အခြေအနေ အချိန်အခါတွေကလည်း အပြောင်းအလဲ မြန်လွန်းလှသည်ဟု ဆိုရမည်လား မသိပါ။ လွန်ခဲ့သော ၂ လခန့်က အိမ်ခြံမြေ အရောင်းအဝယ် များ လှုပ်ခတ်လာခြင်းကြောင့် အိမ်ခြံမြေ အကျိုးဆောင်များလည်း လက်ဖက် ရည်ဆိုင်များတွင် ထိုင်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသေးသည်။ သို့သော အရောင်းအဝယ်များက ထင်သလောက် ကောင်းမလာဘဲ လပိုင်းအ တွင်း ပြန်လည် ငြိမ်သက်သွားသည်ကို တွေ့ရပြန်သည်။
"အိမ်ခြံမြေ ဝယ်လိုအားထက် ရောင်းသူက များနေသော ကာလ"
ထို့ကြောင့် မြေနှင့်အိမ် ရောင်းရန် ပြင်ဆင်နေကြသော အချို့သောသူများမှာ ဝယ်သူများ ထင်သလောက် ဆင်းလာသည်ကို မတွေ့ရသဖြင့် စိတ်ပျက်သွား ကြသူများလည်း ရှိကြသည်။ စိတ်ပျက်သူများတွင် စာရေးသူ၏ မိတ်ဆွေ "ကိုစောနိုင်" လည်း ပါသေည်။ ကိုစောနိုင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၈၈ ရပ်ကွက်၌ မိခင်နှင့် အတူနေထိုင်သည်။ ဖခင်မှာ လွန်ခဲ့သော ၃ နှစ်ခန့် ကပင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကိုစောနိုင်တွင် ညီအကို မောင်နှမ (၃) ယောက်ရှိသည်။ အားလုံး အိမ်ထောင်သည်များ ဖြစ်သည်။
"ငါးပျံ" တစ်လှည့် "ဗုံလုံ" တစ်လှည့် ဈေးသည်တို့၏ ဘဝ
အိမ်ထောင်သည်များ ဖြစ်သောလည်း အစိုးရ ဝန်ထမ်း မလုပ်ကြဘဲ အေ ရာင်းအဝယ် လုပ်သူကလုပ်၊ ဈေးရောင်းသူက ရောင်း စသည်ဖြင့် ရှာဖွေ လုပ်ကိုင်စားကြသည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်၍ အရောင်းအဝယ် ကောင်း သည့်အခါ ရှိသကဲ့သို့ ပုံမှန် အရောင်းအဝယ်သာ ရှိသည့်အခါမျိုးလည်း ကြုံရသည်။ တစ်လလျှင် (၁၀) သိန်း၊ (၂၀)သိန်း မြတ်စွန်းသည့် လုပ်ငန်းမျိုး မဟုတ်သဖြင့် အိမ်ခြံမြေ ဝယ်၍ အိမ်ခွဲနေထိုင်ဖို့ အခက်အခဲ ရှိကြသည်။
နေရာကလည်း ဈေးအနီး ကျောင်းအနီး သွားလာ ဆက်သွယ်ရေး ကောင်း သည့် နေရာမျိုး ဖြစ်သဖြင့် မိခင်ကြီးနှင့် မခွဲဘဲ စုပေါင်း နေထိုင်ကြသည်။ အိမ်ထောင်မကျခင်က တစ်အိမ်တည်းတွင် မောင်နှမ(၃) ယောက် ချစ်ချစ်ခင် ခင် နေထိုင်ခဲ့ကြသော်လည်း အိမ်ထောင်ကျပြီး သားသမီးများ ရလာသည့် အခါ အကိုအကြီးဆုံးက မိခင်၏ အိမ်နောက်တွင် အိမ်ငယ်ဆောက်၍ ခွဲနေ သည်။ ကိုစောနိုင်နှင့် အမဖြစ်သူမှာ မိခင်နှင့် အတူ နေသည်။
