မြောက်ကိုရီးယားအရေး တင်းမာမှုများကြီးထွားလာခြင်းကြောင့် ဂျပန်တွင် အဏုမြူဒဏ်ခံဗုံးခိုကျင်းများ ဆောက်လုပ်မှု မြင့်တက်

မြောက်ကိုရီးယားအရေး တင်းမာမှုများကြီးထွားလာခြင်းကြောင့် ဂျပန်တွင် အဏုမြူဒဏ်ခံဗုံးခိုကျင်းများ ဆောက်လုပ်မှု မြင့်တက် - Property News in Myanmar from iMyanmarHouse.com
26 Apr 2017 11:34 am တွင် တင်ခဲ့သည်
1340 ကြိမ် ကြည့်ရှု့ပြီး
မြောက်ကိုရီးယားသည် ကုလသမဂ္ဂအရေးယူမှုများကို အံတုကာ ဒုံးကျည်စမ်းသပ်မှုများ၊ အဏုမြူဗုံးဖောက်ခွဲစမ်းသပ်မှုများ ဆက်လက်ပြုလုပ်လာဖွယ်ရှိနေရာ ဂျပန်နိုင်ငံတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အဏုမြူဒဏ်ခံဗုံးခိုကျင်းများ ဆောက်လုပ်ခြင်းနှင့် ရေဒီယိုသတ္တိဖြာထွက်မှု ကာကွယ်သည့် လေထုသန့်စင်စက် ဝယ်ယူခြင်းများ မြင့်တက်လာလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဏုမြူဒဏ်ခံအဆောက်အအုံများ အထူးပြုတည်ဆောက်သည့် ကုမ္ပဏီငယ်တစ်ခုသည် ဧပြီလတစ်လတည်းအတွင်းတွင်ပင် နေအိမ်များ၏ အောက်၌ ဗုံးခိုကျင်း ၈ ခုဆောက်လုပ်ရန် အော်ဒါရရှိခဲ့သည်။

ဂျပန်နိုင်ငံအနောက်ပိုင်း၊ ကိုဘေးမြို့အခြေစိုက် အိုရီဘီ ဆီကီ ဆီဆာကူရှိုကုမ္ပဏီသည်လည်း ရေဒီယိုသတ္တိဖြာမှုများနှင့် အဆိပ်ဓာတ်ငွေ့များကို ကာကွယ်ပေးနိုင်စွမ်းရှိသော ဆွစ်ဇာလန်ထုတ် လေထုသန့်စင်စက် ၅၀ ခန့် ရောင်းချခဲ့ရပြီး ဆက်လက်ဝယ်ယူနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ နိုဘူကို အိုရီဘီက ပြောကြားသည်။

လူ ၆ ဦးစာ လေထုသန့်စက်တစ်ခုလျှင် ယန်းငွေ ၆၂၀၀၀၀ (ကန်ဒေါ်လာ ၅၆၃၀) ၊ လူ ၁၃ ဦး (သို့မဟုတ်) မိသားစုဗုံးခိုကျင်းတွင် တပ်ဆင်မည်ဆိုလျှင် ယန်းငွေ ၁ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၁၅၄၄၀) ခန့် ကုန်ကျမည်
ဖြစ်သည်။

မြောက်ကိုရီးယားက ဆာရင်အဆိပ်ငွေ့များ ထည့်သွင်းထားသည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ဖွယ်ရှိနိုင်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပါလီမန်တွင် ပြောကြားလိုက်ပြီးနောက် ဂျပန်နိုင်ငံတစ်ဝန်းတွင် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရမည်ကို ရတက်မအေးဖြစ်မှုများ မြင့်တက်လာလျက်ရှိနေသည်။

“ဗုံးခိုကျင်းတစ်ခု တည်ဆောက်ဖို့ အချိန်နဲ့ငွေတွေ
အများကြီးကုန်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး တင်းမာမှုတွေဖြစ်နေတဲ့
အချိန်မျိုးမှာ ဗုံးခိုကျင်းတစ်ခု လိုချင်လာကြတယ်။ ချက်ချင်းလာဆောက်ပေးဖို့ တောင်းဆိုကြတယ်”
ဟု အိုရီဘီက ပြောကြားသည်။

ရှီဇူအိုကာစီရင်စုအခြေစိုက် Earth Shift ကုမ္ပဏီသည်လည်း မြေအောက်ဗုံးခိုကျင်းဆောက်လုပ်ပေးပါရန်
စုံစမ်းမေးမြန်းမှုများ ယခင်ကထက် ဆယ်ဆခန့်
မြင့်တက်လာခဲ့ကြောင်း ကုမ္ပဏီအရောင်းမန်နေဂျာ
အကီရာ ရှီဂါက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မြောက်ကိုရီးယားအရေး တင်းမာမှုများကြီးထွားလာခြင်းကြောင့် ဂျပန်တွင် အဏုမြူဒဏ်ခံဗုံးခိုကျင်းများ ဆောက်လုပ်မှု မြင့်တက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service