အိမ် ခြံ မြေ သည် မည်သည့်အရာဖြင့်မဆို ၊ မည်သည့် ရင်းနှီးမြုပ်နှံမှုနှင့်မဆို သက်ဆိုင်ပေသည်။လက်ရှိ အိမ် ခြံ မြေ ဈေးကွက်သည် အရောင်းအဝယ်အပိုင်းတွင် အနှုတ်လက္ခဏာဆောင်နေသည်။ရေနစ်သူများအတွက် ကောက်ရိုးတစ်မျှင်သည် အားကိုးရာဖြစ်သည်ဟူသော ဆိုရိုးရှိသည်။
အိမ် ခြံ မြေ လောကသားတို့သည်
အိမ် ခြံ မြေ ဈေးကွက်ပြန်လည် ကောင်မွန်လာရေးအတွက် ရရှိလာသော အချက်များကို အခြေခံကာ မျှော်လင့်ထားကြသည်။
အိမ် ခြံ မြေ ဈေးကွက်အေးစက်နေမှုကို လတ်တလောကယ်တင်နိုင်မည့် အရာများသည်စီမံကိန်းနယ်ပယ်များဖြစ်သည်။မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို စီမံကိန်း အသံကြားသည်နှင့် ထိုနေရာများ
သည် အရောင်းအဝယ်သွက်လေ့ရှိသည်။ထို့ပြင် ဈေးနှုန်းအရလည်း တက်လေ့ရှိသည်။ယင်းကဲ့သို့သော အခြေအနေတစ်ရပ်ကြောင့် ရေတိုကုထုံးတစ်ခုအနေဖြင့်အိမ် ခြံ မြေ လောကသားများသည်
စီမံကိန်းကို မျှော်လင့်တတ်ကြသည်။
ယခုအခါ ၎င်းတို့မျှော်လင့်ချက်သည် တစ်မျိုးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ယခင်အစိုးရလက်ထက် အတည်ပြုရန်ကျန်ရှိခဲ့သော ရင်းနှီးမြုပ်နှံမှုဥပဒေအား အိမ် ခြံ မြေ လောကသားများမျှော်လင်ချ့က်ထားလာကြသည်။နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးစနစ် အားကောင်းရန်အတွက် ပြည်တွင်းရင်းနှီးမြုပ်နှံသူများလိုအပ်သကဲ့သို့ ပြည်ပမှလာရောက်ရင်းနီးမြုပ်နှံသူများလည်းလိုအပ်ပေသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးသည့်နောက်ပိုင်း ကမ္ဘာမှ အာရုံစိုက်
လာသော မြန်မာနိုင်ငံတွင် လာရောက်မြုပ်နှံရန်အတွက် နိုင်ငံတကာနိုင်ငံအချို့မှ စိတ်ဝင်စားလာကြသည်။သို့သော်
ခိုင်မာသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတစ်ရပ်မရှိသဖြင့် အခြေအနေအားစောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုအစိုးရသစ်လက်ထက်တွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေသည် စတင်သက်ဝင်လာပြီုဖြစ်သည်။ယင်းကဲသို့ သက်ဝင်လာသည်နှင့်အမျှ
အိမ် ခြံ မြေ လောကသားတို့သည် ယင်းဥပဒေအပေါ် မူတည်ကာ အိမ် ခြံ မြေ ဈေးကွက်ပြန်လည်ကောင်းမွန်လာရေးအတွက်မျှော်လင့်လာကြခြင်းလည်းဖြစ်သည်။
""အဘယ်ကြောင့် မျှော်လင့်ကြသနည်း""
