မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေကြမ်း ပေါ်ပေါက်လာရေးအတွက် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့
ခြောက်ရက်တာလေ့လာရေး ခရီးစဉ်သွားရောက်မည်ဟု မြန်မာနိုင်ငံအိမ် ခြံ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
""အဓိက သွားမယ့်အကြောင်းကတော့ ဗီယက်နန်နိုင်ငံမှာ အိမ် ခြံ မြေ ဈေးကွက်နဲ့ ၊ အိမ် ခြံ မြေ ဥပဒေတွေကို သွားလေ့လာတာပါ။ ပီယက်နမ်အိမ်ခြံမြေဥပဒေက
လက်ရှိဆရာတို့မြန်မာနိုင်ငံအနေထားနဲ့အတော်လေးကိုက်ညီတာတွေလေ့လာသုံးသတ်မိတဲ့အတွက်အများကြီးအကျိုးရှိလိမ်မယ်လို့ ယုံကြည်ပါတယ်""ဟု မြန်မာနိုင်ငံ
အိမ် ခြံ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒုတိယဥက္ကဌ ဖြစ်သူကပြောပြသည်။
ယင်း အိမ် ခြံ မြေ ဥပဒေအရေး ဗီယက်နမ်နိုင်ငံသို့ သွားရောက်လေ့လာမည့် ခရီးစဉ်သည် ခြောက်ရက်တာကြာမြင့်မည်ဖြစ်ကာ ဧပြီလ ၂၄ ရက်တွင် စတင်ထွက်ခွာသွားမည်ဟုသိရသည်။အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံ အိမ် ခြံ မြေ လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူ ခြောက်ဦး ၊ ဥပဒေကြမ်းကော်မတီမှ နှစ်ဦး နှင့်
ဥပဒေ ပညာရှင် နှစ်ဦးစုစုပေါင်း ဆယ်ဦးခန့်သွားရောက်လေ့လာမည်ဖြစ်သည်။
လက်ရှိအချိန်ကာလတွင် မြန်မာနိုင်ငံ၌ အိမ် ခြံ မြေ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဥပဒေတစ်စုံတစ်ရာမရှိသေးခြင်းကြောင့် ပြည်တွင်း အိမ် ခြံ မြေ အသိုင်းအဝိုင်းမှ အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေကြမ်းတစ်ရပ်ပေါ်ပေါက်လာရေးကြိုးပမ်းလျက်ရှိကြသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com