မြေနှင့်အိမ် ဝယ်နိုင်ရန် ကြိုးစားရှာဖွေသော်လည်း ချမ်းသာကိန်း ကြုံနိုင် သည့်ကံက နည်းပါးသဖြင့် သားသမီးများမှာ အရွယ်ရောက်လာသည်အထိ မိခင်ခြံဝင်းအတွင်း၌ မှီခိုနေကြရသည်။ အရောင်းအဝယ် လုပ်ငန်းများက လည်း အမြတ်အစွန်းနည်းလာသဖြင့် ဝင်ငွေနဲ့ထွက်ငွေ မမျှမတ ဖြစ်လာကာ အကြွေးတင်လာသြည်။ ဤသို့ အဆင်မပြေမှုများကို မြင်တွေ့လာရသည့် မိခင်ဖြစ်သူမှာ စိတ်မချမ်းမသာ ဖြစ်လာသည်။
"သားသမီးများ အကြွေးတင်နေသည်ကို မကြည့်ရက်သည့် မိခင်"
အရွယ်ကလည်း (၇၀) ကျော် ဖြစ်လာချိန်တွင်မှ သားသမီးများက စီးပွားရေး အဆင်မပြေ ဖြစ်လာရသည်ကို မြင်တွေ့ရသည့်အခါ ထုခွဲ ရောင်းချပေးစရာ အတွင်းရွှေငွေ လက်ဝတ်ရတနာများလည်း မရှိသဖြင့် အခက်ကြုံရသည်။ ထို့အတွက် သားသမီးများ၏ ကြွေးအပူ အေးစေရန် အိမ်ဂရန်ကို သိန်း(၈၀ ) နှင့် ပေါင်နှံပေးလိုက်တော့သည်။ သားသမီးများအား အကြွေးများကို ကုန်ေ အာင်ဆပ်ကြ ပိုသည့်ငွေဖြင့် အမြတ်ရအောင် ရင်းနှီးကြ၊ အတိုးလည်း မှန် မှန်ပေးနိုင်အောင် ကြိုးစားကြဟု သားသမီးများအား သတိပေးစကား ပြော ကြားခဲ့သည်။
"သားသမီးက ပြန်မပေးချင်နေနိုင်ကြသော်လည်း အတိုးက တတ်မြဲ တတ်နေ"
သို့သော် "ဘုရားချသည့် ရွှေ၊ ကြက်သောက်သည့် ရေ၊ သားသမီးများအားေ ထာက်ပံ့သည့် ငွေ" ပြန်မရနိုင် ဆိုသကဲ့သို့ သားသမီးများကလည်း မိခင်ပေး သည့်ငွေဖြင့် ထပ်မံ ရင်းနှီးမြှုပ်နှံကြသော်လည်း ထင်သလောက် အရောင်း အဝယ် မကောင်းသည့်အခါ မိခင်ထံ ပြန်ပေးရမည့် အတိုးနှုန်းနှင့် အရင်းများ မပေးနိုင်ကြပေ။ သားသမီးများက မပေးနိုင်ဟု မိခင်အပေါ် ငြင်းဆန်နိုင်ကြေ သ်ာလည်း ဂရန်ပေါင်းထားသည့် အတိုးများက ဒီရေကဲ့သို့ တိုး၍ တိုး၍သာ လာနေသည်။ ဤအချက်ကို သားသမီးများက သိသော်လည်း အတိုးဆပ်ေ ပးနိုင်ခြင်း မရှိကြပေ။
မပေးနိုင်သည်မှာ လ မှ နှစ် အထိ ကြာလာသောအခါ အတိုးက အရင်း နီးပါး ဖြစ်လာသည်။ သိန်း ၈၀ အရင်းနှင့် အတိုးပေါင်းလိုက်လျှင် သိန်း ၁၂၀ အထိ မြင့်တတ်သွားသည်။ ဤတွင် အတိုးများက ရပ်တန်းက ရပ်ဖို့ မြေနှင့် အိမ်ကို ရောင်းရန် ကြော်ငြာရတော့သည်။ မိခင်၏ မြေကွက်နှင့် အိမ် မှာ ကျောင်း၊ ရုံး၊ ဈေးနီးသဖြင့် ဝယ်လိုသူများက စောင့်နေကြသည်။ ထို့ ပြင် ထောင့်ကွက်ဖြစ်၍ ပို၍ လူကြိုက်များလှသည်။
"အကြွေးထူ၍ ရောင်းမည်ကြံ၊ အိမ်နောက်ဖက်က နေသူသားက လက်မခံ"
သို့သော်လည်း ကိုစောနိုင်တို့မှာ အပေါင်ဆုံးမည်စိုး၍ ရောင်းခြင်းဖြစ်ြေ ကာင်း ပတ်ဝန်းကျင်က သိထားသည်။ ထို့ကြောင့် ကာလပေါက်ဈေး ထက် လျော့၍ ဝယ်ယူဖို့ ကမ်းလှမ်းကြသည်။ အိမ်ခြံမြေ ဈေးကောင်း စဉ် က မြေနှင့်အိမ်ကို သိန်း၅၀၀ ထိ ပေးမည်ဟု ကမ်းလှမ်းခဲ့ကြဖူးသည်။
