက်ဆက်နေတယ်လို့ ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Credit: SFJ Strategy First