ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ပေါ်မှုအပိုင်းတွင်
လက်ရှိအချိန်အထိ တည်ဆောက်ရန် အတည်မပြုရသေးခြင်းကြောင့် အကယ်၍မတည်ဆောက်ဖြစ်ပါက ယင်းနေရာများ၌ မြေယာရင်းနှီးမြုပ်နှံထားသူများမှာ နစ်နာမှုများဖြစ်ပေါ်နိုင်သော်လည်း သွားရောက်ရင်းနှီးမြုပ်နှံထားသည့် အရေအတွက်မှာ အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံလေ့ရှိသူ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း စုံစမ်းသိရသည်။
""တကယ်လို့ စီမံကိန်းမဆောက်ဖြစ်တော့ဘူးဆိုရင်တော့ သွားပြီး ဝယ်ယူရင်းနှီးမြုပ်နှံထားတဲ့သူတွေ ထိခိုက်နစ်နာနိုင်တာပေါ့။ရာခိုင်နှုန်းအရတော့ တော်တော်နည်းပါတယ်။တကယ်သွားရင်းနှီးမြုပ်နှံထားတာက
အိမ် ခြံ မြေ လောကရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။""ဟု ပြည်တွင်း
အိမ် ခြံ မြေ အကျိုးဆောင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
သို့သော် အိမ် ခြံ မြေ အရေးလေ့လာသူများကမူ မြို့သစ်တစ်ခုအမှန်တကယ်ဖော်ဆောင်သင့်ကြောင်း ထောက်ပြပြောဆိုထားကြသည်။
""မြို့သစ်စီမံကိန်းကလိုအပ်တယ်။ဘာကြောင့်လဲဆိုရင်
မြို့ဟောင်းက တော်တော်ကိုဟောင်းနွမ်းနေပြီလေ။
အင်္ဂလိပ်ခေတ်ထဲက အဆောက်အဦးတွေနဲ့ဆိုတော့တော်တော်ဟောင်းနေပြီ။
မြေအောက်ရေပိုက်လိုင်းတွေဆိုလည်း အဆင်မပြေမှုတွေများလာတော့ မိုးနည်းနည်းရွာရင်ရေကလျှံချင်နေပြီ။လျှပ်စစ်ဓာတ်အားလိုင်းတွေဆို
လည်း တော်တော်ဟောင်းနေပြီပေါ့။တကယ်အဆင့်မီတဲ့ မြို့သစ်တစ်ခုဖော်ဆောင်သင့်နေပြီ။
တကယ်လို့ မြို့သစ်ဟာ စနစ်တကျဖြစ်ရင် အကုန်လုံးကပြောင်းချင်ကြမှာဘဲ။မြို့ဟောင်းကဈေးတွေလည်း
ကျသွားနိုင်တယ်။""ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဖြစ်သူမှ
သုံးသပ်ပြောပြသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com