လက်ရှိ အခြေအနေတွင်မူ ဤသို့ ဈေးကောင်းမရတော့။ သိန်း ၃၀၀ အ ထိသာ ပေးကြသည်။ ဘာပဲဖြစ်ဖြစ် ရသမျှဈေးနှင့် ရောင်းတော့မည်ဟု ဝယ် သူအားကမ်းလှမ်းလိုက်ချိန်တွင် အိမ်နောက်ဖက်တွင်နေသော သားကြီးဖြစ် သူက ဤဈေးနှင့်ရောင်းလျှင် ရွှေ့မပေးနိုင်ကြောင်း ပြောလာသည့်အတွက် ဝယ်သူအချို့မှာ မဝယ်ရဲတော့ဘဲ ပြန်သွားကြသည်။
ဤတွင် သားကြီးဖြစ်သူ၏ လိုချင်တတ်မတ်မှုက ဘွားကနဲ ပေါ်လာသည်။ ထိုထက် ပို၍ ဆိုးသည် မှာ မြေနှင့်အိမ်ကို သိန်း ၃၅၀ နဲ့ ရအောင် ရောင်းေ ပးမည်။ သိန်း ၅၀ အပိုကို သားကြီးက ယူမည်။ ရွှေ့ပြောင်းပေးစရိတ် ၂၅ သိန်း မိခင်ထံမှ ရမှ ဖယ်ပေးနိုင်မည်ဟု တိတိလင်းလင်း ပြောလာသည်။ ဤတွင် မိခင်ဖြစ်သူမှာ ဘေးကြပ်နံကြပ် ဖြစ်လာရသည်။ ဝယ်မည့်သူ လာသည့်အချိန်တွင် မရောင်းနိုင်လျှင် အပေါင်ဆုံးတော့မည်။ အိမ်ပေါ်မှ ခုန်ဆင်းပေးရမည့်ကိန်း ဆိုက်တော့မည်။
"မိဘကျေးဇူး နားမလည်သော သားသမီးများလည်း လောကတွင် ရှိ"
နောက်ဆုံး သားကြီးဖြစ်သူ၏ ဆန္ဒအတိုင်း ပေးပါမည်ဟု ကတိပြုလိုက် သည့်အခါမှ သားကြီးက သိန်း ၃၅၀ ပေးမည့် ဝယ်သူခေါ်လာခဲ့သဖြင့် အရောင်းအဝယ် ဖြစ်သွားသည်။ ရောင်းပြီးသည်နှင့် ကတိအတိုင်း စုစုပေါင်း ၇၅ သိန်းပေးမှ အိမ်မှ ဖယ်ရှားပေးတော့သည်။ မိခင်ဖြစ်သူမှာ ဂရန်ပြန်ေ ရွးသည့်အခါ သိန်း ၁၂၀ ကုန်သွားသည်။ ၁၄၅ သိန်းသာ လက်ကျန် ရှိတော့ သည်။ ယင်းလက်ကျန်ငွေကို ကျန်သားသမီးများက ခွဲတမ်းအမွေ မတောင်း ကြပေ။ မိခင်လိုအပ်သလို အသုံးပြုနိုင်ကြရန် ပြန်ပေးကြ၍ တော်သေးသည်။
"မိဘကျေးဇူး မြင့်မိုရ်ဦးကို အထူးကျေအောင် ဆပ်ပါ"
မြေနှင့်အိမ်ရောင်းရငွေ လက်ကျန်ထဲမှ သိန်း (၉၀)တန် မြေကွက် တစ် ကွက် ပြန်ဝယ်ထားလိုက်သည်။ ကျန်ငွေကို အိမ်ငှားပြီး သားငယ် ကိုစောနိုင် မိသားစုနှင့်အတူ လိုက်နေခြင်းဖြင့် ဘဝခရီးကို ဆက်ရတော့သည်။ ဤဖြစ် ရပ်မှန်က လောကတွင် စုန်ရေသာ ရှိသည်။ ဆန်ရေက နည်းနေတာေ ကြာင်း တွေ့ရသည်။ "မိဘကျေးဇူး မြင့်မိုရ်ဦး အထူးကျေအောင် ဆပ်ပါ မည်။" ဟူသော မင်္ဂလာတရားများ ပျက်နေပြီ ဆိုရမည်။ သားသမီးချင်းတူတူ မိဘကျေးဇူး နားမလည်ကြသူများလည်း ရှိနေတာကြောင်း တွေ့ရသည်။ ထို့ကြောင့် သားသမီးတိုင်း အိုမင်းမစွမ်း အရွယ် မိဘများကို ကျွေးမွေြး ပုစုစောင့်ရှောက်နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါတော့သည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com