မြန်မာနိုင်ငံတွင် ရွှေအရောင်းအ၀ယ်စတော့ဈေး ကွက်တစ်ခု ဖွင့်လှစ်နိုင်ရေး မြန်မာအစိုးရဘက်မှ ပြင်ဆင်စရာများရှိသောကြောင့် ကြန့်ကြာဦးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ဟောင်ကောင်နိုင်ငံမှ ၄င်းဈေးကွက်အား အကူအညီပေး ရန် ဟောင်ကောင်ရွှေစတော့ ဈေးကွက်နှင့် မြန်မာအစိုးရတို့မှ ဆွေးနွေးလျှက်ရှိသည်.ဆွေးနွေးနေသည်။
‘‘မြန်မာနိုင်ငံက သူတို့ရဲ့ စီးပွားရေးကို ခေတ်မီအောင် လုပ်ဖို့ စိတ်အားထက်သန်နေတဲ့အတွက် ရွှေစတော့ဈေးကွက်ဖွင့်ဖို့
အချိန် ကောင်းပါပဲ’’ဟု တရုတ်ရွှေနှင့် ငွေစတော့ရောင်းဝယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟေးဝုဒ်ချွန်တေယေက ဆောက်သ်ချိုင်းနားမောနင်းပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ် နိုင်ငံ၏ ခေတ်သစ်စီးပွားရေးပိုး လမ်းမကြီးပေါ်တွင် တည်ရှိသ ဖြင့် ဒေသတွင်း၌ တိုးတက်လာ သည့် ရွှေ၊ ငွေနှင့် အခြားကုန် ပစ္စည်းများ ရောင်းဝယ်ရေးအခွင့် အလမ်းများ ရယူနိုင်သည်ဟု
ချွန်က ဆက်လက်ပြောကြား သည်။
ဟောင်ကောင်-မြန်မာကုန် သည်ကြီးများအဖွဲ့မှတစ်ဆင့် ဟောင်ကောင်ရွှေဈေးကွက်အဖွဲ့ က အကြံဉာဏ်နှင့် နည်းပညာပိုင်း ကူညီမှုများပေးမည်ဖြစ်ကာ ယင်း အတွက် အခကြေးငွေရယူမည် ဖြစ်သည်။ သို့သော်အဆိုပါ ငွေ ကြေးပမာဏကို ချွန်က ထုတ်ဖော်မပြောပေ။
ရွှေဈေးကွက်ထူထောင်ရေး မြန်မာနိုင်ငံမှ စည်းမျဉ်းသတ်မှတ် မှု ခွင့်ပြုချက်ယူရန် လိုအပ်မည် ဖြစ်ကာ ရွှေစတော့ဈေးကွက်ရှယ် ယာရှင်များနှင့် ဖွဲ့စည်းပုံကို ဈေး ကွက်အဖွဲ့က တွက်ချက်မည် ဖြစ် သည်။
ဟောင်ကောင်ရွှေစတော့ ဈေးကွက်ကို ၁၉၁၀ က စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုသည် နိုင်ငံရပ်ခြားတွင် ချဲ့ထွင်ရေး ပထမခြေလှမ်းဖြစ် သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com