အခြေခံ အကြောင်းရင်းကား မည်သည့်ရင်နှီးမြုပ်နှံမှုမျိုးတွင်မဆို အခြေခံ လိုအပ်ချက်သည် မြေနေရာဖြစ်သည်။
ယင်းကြောင့် အိမ် ခြံ မြေ လောကသားများအတွက်
ရင်းနှီးမြုပ်နှံမှုဥပဒေသည် အပေါင်းလက္ခဏာဆောင်သည့် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာရခြင်းဖြစ်သည်။သို့သော် ရင်းနှီးမြုပ်နှံမှုပေါ်ပေါက်ရုံဖြင့် အိမ် ခြံ မြေ ဈေးကွက်ပြန်လည်ဦးမော့နိုင်မည်လားဟူသော မေးခွန်းအတွက်မူ အငြင်းဝါကျသာ ဖြေဆိုရမည်ဖြစ်သည်။
လက်ရှိတွင် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးမှ ရင်းနှီးမြုပ်နှံမှုဥပဒေအားအတည်ပြုနိုင်ခဲ့ကြောင်းပြောကြားခဲပြီးဖြစ်သည် ။သို့သော် ယင်းဥပဒေ၏ နည်းဥပဒေထွက်ပေါ်ခြင်းရှိ မရှိကားမသိရသေးပေ။ထို့ပြင် လက်ရှိနိုင်ငံ၏ အခြေခံ
အဆောက်အအုံအနေအထားမှာ ပြည့်စုံလုံလောက်ခြင်းမရှိသေးခြင်း အစရှိသည်တို့ကလည်း လာရောက်ရင်းနှီးမြုပ်နှံလိုသူများအတွက်အဟန့်အတားဖြစ်စေသည်။
ယင်း အခြင်းအရာများကြောင့်ရင်းနှီးမြုပ်နှံမှဆိုင်ရာ ဥပဒေပေါ်ထွက်သည်ဆိုသော်ငြား လတ်တလော အလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
""ဒီ ဥပဒေ က ထွက်ပြီဆိုလည်း လက်ငင်းကြီးတော့ ချက်ချင်း
အိမ် ခြံ မြေ ဈေးကွက်ကို အထောက်အကူပေးနိုင်မှာ မဟုတ်သေးဘူး။ဒါပေမယ့် စီမံကိန်းကိုမျှော်ရတဲ့ ဘဝထက် ဒီလိုခိုင်မာတဲ့ ဥပဒေ နဲပြည့်စုံလုံလောက်တဲ့ အခြေခံ အဆောက်အအုံတွေရှိလာပြီဆိုရင်
အိမ် ခြံ မြေ က ခေါင်းထောင်နိုင်မှာ အသေအချာပါဘဲ။နောက်ပြီး တစ်ဆက်တည်းဖြစ်တဲ့ ကွန်ဒိုဥပဒေတွေဘာတွေပါ အတည်ပြုပြီးရင်တော့
အိမ်ခြံမြေဈေးကွက်ကတော်တော်အားကောင်းသွားမှာပါ။
ဘယ်လိုရင်းနှီးမြုပ်နှံမှုဘဲလာလာ အိမ် ခြံ မြေ ကို ကျော်သွားလို့မရတာမို့ ခုလက်ရှိ ဥပဒေဟာ နိုင်ငံအတွက်ရော ၊အိမ် ခြံ မြေ လောကအတွက်ရော လားရာကောင်းတစ်ခုဆိုတာကိုတော့ ငြင်းလို့မရဘူး။""ဟု အိမ် ခြံ မြေ အရေးလေ့လာသူတစ်ဦးကဆိုသည်။
ယင်း ပြောဆိုချက်သည် အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအားကောင်းသော သုံးသပ်ချက်ပင်ဖြစ်သည်။ထို့ကြောင့်
လက်ရှိတွင် ရင်းနှီးမြုပ်နှံမှု ဥပဒေအားအတည်ပြုပြီး ချက်ခြင်း အိမ် ခြံ မြေ ဈေးကွက်သည် အားကောင်းလာနိုင်ချေ နည်းပါးနေသေးကြောင်း တင်ပြရေးသားလိုက်ရပါသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com