၂၀၁၇ ရဲ့ ဧပြီလကတော့ ကုန်ဆုံးတော့မှာပါ။ဒီတစ်လတာအတွင်းမှာတော့ အိမ် ခြံ မြေ ဈေးကွက်ဟာ ယခင်လများနည်းတူ အငှားဈေးကွက်သာ အားကောင်းနေခဲ့ပါတယ်။ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ အငှာေးဈးကွက်ဟာ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အရောင်းဈေးကွက်ကတော့ ၂၅ ရာခိုင်နှုန်းပဲရှိတဲ့ အငှာဈေးကွက်က ဦးဆောင်နေခဲ့ပါတယ်။ယခုလရဲ့ တစ်လတာ ဈေးကွက်အနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီလထဲမှာတော့ တိုက်ခန်းတွေအငှားအတော်ဖြစ်ခဲ့တယ်။တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ကတော့ နည်းတယ်။ဘယ်လိုနေရာတွေမှာဖြစ်သလဲဆိုရင်တော့ Developed Area တွေပေါ့။
Developed area ကလည်း Downtown တွေမှာဘဲရှိတော့ လှည့်ဖြစ်နေတာပေါ့။အရောင်းအဝယ်ကတော့
downtown မှာ မဖြစ်သလောက်ပဲလို့ပြောရမှာဘဲ ဖြစ်ပါတယ်။
"" Down Town Area""
ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ မရှိသလောက်အားနည်းနေခဲ့ပါတယ်။အငှားပိုင်းဈေးကွက်မှာ သင်္ကြန်လွန်ကာလတွေဟာ ပိုမိုအငှားသွက်ခဲ့ကြောင်းလည်း အခြေစိုက်အကျိုးဆောင်တွေထံကသိရပါတယ်။
"" စီမံကိန်း ဧရိယာ များ""
စီမံကိန်း မြေဧရိယာတွေကတော့ မျှော်လင့်ချက်ထားလို့ကောင်းတဲ့အတွက် အရောင်းအဝယ်ပုံမှန်အနေအထားမှာရှိနေပါတယ်။လတ်တလော အဖြစ်များတဲ့ စီမံကိန်း မြေဧရိယာတွေကတော့ ကော့မှုး၊ ကွမ်းခြံကုန်း ၊ တိုက်ကြီး အစရှိတဲ့မြေနေရာတွေဟာ အရောင်းအဝယ်ပုံမှန်ဖြစ်ထွန်းနေပြီး ရေရှည်ရင်းနှီးမြုပ်နှံလိုသူတွေမျက်စိကျနေတယ်လို့သိရပါတယ်။မြို့သစ်စီမံကိန်း ဖော်ဆောင်မှုနဲ့ပတ်သက်ပြီး ငြိမ်လှုပ်နေတာကြောင့်ထပ်မံ ရင်းနှီးမြုပ်နှံသူ နည်းသွားတာကိုတွေ့ရပါတယ်။သို့သော် ဒဂုံအရှေ့မှာ အရံမြို့သစ်ဖော်မယ်ဆိုတဲ့ သတင်းစကားတွေကြောင့် ယင်းနေရာတွေမှာတော့ အတန်ငယ်အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်းသိရပါတယ်။
တောင်ဥက္ကလာမြို့နယ်
တောင်ဥက္ကလာမြို့နယ်ထဲမှာတော့ အိမ် ၊ မြေ အရောင်း အငှားတွေအတော်အသင့်ကောင်းမွန်ခဲ့တယ်လို့သိရပါတယ်။အရောင်း အဝယ်ပိုင်းမှာ သိန်းထောင်ချီမြေကွက်တွေ၊ လမ်းမတန်း နဲ့ ထောင့်ကွက်တွေ အတော်အတန် အမေးများခဲ့သလို အလုပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုပေမယ့် ဈေးနှုန်းကို လျှော့ချရောင်းခဲ့တဲ့ အကွက်တွေပဲဖြစ်ခဲ့တာလို့လည်း တောင်ဥက္ကလာ အခြေစိုက် အကျိုးဆောင်များက ပြောပြပါတယ်။မြောက် ဥက္ကလာမှာတော့ အထပ်မြင့်အချို့ အရောင်း အဝယ်ရှိခဲ့သလို အငှားအားကတော့ အခြားမြို့နယ်များနည်းတူ အားကောင်းခဲ့တယ်လို့သိရပါတယ်။
ရန်ကင်း၊ဗဟန်း
ဒီ မြို့နယ်တွေကတော့ မြေနေရာ အတော်များများကျန်ရှိနေသေးတာကြောင့် အရောင်းအဝယ်ဖြစ်မှုရှိနေပါတယ်။အငှား အားကောင်းသလို အရောင်းအဝယ်ပိုင်းမှာလည်း အတန်အသင့်ကောင်းမွန်ကြတယ်လို့ သိရပါတယ်။ဝယ်ယူသူအများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေကို အဓိကထားဝယ်ယူကြတယ်လို့သိရပါတယ်။
စက်မှုဇုန်
ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းပေါ်ပေါက်လာပြီးတာနဲ့အမျှ ဘယ်အချိန်ဈေးတက်မလဲ စောင့်ကြည့်နေရတဲ့ မြေနေရာတွေဖြစ်ပါတယ်။လက်ရှိမှာ ပြည်ပInvestor တွေ အင်တိုက်အားတိုက် ဝင်မလာသေးပေမယ့် စက်မှုဇုန်မြေနေရာ ပိုင်ဆိုင်ထားသူတွေကတော့ ဈေးနှုန်းသတ်မှတ်ချက်ကို သိန်းထောင် ဂဏန်းကနေ သောင်း ဂဏန်းလောက်အထိ ခေါ်ဆိုနေကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲပဲဖြစ်ပါတယ်။
ဒဂုံလေးမြို့နယ်
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်သလို အငှားလည်းအားကောင်းေ နပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး အငှားပိုင်းမှာတော့ တစ်သိန်း မှ ၁၂ သိန်း ဝန်းကျင်တွေ အလွှာလိုက် အားကောင်းနေတယ်လို့ သိရပါကြောင်း ယခုတစ်လတအတွက် တင်ပြရေးသားလိုက်ရပါတယ်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com