နေပြည်တော်ရှစ်မြို့နယ်အတွင်းမှာ တည်းခိုခန်း ဆောက်လုပ်ဖို့ စည်ပင်က ခွင့်ပြုလိုက်တာကြောင့် လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
‘အဓိကအားဖြင့်အများသူငှာ လွယ်လွယ်ကူကူတည်းခိုနိုင်အောင်၊ မြို့နယ်ေ တွမှာ အရင်က တည်းခိုခန်းတွေဖွင့်ခွင့်မပြုတဲ့ နေရာတွေမှာ အခုခွင့်ပြုလိုက် ပါပြီ၊ တင်ပြမှုအပေါ်မူတည်ပြီးမှာ တည်းခိုခန်း လိုင်စင်တွေကို စည်ပင်သာ ယာရေးကောမတီက ထုတ်ပေးနေတာဖြစ်ပါတယ်။’ လို့ပြေပါတယ်။
တည်းခိုခန်းဆောက်လုပ်ရန် ခွင့်မပြုထားတဲ့ ကန့်သတ်မြို့နယ်များ အားလုံး ကို နေပြည်တော်ကောင်စီမှ ပယ်ဖျက်ပေးလိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်
အောက်တိုဘာလကစပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
တည်းခိုခန်းဆောက်လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းလိုင်စင် ရရှိ ဖို့အတွက် စည်ပင်သာယာရေးကော်မတီကပဲ ချမှတ်ပေးမှာဖြစ်တယ်။
တည်းခိုခန်းများ ဆောက်လုပ်ခွင့်ပြုပြီးနောက်ပိုင်းမှာ တည်းခိုခန်း ဆောက် လုပ်ဖို့ လုပ်ငန်း လိုင်စင်လာရောက်လျှောက်ထားသူ တစ်လကို နှစ်ဦးခန့် ရှိတယ်လို့ သိရပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်လွှာများလျှောက်တဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်း မျဉ်း၊ စည်းကမ်းပုံစံတွေနဲ့ စည်ပင်ကို တိုက်ရိုက်လျှောက်လွှာတွေကို တင်ရ မှာ ဖြစ်ပါတယ်။
နေပြည်တော်မြို့တည်ဆောက်မှုမှာ ကျယ်ဝန်းတာကြောင့် တစ်နေရာကနေ တစ်နေရာသွားလာရာမှာ အလှမ်းဝေးလွန်းတာရယ်၊ တည်းခိုစရာက ပျဉ်းမ နား မြို့အတွင်းမှာပဲ တည်းခိုခန်းတွေက ရှိနေတာကြောင့် လူလတ်တန်း စားတွေ အတွက်သွားလာရေး၊ နေရေးထိုင်ရေးအတွက်ခက်ခဲပါတယ်။
ဥတ္တရသီရိမြို့နယ်အတွင်းမှာဆိုရင် အထူးကုဆေးရုံကြီးတွေဖြစ်တဲ့ နား၊ နှာေ ခါင်း၊ မျက်စိ၊ လည်ချောင်း ဆေးရုံ၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီးများ တည်ဆောက်ထားပေမဲ့ ဆေးရုံလာရောက်သူ ပြည်သူတွေဟာ ညအိပ်ဖို့ အဆင်မပြေကြပါဘူး။
အဲသည်ဆေးရုံကြီးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ချင်းရွာ၊ ဒိုးနွယ် တို့မှာ ရပ် ကွက်တွေအတွင်း တည်းခိုခန်းများ ဆောက်လုပ်ဖို့လည်း လုပ်ငန်းရှင်တွေ လာရောက်လျှောက်ထားပါတယ်။
ဟိုတယ်လုပ်ငန်းမထိခိုက် နေပြည်တော် ရှစ်မြို့နယ်လုံးမှာ တည်းခိုခန်းေ ဆာက်လုပ်ခွင့်ပြုလိုက်တာကြောင့် လက်ရှိအခြေအနေအထိတော့ ဟိုတယ် လုပ်ငန်းတွေကို ထိခိုက်မှုမရှိသေးဘူးလို့ သိရပါတယ်။
နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးသန်းထွဋ်က ‘အခု ထိတော့ အထိခိုက်မှုမရှိသေးဘူးလို့ပဲ ပြောရမှာပါ။ ဘယ်ဟိုတယ်တွေကမှ ထိခိုက်တယ်လို့လဲ ပြောသံမကြားသေးပါဘူး’ လို့ပြောပါတယ်။
နေပြည်တော်က ဟိုတယ်ကြီးတွေမှာလည်း အခြားမြို့တွေထက် စာရင်ြေ မနေရာလည်းကျယ်၊ အဆောက်အအုံတွေကကျယ်၊ အဆောက်အအုံတွေက ကြီးကျယ် ခမ်းနားပေမဲ့ တည်းခိုနေထိုင်သူနည်းပါတဲ့အတွက် ဟိုတယ် အချို့ က ဈေးလျှော့ပြီးငှားရမ်းနေတာလည်းတွေ့ရပါတယ်။
တည်းခိုခန်းများတည်ဆောက်ဖို့ လုပ်ငန်းရှင်အချို့က မြေနေရာ လိုက်ကြ ည့်နေဆဲ ကာလဖြစ်တဲ့ အပြင် မြေနေရာ ပိုင်ဆိုင်ပြီးသားသူတွေ ကလည်း ဆောက်လုပ်ရေးအတွက် ပြင်ဆင်ဆဲကာလဖြစ်ပါတယ်။
‘တည်းခိုခန်းတွေဆောက်ပြီးရင်တော့ စည်ပင်မှာ တည်းတဲ့ အလတ်တန်း စားတွေ တော့ ခွဲထွက်သွားနိုင်တယ်၊ ဟိုတယ်ဝန်ဆောင်မှုကြိုက်တဲ့ သူတွေ ကတော့ ဟိုတယ်ကိုပဲ ရွေးချယ်ကြမှာဖြစ်ပါတယ်။’ လို့ ဇေယျအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်က ပြောပါတယ်။
အဲသည်လိုဟိုတယ်လုပ်ငန်းတွေကို ထိခိုက်နိုင်မှာစိုးလို့ မလိုအပ် တဲ့နေရာေ တွမှာ တည်းခိုခန်းဆောက်လုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နေပြည်တော် စည်ပင်သာယာရေးကောမတီက သိရပါတယ်။
Credit: The Modern