အိမ်ခြံမြေအရောင်းအဝယ်နဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်းမှာ ပူးပေါင်းေ ဆာင်ရွက်မှုပုံစံသစ်နဲ့ အလုပ်လုပ်တာတွေကို တွေ့ရပါတယ်။
“အရင်တုန်းကဆိုရင် construction တွေအနေနဲ့ မိမိတို့ဆောက်လုပ်ဆဲ
ဆောက်လုပ်ပြီး ဆောင်ရွက်နေတဲ့ အဆောက်အအုံတွေကို မိမိတို့ ခန့်အပ် ထားတဲ့ အရောင်းဝန်ထမ်းတွေနဲ့ ရောင်းချလာကြတယ်၊ ဒါပေမဲ့ ခုကျတော့ အိမ်ခြံမြေ ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်နဲ့ ပူးပေါင်းပြီး ရောင်းချလာကြပါ တယ် ၊ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်အနေနဲ့ ရောင်းချမယ့် အဆောက်အအုံေ တွကိုလဲ အထူးဖော်ပြကြော်ငြာပြီး ရောင်းချမယ့် အချိန်တွေကိုလဲ ကြော်ြ ငာပေးပြီး ဖော်ပြလာကြပါတယ်၊ ရောင်းဝယ်ရေးဝက်ဘ် ဆိုက်က ထုတ်ဝေ တဲ့ စာစောင်တွေမှာလဲ အဆောက်အအုံနဲ့ပတ်သက်ပြီး အထူး ဆောင်းပါးေ တွနဲ့ ရေးသားဖော်ပြလာကြ တာကို တွေ့ရပါတယ်”လို့ iMyanmarHouse.com ဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။
အဲသည်လို ရောင်းချတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း သမားရိုးကျရောင်းချတာ ထက်ပိုပြီး ထိရောက်စွာ ရောင်းချလာတာကို တွေ့ရပါတယ်။ ဒါ့အပြင်ေ ရာင်းချရာမှာ ဝယ်ယူသူ အဆင်ပြေအောင် ရောင်းချသူ ဘက်က အရစ်ကျေ ငွပေးချေမှုစနစ်တွေကို လရှည်၊ နှစ်ရှည် ပေးချေခြင်းတွေနဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်မှုတွေ ပေးလာကြပါ တယ်။ ရောင်းချမယ့် အဆောက်အအုံ ကွန် ဒိုတွေကိုလည်း ခေတ်နဲ့အညီ Facility တွေ ပြည့်အောင် စီမံပေးလာကြ တယ်။
ယခု နောက်ပိုင်း အိမ်ခြံမြေရောင်း ဝယ်မှုပုံစံ ပြောင်းလဲမှုက အကောင်း ဘက်ကို ဦးတည်နေပါတယ်။
ကြိုပွိုင့်မသမာမှုတွေကြောင့် ဈေးကွက်ပျက်သွားတဲ့နောက်ပိုင်းမှာ အရစ် ကျ ရောင်းချတာတွေ ဝယ်ယူသူတွေ ယုံကြည်မှု ရရှိအောင် ပြန်လည် တည်ဆောက်လာကြသလို သူတို့ဆောက်လုပ်ဆဲနဲ့ ဆောက်လုပ်ပြီးစီးတဲ့ အဆောက်အအုံတွေကို ဝယ်ယူနေထိုင်သူတွေဆီ အမြန်ရောင်း ချနိုင်အောင် အိမ်ခြံမြေရောင်းချမှု ဆောင်ရွက်ပေးနေတဲ့ iMyanmarHouse.com တို့လို ဝက်ဘ်ဆိုက်တွေနဲ့ ပူးပေါင်းပြီး အရောင်း ပွဲတွေမှာလည်း ပါဝင် ရောင်း ချလာကြ တယ်။
Credit: The Kumudra