မြောက်ကိုရီးယားနိုင်ငံတွင် အကျော်ကြားဆုံးနှင့် အထင်ရှားဆုံးဇိမ်ခံဟိုတယ်ကြီးဖြစ်သော ကော်ယိုကို ၁၉၈၀ ပြည့်လွန်ကာလများ၏ ဆိုဗီယက်ဟန်များမှ ယနေ့ခေတ်ဟန် ပြန်လည်မွမ်းမံမှုများ အပြီးသတ်ခဲ့ပြီဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင်
ဖော်ပြသည်။ကော်ယိုဟိုတယ်ကြီးသည် အမြွှာအဆောက်အအုံဖြစ်ပြီး ပြုံယမ်းမြို့တော်၏ မြို့လယ်တွင် တည်ရှိသည်။
ယင်းဟိုတယ်၏ အထပ် ၃ ထပ်ကို မွမ်းမံမှုများပြုလုပ်နေခဲ့ခြင်းကြောင့် လပေါင်းများစွာ ဟိုတယ်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဧည့်သည်များအတွက် အိပ်ခန်းများကိုမူ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။
ယခုအချိန်တွင် ဟိုတယ်အတွင်း ဝင်လာသူတစ်ဦးအနေဖြင့် တောက်ပခေတ်မီသော ဒီဇိုင်းဟန်ပန်များကို တွေ့မြင်ရမည်ဖြစ်ပြီး ဆိုဗီယက်ခေတ်အသွင်နှင့် များစွာကွာခြားသွားပြီဖြစ်သည်ဟုလည်း ဆိုသည်။
ကော်ယိုဟိုတယ်ကို ၁၉၈၅ ခုနှစ်တွင် ကင်အီဆွန်း၏ ညွှန်ကြားချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဟိုတယ်ကို တိုင်းပြည်၏ ခွန်အားနှင့် ခေတ်မီမှုတို့၏ ပြယုဂ်တစ်ခုဖြစ်စေရန် ကင်အီဆွန်းက လိုလားခဲ့သည်။
ယင်းဟိုတယ်သည် မြောက်ကိုရီးယားထိပ်တန်းအာဏာပိုင်များ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များနှင့် ငွေကုန်ကြေးကျ ခံနိုင်သူတို့အကြား ရေပန်းစားသည့်နေရာတစ်ခုဖြစ်သည်။
ကော်ယိုဟိုတယ်တွင် ကက်ပက်ချီနိုကော်ဖီတစ်ခွက်လျှင်
ကန်ဒေါ်လာ ၇ ဒေါ်လာခန့် ပေးရပြီး ဈေးအနည်းဆုံးအခန်းမှာ
တစ်ညလျှင် ကန်ဒေါ်လာ ၁၂၀ ဖြစ်သည်ဟု ဆိုသည်။
ပြုံယမ်း၏ ဘူတာကြီးအနီးတွင် တည်ရှိပြီး စာအုပ်ဆိုင်တစ်ဆိုင်
လည်းပါဝင်ရာ မြောက်ကိုရီးယားတွင် ရှားရှားပါးပါးတွေ့နိုင်
သည့် စာအုပ်ဆိုင်ဖြစ်သည်။
ကော်ယိုဟိုတယ်အပြင် ပြုံယမ်းတွင် ၄၇ ထပ်အမြင့်ရှိ
ယန်ဂက်ဒိုဟိုတယ်၊ ၁၀၅ ထပ်အမြင့်ရှိ ပိရမစ်ပုံ ရူဂျောင်ဟိုတယ်
တို့လည်း ရှိသည်။ရူဂျောင်ဟိုတယ်မှာ ဆောက်လုပ်လျက်ရှိသည်
မှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယနေ့တိုင်
ဖွင့်လှစ်နိုင်ခြင်း မရှိသေးချေ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)