သမ္မတဟောင်း ပတ်ဂွန်ဟေးဟာ ဆိုးလ်မြို့လယ်ကောင်မှာရှိတဲ့ သူပိုင်နေ အိမ်ကို ဝမ် ၆.၇ သန်းနဲ့ ရောင်းချခဲ့ပြီး ဆိုးလ်တောင်ဘက်စွန်းရှိ ဆိတ်ငြိမ် ရပ်ကွက်တစ်ခုမှာ အိမ်အသစ်တစ်လုံး ဝယ်ယူလိုက်တယ်လို့ သောကြာနေ့ က ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ် ။
‘အိမ်ဟောင်းက ယိုယွင်းနေပြီဖြစ်ပြီး အိမ်နီးချင်းတွေကိုလဲ စိတ်မသက်မ သာ ဖြစ်စေတယ် ၊ ပြီးတော့ အဲဒီရပ်ကွက်က လူနေစိတ်တာကြောင့် ပိုတိတ် ဆိတ်တဲ့ ရပ်ကွက်ကို ပြောင်းရွှေ့ခဲ့တာ’ လို့ ပတ်ရဲ့ယုံကြည်ရသူတစ်ဦးက ယွန်ဟပ်သတင်းဌာနကို ပြောပါတယ် ။
ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Mario Qutlet ရဲ့ စီအီးအိုဖြစ်တဲ့ ပတ်ရဲ့နှစ် ထပ်အိမ်ကို ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ် ။
ပတ်ရဲ့ နေအိမ်အသစ်ဟာ သမ္မတဟောင်း လီမြောင်ဘတ်နေထိုင်ခဲ့ဖူးတဲ့ Naegokd-ong မှာ တည်ရှိတာဖြစ်ပြီး ပတ်ရဲ့ပစ္စည်းတွေကို လာမယ့် အ ပတ်အတွင်းမှာ နေအိမ်သစ်ကို ပြောင်းရွှေ့သွားမယ်လို့ ယူဆရပါတယ် ။
ပတ်ဟာ မတ်လ ၁၀ ရက် အဂတိလိုက်စားမှုစွဲချက်နဲ့ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ် ။ နောက်ပိုင်းမှာ ပတ်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အာဏာ အ လွဲသုံးစာမှုအပါအဝင် စွဲချက်ပေါင်း ၁၈ ခုနဲ့ စွဲချက်တင်ခဲ့ပါတယ် ။ သူရဲ့ အမှု ပဏာမ ကြားနာမှုကို မေလ ၂ ရက်မှာ လုပ်ဖို့ စီစဉ်ထားပါတယ် ။
Credit: The Kumudra